21-Nov-2020 အာဆင္နယ္သတင္းမ်ား

[UNICODE]

dominik-szoboszlai-rb-salzburg-2019-20-96dfbmhdv2hr1tgzzikijxjz5
IMAGE: GOAL

⚽ ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဆိုဘော့ဇလိုင်းကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်းပေးပြီ းခေါ်ယူနိုင်ဖို့ ဒီတစ်ခေါက်မှာလည်း အသင်းပိုင်ရှင်ခရွန်ကီက ငွေကြေး စိုက်ထုတ်ပေးသွားဦးမယ်လို့ သိရပါတယ်။ ခရွန်ကီဟာ သောမတ်ပါတေးတုန်းကလည်း ငွေကြေး စိုက်ထုတ်ပေးခဲ့တာပါ။

partey-arsenal-2020-t9r3ommf86dq10xss3krt70ec
IMAGE: GOAL

⚽ အာဆင်နယ်ကွင်းလယ်လူ သောမတ်ပါတေးဟာ လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်တော့မယ်လို့ အာဆင်နယ်က ထုတ်ပြန်ခဲ့ပါတယ်။ ပါတေးဟာ ဗီလာနဲ့ပွဲမှာ အဲဒီဒဏ်ရာကို ရရှိခဲ့ပြီး အစောပိုင်းမှာ ပါဝင်ကစားနိုင်မယ်လို့ ထင်မှတ်ခဲ့ရသေးတာပါ။

pierre-emerick-aubameyang-arsenal-premier-league-2020-21-1gfql292oy4hk17bpbdz52qqsq
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်ဝင်တိုက်စစ်မှူးဟောင်း အလန်စမစ်ကတော့ အူဘာမီယန်းအနေနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးမှ ဂိုးဆာလောင်မှု ပျောက်ဆုံးသွားခြင်း မဟုတ်ကြောင်း၊ အာဆင်နယ်အသင်း ဖန်တီးမှုပိုင်း အားနည်းသွားတာက အဓိကပြဿနာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

SPORT-PREVIEW-ISCO
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကွင်းလယ်လူ အစ္စကိုဟာ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အစ္စကိုဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ သတင်းတွေ ထွက်နေပါတယ်။

TELEMMGLPICT000209225665-trans-Nv-BQz-QNjv4-Bq-9wf-3-J7sd4-A4-L08-4-VHg3-CCt-Xrg-Rfens-Jwt01-L4s-E8
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာကတော့ ဆရာဟောင်း ဂွါဒီယိုလာအနေနဲ့ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တဲ့အပေါ် ကျေနပ်လျက် ရှိနေပါတယ်။ စာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့အပေါ် ဂွါဒီယိုလာလည်း အလွန်ပျော်ရွှင်နေမှာဖြစ်ကြောင်း၊ ဂွါဒီယိုလာနဲ့ မန်စီးတီး ကစားသမားတွေဟာ Chemistry မိလွန်းတယ်လို့ ဆိုခဲ့ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာာတော့ဗ်ကတော့ လိဒ်နဲ့ အာဆင်နယ်တို့ရဲ့ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်မှာ သေချာကြောင်း၊ အပြန်အလှန်ဂိုးတွေနဲ့ တစ်ဖက် ၂ဂိုးစီ သရေကျနိုင်ကြောင်း ခန့်မှန်းသွားခဲ့ပါတယ်။

willian-1359889
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်ကတော့ တောင်ပံကစားသမား ဝီလီယံမှာ ချဲလ်ဆီးက စွမ်းဆောင်ရည်တွေ လုံးဝမရှိတော့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။”မနှစ်တုန်းက ဝီလီယံက ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်မှာတော့ သူဟာ ခြေစွမ်းပျောက်သွားခဲ့ပါပြီ”လို့ ပေါလ်မာဆင်က ဆိုခဲ့တာပါ။

⚽ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ အဲရစ်ဆင်အနေနဲ့ စပါးကစားသမားဟောင်း ဖြစ်တယ်ဆိုတာကို ဂရုမစိုက်ဘဲ အာဆင်နယ်အနေနဲ့ ခေါ်ယူသင့်ကြောင်း၊ အဲရစ်ဆင်ကို အာဆင်နယ်လူစာရင်းကို တောင့်တင်းစေမဲ့ ကစားသမားလို့ သုံးသပ်ခဲ့ပါတယ်။

[ZAWGYI]

dominik-szoboszlai-rb-salzburg-2019-20-96dfbmhdv2hr1tgzzikijxjz5
IMAGE: GOAL

⚽ ပစ္မွတ္ထားေနတဲ့ ကြင္းလယ္လူ ဆိုေဘာ့ဇလိုင္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို ၂၅ သန္းေပးၿပီ းေခၚယူႏုိင္ဖုိ႔ ဒီတစ္ေခါက္မွာလည္း အသင္းပိုင္ရွင္ခရြန္ကီက ေငြေၾကး စိုက္ထုတ္ေပးသြားဦးမယ္လုိ႔ သိရပါတယ္။ ခရြန္ကီဟာ ေသာမတ္ပါေတးတုန္းကလည္း ေငြေၾကး စိုက္ထုတ္ေပးခဲ့တာပါ။

partey-arsenal-2020-t9r3ommf86dq10xss3krt70ec
IMAGE: GOAL

⚽ အာဆင္နယ္ကြင္းလယ္လူ ေသာမတ္ပါေတးဟာ လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားမဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မယ္လို႔ အာဆင္နယ္က ထုတ္ျပန္ခဲ့ပါတယ္။ ပါေတးဟာ ဗီလာနဲ႔ပြဲမွာ အဲဒီဒဏ္ရာကို ရရွိခဲ့ၿပီး အေစာပိုငး္မွာ ပါ၀င္ကစားႏုိင္မယ္လုိ႔ ထင္မွတ္ခဲ့ရေသးတာပါ။

pierre-emerick-aubameyang-arsenal-premier-league-2020-21-1gfql292oy4hk17bpbdz52qqsq
IMAGE: GOAL

⚽ အာဆင္နယ္ဂႏၳ၀င္၀င္တုိက္စစ္မွဴးေဟာင္း အလန္စမစ္ကေတာ့ အူဘာမီယန္းအေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိၿပီးမွ ဂိုးဆာေလာင္မႈ ေပ်ာက္ဆံုးသြားျခင္း မဟုတ္ေၾကာင္း၊ အာဆင္နယ္အသင္း ဖန္တီးမႈပိုင္း အားနည္းသြားတာက အဓိကျပႆနာျဖစ္ေၾကာင္း သံုးသပ္ခဲ့ပါတယ္။

SPORT-PREVIEW-ISCO
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္ကြင္းလယ္လူ အစၥကိုဟာ လာမဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာဖုိ႔ ျပင္ဆင္ထားၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ လက္ရွိမွာေတာ့ အစၥကိုဟာ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နဲ႔ သတင္းေတြ ထြက္ေနပါတယ္။

TELEMMGLPICT000209225665-trans-Nv-BQz-QNjv4-Bq-9wf-3-J7sd4-A4-L08-4-VHg3-CCt-Xrg-Rfens-Jwt01-L4s-E8
IMAGE: GOAL

⚽ အာဆင္နယ္နည္းျပ အာတီတာကေတာ့ ဆရာေဟာင္း ဂြါဒီယိုလာအေနနဲ႔ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ႏုိင္ခဲ့တဲ့အေပၚ ေက်နပ္လ်က္ ရွိေနပါတယ္။ စာခ်ဳပ္သစ္ ခ်ဳပ္ႏိုင္ခဲ့တဲ့အေပၚ ဂြါဒီယုိလာလည္း အလြန္ေပ်ာ္ရႊင္ေနမွာျဖစ္ေၾကာင္း၊ ဂြါဒီယိုလာနဲ႔ မန္စီးတီး ကစားသမားေတြဟာ Chemistry မိလြန္းတယ္လုိ႔ ဆုိခဲ့ပါတယ္။

⚽ မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း ဘာဘာာေတာ့ဗ္ကေတာ့ လိ္ဒ္နဲ႔ အာဆင္နယ္တုိ႔ရဲ႕ပြဲဟာ ပြဲေကာင္းတစ္ပြဲျဖစ္မွာ ေသခ်ာေၾကာင္း၊ အျပန္အလွန္ဂိုးေတြနဲ႔ တစ္ဖက္ ၂ဂိုးစီ သေရက်ႏိုင္ေၾကာင္း ခန္႔မွန္းသြားခဲ့ပါတယ္။

willian-1359889
IMAGE: GOAL

⚽ အာဆင္နယ္ကစားသမားေဟာင္း ေပါလ္မာဆင္ကေတာ့ ေတာင္ပံကစားသမား ၀ီလီယံမွာ ခ်ဲလ္ဆီးက စြမ္းေဆာင္ရည္ေတြ လံုး၀မရွိေတာ့ေၾကာင္း ေ၀ဖန္သြားခဲ့ပါတယ္။”မႏွစ္တုန္းက ၀ီလီယံက ခ်ဲလ္ဆီးရဲ႕ အေကာင္းဆံုးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ အာဆင္နယ္မွာေတာ့ သူဟာ ေျခစြမ္းေပ်ာက္သြားခဲ့ပါၿပီ”လုိ႔ ေပါလ္မာဆင္က ဆုိခဲ့တာပါ။

⚽ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း ကီဗင္ကမ္းဘဲလ္ကေတာ့ အဲရစ္ဆင္အေနနဲ႔ စပါးကစားသမားေဟာင္း ျဖစ္တယ္ဆုိတာကို ဂရုမစိုက္ဘဲ အာဆင္နယ္အေနနဲ႔ ေခၚယူသင့္ေၾကာင္း၊ အဲရစ္ဆင္ကို အာဆင္နယ္လူစာရင္းကို ေတာင့္တင္းေစမဲ့ ကစားသမားလို႔ သံုးသပ္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!