21-Nov-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

1176824-1176824-man-utd-west-brom-premier-league-preview-squawka-bet

⚽ မနက်ဖြန်မနက် (၂း၃၀) အချိန်မှာတော့ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ဧည့်ခံကစားသွားရတော့မှာပါ။ ဝက်စ်ဘရွန်းရဲ့ပုံစံက အားရစရာမရှိဘဲ ဒီအတိုင်းဆိုရင် တန်းဆင်ရဖို့ များနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ နိုင်ပွဲပြန်ရခဲ့တဲ့ မန်ယူတို့ ထုံးစံအတိုင်း နိုင်ပွဲဆက်နေဦးမှာပါ။ အိုးထရက်ဖို့ဒ်မှာ မန်ယူဂိုးမိုးရွာတာကို မြင်ရပါဦးမယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်ယူ ၃-၀ ဝက်စ်ဘရွန်း

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ ဆန်ချိုဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်ကနေ ထွက်ခွာချင်နေကြောင်း သိရပါတယ်။ မန်ယူကလည်း သူ့ကို ယူရို ၂၀၂၁ ပြိုင်ပွဲမတိုင်ခင် ခေါ်ယူဖို့ စီစဉ်နေတာပါ။

0-Getty-Images-1254242926-1

⚽ မန်ယူကွင်းလယ်လူ ဖရက်ဒ်ကတော့ သူတို့အနေနဲ့ အိုးထရက်ဒ်ဖို့ ပြိုင်ဘက်တွေ ကြောက်ရွံ့လာအောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အိမ်ကွင်းရလဒ်ကောင်းဖို့ပါ။ အိုးထရက်ဖို့ဒ်ဟာ ပြိုင်ဘက်တွေ ကြောက်ရွံ့ရတဲ့နေရာ ဖြစ်ဖို့လိုပါတယ်”လို့ ဖရက်ဒ်က ဆိုခဲ့တာပါ။

Manchester-United-s-English-striker-Marcus-Rashford-gestures-during-the-English-Premier-League-footb

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပခုံးဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်အနေနဲ့ ဝက်စ်ဘရွန်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

⚽ ပေါ့ဘာ ကတော့ မန်ယူအသင်း မှာ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်သွားမှာ ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ ကြံစဉ်နေတယ်လို့ The Athletic က ဖော်ပြလိုက်ပါတယ်။ ပေါ့ဘာက ဒီရာသီမှာ မန်ယူမှာ ခြေစွမ်းပြဖို့ ရုန်းကန် နေရတာကြောင့် ဆိုးရှားရဲ့ အရံခုံပို့ခြင်းကိုလည်း မကြာခဏ ခံနေရသူလည်းဖြစ်ပါတယ်။

⚽ မန်ယူတိုက်စစ်မှူးဟောင်း အိုဝင်ကတော့ ပေါ့ဂ်ဘာကို အရန်ခုံဆက်ထိုင်ခိုင်းထားရင် အသင်းပြောင်းရွှေ့သွားနိုင်ချေ ရှိနေကြောင်း သုံးသပ်သွားခဲ့ပါတယ်။ “ပေါ့ဂ်ဘာကို အရန်ခုံမှာ ထိုင်ခိုင်းထားလို့ မရပါဘူး။ ဒါဆို သူ့က အသင်းပြောင်းဖို့ စဉ်းစားပါလိမ့်မယ်”လို့ အိုဝင်က ဆိုခဲ့ပါတယ်။

0-Paul-Pogba-Didier-Deschamps-Man-Utd

⚽ မန်ယူအသင်းမှာ ပေါ့ဂ်ဘာ မပျော်ဘူးဆိုတဲ့ ဒမ့်ချက်စ်ရဲ့ မှတ်ချက်စကားကို ဆိုးလ်ရှားကတော့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ တကယ်တော့ ပေါ့ဂ်ဘာာ သူ့ရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျဖြစ်နေတာဖြစ်ကြောင်း၊ ကောင်းကောင်း မကစားနိုင်လို့ မပျော်တာဖြစ်ကြောင်း ဆိုးလ်ရှားက ဆိုခဲ့တာပါ။

>SPORT-PREVIEW-Sule-United

⚽ ဘိုင်ယန်မြူးနစ်နောက်ခံလူ နစ်ကလပ်ဆူးလ်က မိမိအနေနဲ့ ဘွန်ဒက်စ်လီဂါကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးရင်တော့ အိပ်မက်အသင်းဖြစ်တဲ့ မန်ယူမှာ သေချာပေါက် သွားကစားမှာဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

[ZAWGYI]

1176824-1176824-man-utd-west-brom-premier-league-preview-squawka-bet















အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!