21-Nov-2020 ညနေခင်းသတင်းတိုများ

[UNICODE]

martin-odegaard-real-madrid-2020-21-1gjdq1mx5rtsq1rxyhwv66aydz

⚽ လက်ရှိမန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နော်ဝေးကွင်းလယ်ကစားသမား အိုဒီဂတ်ကို ခေါ်ယူလိုခဲ့တယ်လို့ သိရပါတယ်။

2940362-60363208-2560-1440

⚽ ရိုးမားနောက်ခံလူ စမောလင်းက မန်ယူအသင်းကနေ ထွက်ခွာခဲ့ရတဲ့အခြေအနေဟာ အလွန်စိတ်ပျက်ဖွယ်ကောင်းပြီး မန်ယူအသင်းက မိမိအပေါ် မလေးမစား ပြုမူခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

1284641762-0

⚽ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား အစ္စကိုဟာ အရန်ခုံမှာသာ အချိန်ကုန်နေရတဲ့ အခြေအနေအပေါ် သည်းခံနိုင်စိတ် ကုန်ဆုံးနေပြီး လာမယ့်အပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

FILE-PHOTO-Europa-League-Quarter-Final-Wolverhampton-Wanderers-v-Sevilla

⚽ ဝုဗ်နည်းပြ နူနိုဆန်တိုက မိမိအသင်းရဲ့ တိုက်စစ်မှူး ထရာအိုရေးဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း ၊ သူပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေတာကိုပဲ မြင်တွေ့လိုကြောင်း ပြောကြားလိုက်ပါတယ်။

us-sassuolo-v-hellas-verona-serie-a-scaled

⚽ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုဟာ ယခင်က လိုင်ယွန်ကွင်းလယ်လူ အော်ဝါကို အလိုရှိခဲ့ပေမယ် ယခုအခါမှာတော့ ဆက်ဆူအိုလိုအသင်းရဲ့ ကွင်းလယ်ကစားသမား လိုကာတယ်လီကို ပြောင်းလဲပစ်မှတ်ထားလာနေပါတယ်။

NINTCHDBPICT000618249968

⚽ လီဗာပူးနည်းပြ ကလော့ပ်က အီဂျစ်အတွက် မကစားပေးမီ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်သွားရောက်ပြီး ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ တိုက်စစ်မှူး ဆာလတ်အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

firo-24-10-2020-Fuball-Fussball-1-Bundesliga-Saison-2020-21-BVB-Borussia-Dortmund-FC-Schalke-04-Tor

⚽ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဟာလန်းဟာ ၂၀၂၀ ခုနှစ်အတွက် Golden Boy Award ဆုကို အန်ဆူဖာတီ ၊ အဖွန်ဆိုဒေးဗီးစ်တို့ကို ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။

Milik-Napoli-esulta-dito-2019-201-1400x840

⚽ အင်တာမီလန်အသင်းဟာ နာပိုလီတိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လိုအပ်ပါက ကွင်းလယ်ကစားသမား ဗီစီနိုကို အလိုက်ပေးကမ်းလှမ်းဖို့ အသင့်ဖြစ်နေပါတယ်။

[ZAWGYI]

martin-odegaard-real-madrid-2020-21-1gjdq1mx5rtsq1rxyhwv66aydz




1284641762-0














အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!