9-စက်တင်ဘာ-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

IMAGE: GOAL

⚽ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ PFA ကချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး လူမှုလုပ်ငန်းထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကလေးသူငယ်များနဲ့ ပတ်သတ်ပြီး ပရဟိတလုပ်ငန်းများနဲ့ အလှူငွေများကို မကြာခဏ လှူဒါန်းနေသူပါ။

IMAGE – Goal.com

⚽ မန်ယူဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားအနေနဲ့ နံပါတ်တစ်ဂိုးသမားနေရာကိုရဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဟန်ဒါဆန်ကြောင့် ဒီဂီယာဟာလည်း ပိုကောင်းလာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

⚽ အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ဟိုတယ်ကို အမျိုးသမီးတွေခေါ်ခဲ့လို့ အိမ်ပြန်လွှတ်ခံခဲ့ရတဲ့ ဖိုဒန်နဲ့ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်တို့အနေနဲ့ အရင်ဆုံး ယုံကြည်မှုကိုများစွာ ပြန်လည်တည်ဆောက်ရမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမားတွေ ဖြစ်ကြတဲ့ လီဗက်နဲ့ ဂျိမ်းစ်ဂါနာတို့ဟာ အငှားထွက်ကစားတော့မှာပါ။ လီဗက်ကချာလ်တန်ကို သွားကစားမှာဖြစ်ပြီး ဂျိမ်းစ်ဂါနာကတော့ ဟတ်ဒါဖီးလ်နဲ့ဆွေးနွေးနေပါတယ်။

⚽ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက်(၂၃)နှစ်အရွယ် ဘယ်နောက်ခံကစားသမား ရီဂွယ်လွန်ကို မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပြီး ရီးရဲလ်မက်ဒရစ်ဘက်က အချိန်မရွေး ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့ အချက်ပါမှသာ ရောင်းချသွားဖို့ ဆုံးဖြတ်မှာပါ။

IMAGE – Goal.com

⚽ ရိုးမားအသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ စမောလင်းကို ပြန်လည်ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ စမောလင်းကတော့ ရိုးမားမှာ ထပ်ကစားဖို့ အဆင်သင့်ဖြစ်နေပြီး ရိုးမားနဲ့ မန်ယူတို့ဟာ ရက်ပိုင်းအတွင်း အပြီးသတ် ဆွေးနွေးမှာပါ။

⚽ လက်စတာအသင်းဟာ တန်းဆင်းသွားပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဘရွတ်ခ်ကို မန်ယူအသင်းထက် လက်ဦးမှု ရယူကာ ကမ်းလှမ်းသွားတော့မှာ ဖြစ်ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သူ့အသင်းဟောင်းအနေနဲ့ အမြဲတမ်း ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ ခက်ခဲနေတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုက ပြိုင်ဘက်အသင်းတွေနဲ့မတူဘူးလို့ ဂယ်ရီနဗီးလ်က ဆိုခဲ့တာပါ။

[ZAWGYI]

IMAGE: GOAL


IMAGE – Goal.com





IMAGE – Goal.com






အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!