9-August-2020 ညနေခင်းသတင်းတိုများ

[UNICODE]

IMAGE – Goal.com

⚽ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့အတွက် အသင်းဖော် လီဝန်ဒေါစကီးအနေနဲ့ မက်ဆီထက်ပိုကောင်းတဲ့ ကစားသမားဖြစ်ကြောင်း သက်သေပြခွင့်ရပြီလို့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မူလာက ဆိုလိုက်ပါတယ်။

⚽ ချယ်ဆီးနည်းပြလမ်းပတ်ဟာ လက်ရှိနောက်ခံလူ ရူဒီဂါရဲ့ခြေစွမ်းကို အားရကျေနပ်ခြင်းမရှိတာကြောင့် ဘရိုက်တန်အသင်းရဲ့ လူငယ်ခံစစ်မှူး ဘန်ဝှိုက်ကို လီဗာပူး ၊ လိဒ်ယူနိုက်တက် တို့နဲ့အပြိုင် ခေါ်ယူသွားဖို့ရှိပါတယ်။

⚽ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒေးဗစ်ဘရွတ်ခ်ကို ပေါင်(၃၅)သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

IMAGE – Goal.com

⚽ ဘာစီလိုနာ နောက်ခံကစားသမား ဆာဂျီရော်ဘတ်တိုက နာပိုလီအသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းဆိုတာ မရှိတော့ကြောင်း ၊ အသင်းတိုင်း ချန်ပီယံဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

IMAGE – Goal.com

⚽ မန်ယူအသင်းဟာ ဒူးဒဏ်ရာရရှိနေတဲ့ နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ကို အပြီးသတ်ရောင်းချသွားဖို့ စီစဉ်နေပြီး အခြားအသင်းများထံမှ ကမ်းလှမ်းမှုများကို စောင့်မျှော်နေပါတယ်။

IMAGE – Goal.com

⚽ ပတ်ဒရိုရဲ့ ချယ်ဆီးကစားသမားဘဝဟာ ဘိုင်ယန်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် လာမယ့်ရာသီ ရိုးမားအသင်းမှာ သွားရောက်ကစားဖို့အတွက် ၅နှစ်စာချုပ် ချုပ်ဆိုထားနိုင်ခဲ့ပါတယ်။ ပတ်ဒရိုဟာ ချယ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် ၊ FAဖလားနဲ့ ယူရိုပါလိဂ်တို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။

IMAGE – Goal.com

⚽ စီးရီးအေကလပ် လာဇီယိုအသင်းဟာ ဘန်လေအသင်းရဲ့ အသက်(၂၈)နှစ်အရွယ် နယူးဇီလန်တိုက်စစ်မှူး ခရစ္စဝုဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အီတလီသတင်းစာများမှာ ဖော်ပြနေကြပါတယ်။ ဘန်လေအသင်းဟာ ဝုဒ်ကို ၂၀၁၇ကမှ လိဒ်ယူနိုက်တက်ကနေ ယူရို(၁၆)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

⚽ ဂျူဗင်တပ်စ်ဂန္တဝင်တိုက်စစ်မှူးကြီး ဒယ်ပီယာရိုက ဂျူဗီ နည်းပြသစ် ပီယာလိုဟာ ရီးရဲလ်မက်ဒရစ်မှာ နည်းပြဇီဒန်း စွမ်းဆောင်ပေးခဲ့တာထက် ပိုမိုသာလွန်အောင် လုပ်ဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဝံ့ကြွားပြောဆို သွားခဲ့ပါတယ်။

[ZAWGYI]

IMAGE – Goal.com

⚽ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္တြင္ ဘာစီလိုနာအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံေနတဲ့အတြက္ အသင္းေဖာ္ လီဝန္ေဒါစကီးအေနနဲ႔ မက္ဆီထက္ပိုေကာင္းတဲ့ ကစားသမားျဖစ္ေၾကာင္း သက္ေသျပခြင့္ရၿပီလို႔ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး မူလာက ဆိုလိုက္ပါတယ္။

⚽ ခ်ယ္ဆီးနည္းျပလမ္းပတ္ဟာ လက္ရွိေနာက္ခံလူ ႐ူဒီဂါရဲ႕ေျခစြမ္းကို အားရေက်နပ္ျခင္းမရွိတာေၾကာင့္ ဘ႐ိုက္တန္အသင္းရဲ႕ လူငယ္ခံစစ္မႉး ဘန္ဝႈိက္ကို လီဗာပူး ၊ လိဒ္ယူႏိုက္တက္ တို႔နဲ႔အၿပိဳင္ ေခၚယူသြားဖို႔ရွိပါတယ္။

⚽ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွ တန္းဆင္းသြားခဲ့ၿပီျဖစ္တဲ့ ဘုန္းေမာက္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ေဒးဗစ္ဘ႐ြတ္ခ္ကို ေပါင္(၃၅)သန္းဝန္းက်င္ျဖင့္ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနပါတယ္။

IMAGE – Goal.com

⚽ ဘာစီလိုနာ ေနာက္ခံကစားသမား ဆာဂ်ီေရာ္ဘတ္တိုက နာပိုလီအသင္းကို ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့အသင္းဆိုတာ မရွိေတာ့ေၾကာင္း ၊ အသင္းတိုင္း ခ်န္ပီယံျဖစ္လာႏိုင္ေၾကာင္း သုံးသပ္ေျပာၾကားလိုက္ပါတယ္။

IMAGE – Goal.com

⚽ မန္ယူအသင္းဟာ ဒူးဒဏ္ရာရရွိေနတဲ့ ေနာက္ခံကစားသမား ဖီးလ္ဂ်ဳံးစ္ကို အၿပီးသတ္ေရာင္းခ်သြားဖို႔ စီစဥ္ေနၿပီး အျခားအသင္းမ်ားထံမွ ကမ္းလွမ္းမႈမ်ားကို ေစာင့္ေမွ်ာ္ေနပါတယ္။

IMAGE – Goal.com

⚽ ပတ္ဒ႐ိုရဲ႕ ခ်ယ္ဆီးကစားသမားဘဝဟာ ဘိုင္ယန္ကို အေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲအၿပီးမွာ အဆုံးသတ္သြားခဲ့ၿပီျဖစ္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ လာမယ့္ရာသီ ႐ိုးမားအသင္းမွာ သြားေရာက္ကစားဖို႔အတြက္ ၅ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားႏိုင္ခဲ့ပါတယ္။ ပတ္ဒ႐ိုဟာ ခ်ယ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ ၊ FAဖလားနဲ႔ ယူ႐ိုပါလိဂ္တို႔ကို ဆြတ္ခူးႏိုင္ခဲ့တာပါ။

IMAGE – Goal.com

⚽ စီးရီးေအကလပ္ လာဇီယိုအသင္းဟာ ဘန္ေလအသင္းရဲ႕ အသက္(၂၈)ႏွစ္အ႐ြယ္ နယူးဇီလန္တိုက္စစ္မႉး ခရစၥဝုဒ္ကို ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း အီတလီသတင္းစာမ်ားမွာ ေဖာ္ျပေနၾကပါတယ္။ ဘန္ေလအသင္းဟာ ဝုဒ္ကို ၂၀၁၇ကမွ လိဒ္ယူႏိုက္တက္ကေန ယူ႐ို(၁၆)သန္းနဲ႔ ေခၚယူထားခဲ့တာ ျဖစ္ပါတယ္။

⚽ ဂ်ဴဗင္တပ္စ္ဂႏၲဝင္တိုက္စစ္မႉးႀကီး ဒယ္ပီယာ႐ိုက ဂ်ဴဗီ နည္းျပသစ္ ပီယာလိုဟာ ရီးရဲလ္မက္ဒရစ္မွာ နည္းျပဇီဒန္း စြမ္းေဆာင္ေပးခဲ့တာထက္ ပိုမိုသာလြန္ေအာင္ လုပ္ေဆာင္ျပႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဝံ့ႂကြားေျပာဆို သြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!