21-Nov-2020 ချယ်ဆီးသတင်းတိုများ

[UNICODE]

newcastle-chelsea

⚽ ယနေ့ည(၇)နာရီမှာတော့ ချယ်ဆီးအသင်းဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားသွားရတော့မှာပါ။ နယူးကာဆယ်က ခြေစွမ်းမတည်ငြိမ်ပေမယ့် အိမ်ကွင်းပုံစံကတော့ မဆိုးဘဲ နောက်ပြီး မထင်မှတ်တာတွေလည်း ထလုပ်တတ်လေ့ရှိတဲ့အသင်းပါ။ ဒါပေမဲ့ ချယ်ဆီးက လက်ရှိမှာ ပုံစံကောင်းရနေတဲ့အသင်းပါ။ ချယ်ဆီး အနိုင်သေချာပါတယ်။ဖြစ်နိုင်ဖွယ်ရလဒ်: နယူးကာဆယ် ဝ-၁ ချဲလ်ဆီး

⚽ ချယ်ဆီးနည်းပြလမ်းပတ်က သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံး အခိုက်အတန့်တွေကို မမှတ်မိကြောင်း၊ အဲဒီလိုအရာတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အားနည်းကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က မြူးနစ်မြေက ချန်ပီယံလိဂ်အောင်ပွဲကို မမှတ်မိလို့တောင် ဇနီးဖြစ်သူက အံ့အားသင့်ယူရကြောင်း လမ်းပတ်က ဆိုခဲ့ပါတယ်။

IMAGE: BR

⚽ ချယ်ဆီးတိုက်စစ်မှူး ဂျရူးရဲ့အေးဂျင့်ကတော့ သူ့ကစားသမာဟာ အင်္ဂလန်ကနေ ထွက်ခွာဖို့ အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် ပုံမှန်ပွဲထွက်ခွင့်မရပါက သေချာပေါက် အသင်းပြောင်းမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

IMAGE: BR

⚽ နည်းပြ လမ်းပတ် ကတော့ သူ့ ကစားသမားတွေ ကျန်းမာရေးကို အလေးထားတာကြောင့် လေ့ကျင့်ခန်း ပုံစံကို ပြောင်းလဲ သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘောလုံး ကို ခေါင်းနဲ့ တိုက်တဲ့ ခြင်းက အသက်ကြီးလာရင် ကစားသမားတွေ က ဒီမန်းရှားလို့ခေါ်တဲ့ အသိဉာဏ်ဆုံးရှုံးခြင်း၊ စဉ်းစားဆင်ခြင်နိူင်မှု မရှိခြင်း စတဲ့ ရောဂါကို ခံစားရနိူင်တယ်လို့ သုသေတနက ရှာဖွေတွေ့ ရှိခဲ့တာပါ။ လက်ရှိမှာ မန်ယူ ကစားသမားဟောင်းကြီး ဘော်ဘီချာလ်တန် က ဒီရောဂါ ကြောင့် ကုသမှု ခံယူနေရတာဖြစ်ပါတယ်။

Getty-Images-1229012537

⚽ ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ်မာဆင်က ချယ်ဆီးကွင်းလယ်လူ မေဆင်မောင့်အနေနဲ့ လမ်းပတ်ရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရဘူးဆိုရင် အင်္ဂလန်အသင်းအတွက် ယူရို(၂၀၂၀)ပြိုင်ပွဲမှာ ရွေးချယ်ခံရမှာ မဟုတ်ဘူးလို့ သတိပေးသွားခဲ့ပါတယ်။

En-Rl-T2-WWMAE8-Wp-B

⚽ တံကောက်ကြော ဒဏ်ရာရရှိနေတဲ့ တောင်ပံကစားသမား ပူလီဆစ်ဟာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာပေမယ့် ယနေ့ည နယူးကာဆယ်နဲ့ပွဲကိုတော့ လွဲချော်ဦးမှာ ဖြစ်ပြီး နောက်တစ်ပတ်မှာကစားမယ့် စပါးနဲ့ပွဲမှာ ပြန်ပါနိုင်ဖွယ် ရှိပါတယ်။

1086f-16058722627688-800

⚽ ချယ်ဆီးအသင်းဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ တောင်ပံကစားသမား ပူလီဆစ်နဲ့ နောက်ခံလူ သီယာဂိုဆေးလ်ဗားလည်း ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်သက်သာလာတဲ့ ဟာဗက်စ်ကိုတော့ အရန်ခုံမှာ မြင်တွေ့ရဖွယ် ရှိပါတယ်။

IMAGE: GOAL

⚽ ချယ်ဆီးကွင်းလယ်လူ ကန်တီက ဒီရာသီမှာ နာမည်ကြီး ကစားသမားအသစ်များ ခေါ်ယူနိုင်ခဲ့ပြီး ချန်ပီယံဆုတွေကို ပိုမိုစိန်ခေါ်လာနိုင်တဲ့အပေါ် စိတ်လှုပ်ရှားနေကြောင်း ဝန်ခံသွားခဲ့ပါတယ်။

[ZAWGYI]

newcastle-chelsea

⚽ ယေန႔ည(၇)နာရီမွာေတာ့ ခ်ယ္ဆီးအသင္းဟာ နယူးကာဆယ္ကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ ကစားသြားရေတာ့မွာပါ။ နယူးကာဆယ္က ေျခစြမ္းမတည္ၿငိမ္ေပမယ့္ အိမ္ကြင္းပုံစံကေတာ့ မဆိုးဘဲ ေနာက္ၿပီး မထင္မွတ္တာေတြလည္း ထလုပ္တတ္ေလ့ရွိတဲ့အသင္းပါ။ ဒါေပမဲ့ ခ်ယ္ဆီးက လက္ရွိမွာ ပုံစံေကာင္းရေနတဲ့အသင္းပါ။ ခ်ယ္ဆီး အႏိုင္ေသခ်ာပါတယ္။ျဖစ္ႏိုင္ဖြယ္ရလဒ္: နယူးကာဆယ္ ဝ-၁ ခ်ဲလ္ဆီး

⚽ ခ်ယ္ဆီးနည္းျပလမ္းပတ္က သူ႔ကစားသမားဘဝရဲ႕ အႀကီးမားဆုံး အခိုက္အတန႔္ေတြကို မမွတ္မိေၾကာင္း၊ အဲဒီလိုအရာေတြနဲ႔ ပတ္သက္ၿပီး သူ႔အေနနဲ႔ အားနည္းေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္က ျမဴးနစ္ေျမက ခ်န္ပီယံလိဂ္ေအာင္ပြဲကို မမွတ္မိလို႔ေတာင္ ဇနီးျဖစ္သူက အံ့အားသင့္ယူရေၾကာင္း လမ္းပတ္က ဆိုခဲ့ပါတယ္။

IMAGE: BR

⚽ ခ်ယ္ဆီးတိုက္စစ္မႉး ဂ်႐ူးရဲ႕ေအးဂ်င့္ကေတာ့ သူ႔ကစားသမာဟာ အဂၤလန္ကေန ထြက္ခြာဖို႔ အဆင့္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း၊ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မတိုင္ခင္ ပုံမွန္ပြဲထြက္ခြင့္မရပါက ေသခ်ာေပါက္ အသင္းေျပာင္းမွာျဖစ္ေၾကာင္း သတိေပးခဲ့ပါတယ္။

IMAGE: BR

⚽ နည္းျပ လမ္းပတ္ ကေတာ့ သူ႔ ကစားသမားေတြ က်န္းမာေရးကို အေလးထားတာေၾကာင့္ ေလ့က်င့္ခန္း ပုံစံကို ေျပာင္းလဲ သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ေဘာလုံး ကို ေခါင္းနဲ႔ တိုက္တဲ့ ျခင္းက အသက္ႀကီးလာရင္ ကစားသမားေတြ က ဒီမန္းရွားလို႔ေခၚတဲ့ အသိဉာဏ္ဆုံးရႈံးျခင္း၊ စဥ္းစားဆင္ျခင္ႏိူင္မႈ မရွိျခင္း စတဲ့ ေရာဂါကို ခံစားရႏိူင္တယ္လို႔ သုေသတနက ရွာေဖြေတြ႕ ရွိခဲ့တာပါ။ လက္ရွိမွာ မန္ယူ ကစားသမားေဟာင္းႀကီး ေဘာ္ဘီခ်ာလ္တန္ က ဒီေရာဂါ ေၾကာင့္ ကုသမႈ ခံယူေနရတာျဖစ္ပါတယ္။

Getty-Images-1229012537

⚽ ေဘာလုံးေဝဖန္သုံးသပ္သူ ေပါလ္မာဆင္က ခ်ယ္ဆီးကြင္းလယ္လူ ေမဆင္ေမာင့္အေနနဲ႔ လမ္းပတ္ရဲ႕ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ မရဘူးဆိုရင္ အဂၤလန္အသင္းအတြက္ ယူ႐ို(၂၀၂၀)ၿပိဳင္ပြဲမွာ ေ႐ြးခ်ယ္ခံရမွာ မဟုတ္ဘူးလို႔ သတိေပးသြားခဲ့ပါတယ္။

En-Rl-T2-WWMAE8-Wp-B

⚽ တံေကာက္ေၾကာ ဒဏ္ရာရရွိေနတဲ့ ေတာင္ပံကစားသမား ပူလီဆစ္ဟာ အသင္းနဲ႔ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီျဖစ္တာေပမယ့္ ယေန႔ည နယူးကာဆယ္နဲ႔ပြဲကိုေတာ့ လြဲေခ်ာ္ဦးမွာ ျဖစ္ၿပီး ေနာက္တစ္ပတ္မွာကစားမယ့္ စပါးနဲ႔ပြဲမွာ ျပန္ပါႏိုင္ဖြယ္ ရွိပါတယ္။

1086f-16058722627688-800

⚽ ခ်ယ္ဆီးအသင္းဟာ နယူးကာဆယ္နဲ႔ ရင္ဆိုင္ရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေတာင္ပံကစားသမား ပူလီဆစ္နဲ႔ ေနာက္ခံလူ သီယာဂိုေဆးလ္ဗားလည္း ပါဝင္ႏိုင္မွာ မဟုတ္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္မွ ျပန္လည္သက္သာလာတဲ့ ဟာဗက္စ္ကိုေတာ့ အရန္ခုံမွာ ျမင္ေတြ႕ရဖြယ္ ရွိပါတယ္။

IMAGE: GOAL

⚽ ခ်ယ္ဆီးကြင္းလယ္လူ ကန္တီက ဒီရာသီမွာ နာမည္ႀကီး ကစားသမားအသစ္မ်ား ေခၚယူႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုေတြကို ပိုမိုစိန္ေခၚလာႏိုင္တဲ့အေပၚ စိတ္လႈပ္ရွားေနေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!