9-Aug-2020 ခ်ဲလ္ဆီးသတင္းတိုမ်ား

[UNICODE]

⚽ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်ဆင်ကလဲယားက နည်းပြလမ်းပတ်အနေနဲ့ အက်သလက်ဂိုးသမား အော့ဘလက်ခ်ကို ခေါ်သင့်ကြောင်း။ အော့ဘလက်ခ်ဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကူညီပေးမယ့်သူလို့ အကြံပြုခဲ့ပါတယ်။

⚽ ဒီရာသီမှာ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား အိုဒွိုင်းအနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ သက်သေပြခဲ့ချင်တာဖြစ်ကြောင်း ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက ဖွင့်ဟလိုက်ပါတယ်။ “အိုဒွိုင်းဟာ ငယ်ရွယ်ပြီး အရည်အချင်းများစွာကို ပိုင်ဆိုင်သူပါ”လို့ ရူဒီဂါက ချီးကျူးသွားခဲ့ပါတယ်။

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ အသင်းမှာ ခြေစွမ်းလာရောက်အစမ်းခံခဲ့တဲ့ အသက် (၁၆) နှစ်အရွယ်ကြယ်ပွင့် Sankoh ကို မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ အဲဒီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီက စတုတ်စီးတီးမှာ ခြေစွမ်းကောင်းတွေ ပြသပြီး ထင်ပေါ်လာသူပါ။

IMAGE – Goal.com

⚽ ချဲလ်ဆီးအသင်းဟာ ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူရာမှာ ဘတ်ဂျက်ရရှိအောင်လို့ ဂျော်ဂျင်ဟိုကို ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဒီလန်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

⚽ မိုနာကိုမှာ အငှားနဲ့ ကစားနေတဲ့ ချဲလ်ဆီးကွင်းလယ် ဘာကာယိုကိုအနေနဲ့ လစာလျှော့ယူပြီး စီးရီအေကလပ် အေစီမီလန်ကို ပြန်လည်ပြောင်းရွှေ့တော့ှ့ှမှာ ဖြစ်ပါတယ်။ ဘာကာယိုကိုဟာ လက်ရှိမှာ တစ်နှစ်ယူရို ၆ သန်း ရရှိနေသူဖြစ်ပြီး ၂၀၁၈-၁၉ ရာသီက အေစီမှာ အငှားကစားဖူးသူပါ။

IMAGE – Goal.com

⚽ ချဲလ်ဆီးတောင်ပံကစားသမားဝီလီယံမှာ အာဆင်နယ်အတွက်တော့ အလွန်ထူးခြားတဲ့ ခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ သူ့ကို လက်လွှတ်ခံမှာ မယုံနိုင်စရာပဲလို့ အာဆင်နယ်ဂန္ထဝင်ပေါမာဆင်က ဆိုခဲ့ပါတယ်။ “ရိုးရုးိးသားသားပြောရရင် ချဲလ်ဆီးအနေနဲ့ သူ့ကို လက်လွှတ်ခံတာ မယုံနိုင်စရာပါ”လို့ ပေါလ်မာဆင်က ဖွင့်ဟခဲ့ပါတယ်။

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းဟာ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းကို ပေါင်သန်း (၂၀) နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ အကီကို ခေါ်ယူနိုင်ပြီးနောက်မှာ မန်စီးတီးဟာ ဂျွန်စတုန်းကိုရောင်းချတော့မယ်လို့ သိရပါတယ်။

⚽ ဘိုင်ယန်မြူးနစ်နဲ့ ရှုံးပွဲက ချဲလ်ဆီးအနေနဲ့ ထိပ်တန်းအဆင့်ကိုရောက်ဖို့ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း မီးမောင်းထိုးပြလိုက်တာဖြစ်ကြောင်း၊ ချဲလ်ဆီးရဲ့လူစာရင်းပိုင်းဟာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကစားသမားဟောင်း ဂျိုလ်ကိုးက သုံးသပ်ပြသွားခဲ့ပါတယ်။

[ZAWGYI]

⚽ ခ်ဲလ္ဆီးကစားသမားေဟာင္း ဖရန္႔ဆင္ကလဲယားက နည္းျပလမး္ပတ္အေနနဲ႔ အက္သလက္ဂိုးသမား ေအာ့ဘလက္ခ္ကို ေခၚသင့္ေၾကာင္း။ ေအာ့ဘလက္ခ္ဟာ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္ခ်န္ပီယံဆု စိန္ေခၚႏုိင္ေအာင္ ကူညီေပးမယ့္သူလို႔ အႀကံျပဳခဲ့ပါတယ္။

⚽ ဒီရာသီမွာ ရုန္းကန္ေနရတဲ့ ေတာင္ပံကစားသမား အိုဒိြဳင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲစဥ္မွာ သက္ေသျပခဲ့ခ်င္တာျဖစ္ေၾကာင္း ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါက ဖြင့္ဟလိုက္ပါတယ္။ “အုိဒြိဳင္းဟာ ငယ္ရြယ္ၿပီး အရည္အခ်င္းမ်ားစြာကို ပိုင္ဆုိင္သူပါ”လုိ႔ ရူဒီဂါက ခ်ီးက်ဴးသြားခဲ့ပါတယ္။

IMAGE: BR

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းဟာ အသင္းမွာ ေျခစြမ္းလာေရာက္အစမ္းခံခဲ့တဲ့ အသက္ (၁၆) ႏွစ္အရြယ္ၾကယ္ပြင့္ Sankoh ကို မေခၚယူဖို႔ ဆံုးျဖတ္လိုက္ေၾကာင္း သိရပါတယ္။ အဲဒီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီက စတုတ္စီးတီးမွာ ေျခစြမ္းေကာင္းေတြ ျပသၿပီး ထင္ေပၚလာသူပါ။

IMAGE – Goal.com

⚽ ခ်ဲလ္ဆီးအသင္းဟာ ပစ္မွတ္ထားေနတဲ့ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီလန္ရိုက္ကို ေခၚယူရာမွာ ဘတ္ဂ်က္ရရွိေအာင္လုိ႔ ေဂ်ာ္ဂ်င္ဟိုကို ေရာင္းခ်သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ခ်ဲလ္ဆီးဟာ ဒီလန္ကို ေပါင္ ၆၅ သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတာပါ။

⚽ မိုနာကိုမွာ အငွားနဲ႔ ကစားေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္ ဘာကာယိုကိုအေနနဲ႔ လစာေလွ်ာ့ယူၿပီး စီးရီေအကလပ္ ေအစီမီလန္ကို ျပန္လည္ေျပာင္းေရႊ႕ေတာ့ွ့ွမွာ ျဖစ္ပါတယ္။ ဘာကာယိုကိုဟာ လက္ရွိမွာ တစ္ႏွစ္ယူရို ၆ သန္း ရရွိေနသူျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီက ေအစီမွာ အငွားကစားဖူးသူပါ။

IMAGE – Goal.com

⚽ ခ်ဲလ္ဆီးေတာင္ပံကစားသမား၀ီလီယံမွာ အာဆင္နယ္အတြက္ေတာ့ အလြန္ထူးျခားတဲ့ ေခၚယူမႈျဖစ္လာမွာျဖစ္ၿပီး ခ်ဲလ္ဆီးအေနနဲ႔ သူ႔ကို လက္လႊတ္ခံမွာ မယံုႏုိင္စရာပဲလုိ႔ အာဆင္နယ္ဂႏၳ၀င္ေပါမာဆင္က ဆိုခဲ့ပါတယ္။ “ရိုးရုးိးသားသားေျပာရရင္ ခ်ဲလ္ဆီးအေနနဲ႔ သူ႔ကို လက္လႊတ္ခံတာ မယံုႏုိင္စရာပါ”လုိ႔ ေပါလ္မာဆင္က ဖြင့္ဟခဲ့ပါတယ္။

IMAGE: BR

⚽ ပရီးမီးယားလိဂ္ကလပ္ခ်ဲလ္ဆီးအသင္းဟာ မန္စီးတီးေနာက္ခံလူ ဂၽြန္စတုန္းကို ေပါင္သန္း (၂၀) နဲ႔ ေခၚယူဖုိ႔ စိတ္၀င္စားလာတယ္လုိ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန႔္ ထြက္ေပၚေနပါတယ္။ အကီကို ေခၚယူႏုိင္ၿပီးေနာက္မွာ မန္စီးတီးဟာ ဂၽြန္စတုန္းကိုေရာင္းခ်ေတာ့မယ္လုိ႔ သိရပါတယ္။

⚽ ဘိုင္ယန္ျမဴးနစ္နဲ႔ ရႈံးပြဲက ခ်ဲလ္ဆီးအေနနဲ႔ ထိပ္တန္းအဆင့္ကိုေရာက္ဖုိ႔ လိုအပ္ခ်က္မ်ားစြာ ရွိေနေသးေၾကာင္း မီးေမာင္းထိုးျပလိုက္တာျဖစ္ေၾကာင္း၊ ခ်ဲလ္္ဆီးရဲ႕လူစာရင္းပိုင္းဟာ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ ကစားသမားေဟာင္း ဂိ်ဳလ္ကိုးက သံုးသပ္ျပသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!