မန်ယူ နဲ့ ကနေ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ထွက်ဖို့ ကြိုးစားမယ့် ပေါ့ဘာ
[UNICODE] ပေါ့ဘာက မန်ယူအသင်းကမှာ အခုချိန်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ဆိုးရှားက ပြောကြားလိုက်ပါတယ်။ ဆိုးရှားက ပေါ့ဘာ နဲ့ စကား ပြောဖြစ်ကြောင်း ပေါ့ဘာ ကိုယ်တိုင် အရံခုံမှာ ထိုင်နေရတာ မပျော်မရွှင်ဖြစ်နေကြောင်း သူက ပြင်သစ် နဲ့ မန်ယူ မှာ တစ်နေရာထဲ ကစားပေမယ့် သူ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အားရ ကျေနပ်မှု မရှိသေးကြောင်း ပြောလိုက်တာဖြစ်ပါတယ်။
man-utd-solskjaer-pogba-old-trafford-transfer-news-7-4r1k7uwnwi251k1h9227rmnv9
IMAGE: GOAL
ပေါ့ဘာက ဆိုးရှားက သူ့ကို အရံခုံပေါ် ထိုင်ခိုင်းထားတဲ့ အပေါ် အင်မတန် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ပေါ့ဘာက မန်ယူအသင်းမှာ သူ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အချိန်ဖြစ်တဲ့ ၂၀၂၂ အထိ နေသွားဖို့ စီစဉ်နေပြီး အသင်းကနေ အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။
ပေါ့ဘာက ရီးရဲလ် အသင်းကို ပြောင်းချင်ပြီး ဇီဒိန်း နဲ့ ပြန်လည် ပူးပေါင်းချင်ပေမယ့် ရီးရဲလ်ကတော့ မန်ယူတောင်းတဲ့ ဈေးပေးချေလိုခြင်း မရှိတာကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။ မန်ယူအသင်းကို ပေါ့ဘာ ၂၀၁၆ တုန်းက ပြောင်းခဲ့တာဖြစ်ပြီး ခုချိန်ထိ နဂို ခြေစွမ်းကို ပြသနိူင်ခြင်း မရှိသေးပါဘူး။
0-Getty-Images-1229074643
IMAGE: GOAL
ဒီရာသီမှာ သူ့ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာ ဖြစ်လာတာကြောင့် ဆိုးရှားက သူ့ကို အရံခုံ ပို့ခဲ့တာဖြစ်ပါတယ်။ သူ့ နေရာ အစားထိုးဖို့ အတွက် မန်ယူအသင်းက ဒီရာသီမှာ အေးဂျက် ဗန်ဒီဘိတ်ကို အရ ခေါ်ယူခဲ့ပေမယ့် သူလည်း အရံခုံမှာပဲ ထိုင်နေရတာကြောင့် နယ်သာလန် နည်းပြက ဆိုးရှားကို မေးခွန်းထုတ်ခဲ့ပါတယ်။
Man-Utd-news-What-Ole-Gunnar-Solskjaer-said-to-Paul-Pogba-after-penalty-miss-1094903
IMAGE: GOAL
ပေါ့ဘာရော ဗန်ဒီဘိတ်ပါ နိူင်ငံ အသင်းအတွက် ခြေစွမ်းပြသ နိူင်ခဲ့တာကြောင့် သူတို့ ကို ဆိုးရှား ကောင်းကောင်း ကိုင်တွယ် နိူင်လား ဆိုတာ မေးခွန်းထုတ်ရမလိုဖြစ်နေပါပြီ။ ပေါ့ဘာက အရံခုံထိုင်နေရပေမယ့် အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း ကွာလတီ ရှိတဲ့ ကစားသမား ဖြစ်ကြောင်း ဆိုးရှားက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
REF: DAILY MAIL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
REF: DAILY MAIL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!