21-Nov-2020 Tea-Break သတင်းတိုများ

[UNICODE]

IMAGE: GOAL

⚽ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အသင်းရဲ့ နောက်တန်းကို ဖြေရှင်းဖို့အတွက် စဉ်းစားရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

fe01bd9e-b373-11e9-868d-4ef5d7d65174-web-scale-0-1408451-0-1408451

⚽ ဒါပေမယ့်လည်း လီဗာပူးအနေနဲ့ အေစီမီလန်ပစ်မှတ်ဖြစ်တဲ့ အေဂျက်ဇ်အသင်းရဲ့ အသက်(၂၀)အရွယ် နယ်သာလန်နောက်ခံလူ ပါရှုအာကို ပေါင်(၂၆.၇)သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

0-Getty-Images-941528268

⚽ အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ လာမယ့်အပြောင်းအရွှေ့မှာ တပည့်ဟောင်းတွေဖြစ်တဲ့ ရီးရဲလ်ကွင်းလယ်လူ အစ္စကိုနဲ့ ဂျူဗီကွင်းလယ်လူ ခီဒီရာတို့ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းများဟာ ကောလဟာလမျှသာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

granit-xhaka-cropped-granit-xhaka-cropped-dpk5odawcig21g5l7rvisaecm

⚽ အာဆင်နယ်အသင်းရဲ့ အသက်(၂၈)နှစ်အရွယ် ဆွစ်ဇာလန်ကွင်းလယ်လူ ဇာခါက လာမယ့်ဇန်နဝါရီမှ အာဆင်နယ်ကို စွန့်ခွာပြီး အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိကြောင်း ဆိုလိုက်ပါတယ်။

https-cdn-cnn-com-cnnnext-dam-assets-200928090648-messi

⚽ မန်စီးတီးကွင်းလယ်ကစားသမားဟောင်း ဆင်ကလဲယားက မန်စီးတီးဟာ နည်းပြ ဂွာဒီယိုလာကို စာချုပ်သက်တမ်း တိုးလိုက်နိုင်တာကြောင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ပိုဖြစ်နိုင်ချေရှိသွားတယ်လို့ သုံးသပ်လိုက်ပါတယ်။

skysports-rangers-celtic-ryan-kent-4624879

⚽ လိဒ်ယူနိုက်တက်အသင်းဟာ ရိန်းဂျားစ်အသင်းရဲ့ အသက်(၂၄)နှစ်အရွယ် တောင်ပံကစားသမား ရွိုင်ယန်ကန့်ကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

1583426604-738905-noticia-normal

⚽ ဘိုင်ယန်မြူးနစ်နောက်ခံလူ နစ်ကလပ်ဆူးလ်က မိမိအနေနဲ့ ဘွန်ဒက်စ်လီဂါကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးရင်တော့ အိပ်မက်အသင်းဖြစ်တဲ့ မန်ယူမှာ သေချာပေါက် သွားကစားမှာဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

raphael-varane-real-madrid-2020-21-1mp1ef1hqc65k10b5ddlmfhy2s

⚽ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက မန်ယူအပါအဝင် ဥရောပအသင်းကြီးများ စိတ်ဝင်စားနေကြတဲ့ နောက်ခံလူ ဗာရာနီကို ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။

[ZAWGYI]

IMAGE: GOAL


















အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!