22-Nov-2020 နံနက်ခင်း သတင်းများ
0-Getty-Images-1229470193
IMAGE: GOAL
[UNICODE] ⚽ မန်ယူအသင်းက ပြီးခဲ့တဲ့ နွေမှာ ဆန်ချို ကို လက်လွှတ်လိုက်ရပေမယ့် စူပ အေးဂျင့် ဖြစ်တဲ့ ဂျော့ မန်ဒက်စ် က အန်ဆူ ဖာတီကို မန်ယူအသင်းကို ခေါ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကိုရိုနာကပ် ဆိုးကြောင့် စီးပွားကပ်ဆိုက်တဲ့ ဘာစီလိုနာ အသင်း ဆီက အန်ဆူဖာတီ ကို မန်ဒက်စ် က ယူရို သန်း ၁၅၀ တန်ဖိုးရှိတဲ့ စာချုပ် နဲ့ ခေါ်ဆောင်လာဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာ အသင်းက ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်ခဲ့တာပါ။
darwin-nunez-e-everton-cebolinha-lech-poznan-benfica-europa-league-22102020-1rukahp6efubh1wei5xnixgc
IMAGE: GOAL
⚽ မန်စီးတီး အသင်းက လာမယ့် နွေမှာ တိုက်စစ်မှူး အသစ် ရှာဖွေဖို့က ဂွာဒီယိုလာ ရဲ့ ပထမ ပစ်မှတ် ဖြစ်တယ်လို့ဆိုပါတယ်။ အဂူရိုက စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဘင်ဖီကာ တိုက်စစ်မှူး ဖြစ်တဲ့ ဒါဝင် နူနက်စ် ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒီကစားသမား အတွက် ဘင်ဖီကာ က ယူရို သန်း ၁၂၀ အလိုရှိတယ်တဲ့။
LONDON-ENGLAND-NOVEMBER-08-Arsenal-manager-Mikel-Arteta-during-the-Premier-League-match-between-Arse
IMAGE: GOAL
⚽ ဆီဘာလော့စ့် နဲ့ ဒေးဗစ် လုဇ်တို့ ရန်ဖြစ်တာ မီဒီယာ အပေါ် ပေါက်ကြားမှု နဲ့ ပတ်သက်ပြီး အာတီတာက စိတ်ဆိုး ဒေါသထွက်နေသလို ဒီလို လျှို့ဝှက်အပ်တဲ့ သတင်းကို ဖြန့်တဲ့လူကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ တုန့် ပြန်ပြောကြားလိုက်ပါတယ်။
klopp-challenges-liverpool-youngsters-follow-hummels-and-subotic-dortmund-example-7-g0mlxqhyan5j1kjs
IMAGE: GOAL
⚽ နောက်တန်း ပြသနာ တွေနဲ့ ရင်ဆိုင်ရနေတဲ့ ယာဂင် ကလော့က သူ့ လူငယ် နောက်တန်း ကစားသမားတွေ ကို သူ့ဒေါ့မါန်က ကစားသမား ဟောင်းတွေ ဖြစ်တဲ့ မက်ဟမ်းမဲလ် နဲ့ ဆူဘိုတစ် တို့ကို အတုယူဖို့ ပြောကြားလိုက်ပါတယ်။
ibrahimovic-could-play-on-one-leg-until-50-totti-hails-milan-superstar-7-1oq3die78g0jr1l0r1qhx37lxv
IMAGE: GOAL
⚽ ရိုးမား ကစားသမားဟောင်းကြီး ဖြစ်တဲ့ ဖရန်စကို တော့တီကတော့ အသက် ၃၉ နှစ်ရှိပေမယ့် ဘောလုံး ကစားပြီး ဂိုးသွင်း ခြေစွမ်းပြနေတဲ့ အီဘရာဟမ် မိုဗစ်က အသက် ၅၀ အထိ ခြေတစ်ဖက်ထဲ နဲ့လည်း ဘောလုံး ကစားနိူင်တဲ့ ဂြိုလ်သားဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်ပါတယ်။
Georginio-Wijnaldum
IMAGE: GOAL
⚽ အင်တာမီလန် အသင်းက လာမယ့် ဇန်နဝါရီကျရင် ကစားသမား အသစ်များကို ထပ်မံ ခေါ်ယူချင်နေတာဖြစ်ပြီး လီဗာပူး အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ဝှိုက်နဲလ်ဒမ် ကို ဒီလာမယ့် ဇန်နဝါရီကျရင် အကြို သဘောတူညီမှု ရရှိဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
1599189-matteo-lovato-il-gioiello-dellhellas-verona-che-ha-gia-conquistato-la-serie-a-scaled
IMAGE: GOAL
⚽ အေစီမီလန် အသင်းက ဟဲလ်လက်စ် နောက်ခံ လူ မက်တီယို လိုဗာတိုကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ပြောင်းဖို့ စိတ်ဝင်စားနေတယ်တဲ့။
wayne-rooney-manchester-united-newcastle-chelsea-ydw9qqrw5wj817p9gpmktl7hz
IMAGE: GOAL
⚽ မန်ယူအသင်းက ဝိန်းရွန်းနီ ကတော့ ၂၀၁၄ တုန်းက အဲဗာတန် ကနေ မန်ယူကို မပြောင်းခင် အဲဗာတန် က ချဲလ်ဆီး ပြောင်းစေချင်ခဲ့တယ်လို့ ဆိုပါတယ်။ သူက မန်ယူအသင်းကို သာပြောင်းချင်နေပြီး မန်ယူ အသင်း ကမ်းလှမ်းမှု နှောင့်နှေးခဲ့ရင် ချဲလ်ဆီး ဒါမှမဟုတ် နယူးကာဆယ်ကိုရောက်ဖို့ ရှိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။
0-Getty-Images-1229470193
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
⚽ ရိုးမား ကစားသမားဟောင်းကြီး ဖြစ်တဲ့ ဖရန်စကို တော့တီကတော့ အသက် ၃၉ နှစ်ရှိပေမယ့် ဘောလုံး ကစားပြီး ဂိုးသွင်း ခြေစွမ်းပြနေတဲ့ အီဘရာဟမ် မိုဗစ်က အသက် ၅၀ အထိ ခြေတစ်ဖက်ထဲ နဲ့လည်း ဘောလုံး ကစားနိုင်တဲ့ ဂြိုလ်သားဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်ပါတယ်။
Georginio-Wijnaldum
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!