21-Nov-2020 နေ့လည်ခင်းသတင်းများ

[UNICODE]

IMAGE: GOAL

⚽ စပါးတိုက်စစ်မှူးဟောင်း ကလင်းစမန်းကတော့ စပါးအသင်းဟာ နည်းပြမော်ရင်ဟိုလက်အောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်လာမှာဖြစ်ကြောင်း၊ နောက်ဆုံးတော့ စပါးအသင်းရဲ့ အိပ်မက်တွေပြည့်ဝတော့မယ်လို့ ဆိုခဲ့ပါတယ်။

karim-benzema-real-madrid-2020-21-1qh28tkozf7b017k8sdymq7qvs
IMAGE: GOAL

⚽ ဗီလာရီးရဲနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်အတွက် ရီးရဲမှာ ကစားသမားပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။ ဘန်ဇီမာနဲ့ ကွင်းလယ်လူ ကာစီမီရိုတို့ဟာ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိသလို နောက်ထပ်တိုက်စစ်မှူးဖြစ်တဲ့ ဂျိုဗစ်ကလည်း ကိုဗစ် ကူးစက်ခံထားရလို့ ဒီပွဲကို လွဲမှာပါ။

lionel-messi-barcelona-2020-21-1epkbxe4akqa61alyadwopnzxn
IMAGE: GOAL

⚽ ဘာစီလိုနာကစားသမား ထရန်ကာယိုက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ကွဲပြားခြားနားတဲ့ ဂြိုလ်သားတွေဖြစ်ကြောင်း၊ မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်နေမယ်လို့ ထင်မြင်မိကြောင်း ဆိုခဲ့ပါတယ်။ “အဝတ်လဲခန်းမှာ မက်ဆီရဲ့ တည်ငြိမ်မှုကို တွေ့ရပါတယ်။ သူက အမြဲတမ်း လေ့ကျင့်ခန်းဆင်းလိုသူပါ။ မက်ဆီအနေနဲ့ ဘာစီမှာ ဆက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ထရန်ကာယိုက ဆိုခဲ့ပါတယ်။

lukaku-eriksen-inter-fiorentina-1n9owizyume4u135pr6f2c7z62
IMAGE: GOAL

⚽ အင်တာမီလန်တိုက်စစ်မှူးလူကာကူကတော့ အဲရစ်ဆင်ဟာ ထိပ်တန်းကစားသမားဖြစ်လာဖို့ အရည်အချင်း ပြည့်စုံကြောင်း၊ ဒါပေမဲ့ အဲရစ်ဆင်ဟာ အီတလီတွေရဲ့ ပုံစံကို သင်ယူဖို့ လိုအပ်နေကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

marcus-rashford-manchester-united-everton-2020-21-1qcsqkxde74q81ijqe27i40qfi
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပခုံးဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်အနေနဲ့ ဝက်စ်ဘရွန်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

paul-pogba-manchester-united-2020-21-11xi5eoail1rg1a9kmcbfsnfn7
IMAGE: GOAL

⚽ မန်ယူတိုက်စစ်မှူးဟောင်း အိုဝင်ကတော့ ပေါ့ဂ်ဘာကို အရန်ခုံဆက်ထိုင်ခိုင်းထားရင် အသင်းပြောင်းရွှေ့သွားနိုင်ချေ ရှိနေကြောင်း သုံးသပ်သွားခဲ့ပါတယ်။ “ပေါ့ဂ်ဘာကို အရန်ခုံမှာ ထိုင်ခိုင်းထားလို့ မရပါဘူး။ ဒါဆို သူ့က အသင်းပြောင်းဖို့ စဉ်းစားပါလိမ့်မယ်”လို့ အိုဝင်က ဆိုခဲ့ပါတယ်။

pep-guardiola-jose-mourinho-1l2a8pj28kfzw18m2plkfbuxz9
IMAGE: GOAL

⚽ စတာလင်းကို အင်္ဂလန်လူစာရင်းကနေ ပြန်လွှတ်ခွင့်ပေးဖို့ မန်စီးတီးက ဆောက်ဂိတ်ကို ဖိအားပေးခဲ့တယ်ဆိုတဲ့ စကားအတွက် ဂွါဒီယိုလာကတော့ ပြန်ဖောက်သွားခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ လက်ရွေးစင်အသင်းအတွက် အင်္ဂလန်နဲ့ မန်စီးတီးက ဆရာဝန်တွေနဲ့ တွေ့ဖို့လိုအပ်ကြောင်း၊ ဒါမှမဟုတ် မော်ရင်ဟိုကိုယ်တိုင်က ဆရာဝန်တစ်ယောက် ဖြစ်နေနိုင်ကြောင်း ဂွါဒီယိုလာက ဖောက်ခဲ့တာပါ။

virgil-van-dijk-liverpool-2020-21-ddvbakxi95dj1b73uo4mqlcd8
IMAGE: GOAL

⚽ မန်ယူတိုက်စစ်မှူးဟောင်း အိုဝင်ကတော့ ပေါ့ဂ်ဘာကို အရန်ခုံဆက်ထိုင်ခိုင်းထားရင် အသင်းပြောင်းရွှေ့သွားနိုင်ချေ ရှိနေကြောင်း သုံးသပ်သွားခဲ့ပါတယ်။ “ပေါ့ဂ်ဘာကို အရန်ခုံမှာ ထိုင်ခိုင်းထားလို့ မရပါဘူး။ ဒါဆို သူ့က အသင်းပြောင်းဖို့ စဉ်းစားပါလိမ့်မယ်”လို့ အိုဝင်က ဆိုခဲ့ပါတယ်။

[ZAWGYI]

2923147-60056908-2560-1440
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!