21-Nov-2020 ပရီးမီးယားလိဂ္သတင္းမ်ား
[UNICODE]
0-Sancho-Man-Utd-Transfer-News
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ ဆန်ချိုဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်ကနေ ထွက်ခွာချင်နေကြောင်း သိရပါတယ်။ မန်ယူကလည်း သူ့ကို ယူရို ၂၀၂၁ ပြိုင်ပွဲမတိုင်ခင် ခေါ်ယူဖို့ စီစဉ်နေတာပါ။
5d895dc3d9402
IMAGE: GOAL
⚽ လီဗာပူးဂန္ထဝင် ဒဲကလစ်ရှ်က တိုက်စစ်မှူးဖာမီနိုအနေနဲ့ သွင်းဂိုးတွေ ပျောက်ဆုံးနေခြင်းမှာ စိုးရိမ်စရာမရှိဘဲ ဖာမီနိုဟာ လီဗာပူးအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း၊ လီဗာပူးုဟာ မာနေး၊ ဖာမီနို၊ ဆာလတ်၊ ဂျိုတာတို့ (၄)ယောက်စလုံးလည်း တွဲကစားနိုင်ကြောင်း ဆိုခဲ့ပါတယ်။
fred-manchester-united-2020-21-7ubina08ry3h1steoktr82n2i
IMAGE: GOAL
⚽ မန်ယူကွင်းလယ်လူ ဖရက်ဒ်ကတော့ သူတို့အနေနဲ့ အိုးထရက်ဒ်ဖို့ ပြိုင်ဘက်တွေ ကြောက်ရွံ့လာအောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အိမ်ကွင်းရလဒ်ကောင်းဖို့ပါ။ အိုးထရက်ဖို့ဒ်ဟာ ပြိုင်ဘက်တွေ ကြောက်ရွံ့ရတဲ့နေရာ ဖြစ်ဖို့လိုပါတယ်”လို့ ဖရက်ဒ်က ဆိုခဲ့တာပါ။
https-www-si-com-image-MTc0-Mj-Yx-Mz-Y3-Mz-Aw-MTcx-Nj-Q0-frank-lampard-chelsea-season
IMAGE: GOAL
⚽ ချဲလ်ဆီးနည်းပြလမ်းပတ်ကတော့ သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံး အခိုက်အတန့်တွေကို မမှတ်မိကြောင်း၊ အဲဒီလိုအရာတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အားနည်းကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က မြူးနစ်မြေက ချန်ပီယံလိဂ်အောင်ပွဲကို မမှတ်မိလို့တောင် ဇနီးဖြစ်သူက အံ့အားသင့်ယူရကြောင်း လမ်းပတ်က ဆိုခဲ့ပါတယ်။
jose-mourinho-pep-guardiola-2018-19-1xa6oskctv3ei13lygn0amjjdi
IMAGE: GOAL
⚽ စပါးဟာ မော်ရင်ဟိုလက်အောက်မှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်သူဖြစ်လာပြီလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။ “မော်ရင်ဟိုက ရောက်တဲ့အသင်းတိုင်းမှာ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ သူတို့ဟာ
ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။
lionel-messi-barcelona-champions-league-2020-21-1ojw3sy22024h1lry0istwvuum
IMAGE: GOAL
⚽ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ သူ့အနေနဲ့ အသင်းခေါင်းဆောင်မက်ဆီကိ ဘာစီလိုနာမှာ ဆက်နေနိုင်အောင် စည်းရုံးသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မက်ဆီတစ်ယောက် ဘာစီလိုနာကနေ ထွက်ခွာသွားမလားဆိုတဲ့မေးခွန်းကိုတော့ ရော်နယ်ကိုးမန်းက ဖြေကြားခဲ့ခြင်း မရှိပါဘူး။
mikel-arteta-arsenal-2020-21-gaavqxkpqybl194f20c02ivti
IMAGE: GOAL
⚽ လိဒ်ယူနိုက်တက်နည်းပြ ဘီယက်ဆာကတော့ ဒီတစ်ပတ်မှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမဲ့အာဆင်နယ်နည်းပြ အာတီတာကို ချီးကျူးသွားခဲ့ပါတယ်။ “နည်းစနစ်ရှုထောင့်ကနေ အာဆင်နယ်ကို နီးနီးစပ်စပ် ကြည့်မယ်ဆိုရင် သူတို့က တခြားအသင်းတွေမှာ ကျွန်တော် မမြင်ဖူးတဲ့အရာကို ပြသနေပါတယ်”လို့ ဘီယက်ဆာက ဆိုခဲ့ပါတယ်။
thiago-alcantara-fabinho-liverpool-2020-1ebe3s8zloq1y1aeh5wuw6ckkz
IMAGE: GOAL
⚽ ဒဏ်ရာပြဿနာတွေနဲ့ ကြုံနေရတဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအတွက်တေ့ သတင်းကောင်းတစ်ရပ် ရှိနေပါတယ်။ ဒါကတော့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ သီယာဂိုနဲ့ ဖာဘင်ညိုတို့ဟာ ကြံ့ခိုင်မှု ပြည့်ဝနေပြီး လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်ချေ ရှိနေပါတယ်။
[ZAWGYI]
0-Sancho-Man-Utd-Transfer-News
IMAGE: GOAL
5d895dc3d9402
IMAGE: GOAL
⚽ လီဗာပူးဂန္ထ၀င် ဒဲကလစ်ရှ်က တိုက်စစ်မှူးဖာမီနိုအနေနဲ့ သွင်းဂိုးတွေ ပျောက်ဆုံးနေခြင်းမှာ စိုးရိမ်စရာမရှိဘဲ ဖာမီနိုဟာ လီဗာပူးအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း၊ လီဗာပူုးဟာ မာနေး၊ ဖာမီနို၊ ဆာလတ်၊ ဂျိုတာတို့ (၄)ယောက်စလုံးလည်း တွဲကစားနိုင်ကြောင်း ဆိုခဲ့ပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!