9-August-2020 Tea-Breakသတင်းတိုများ

[UNICODE]

IMAGE – Goal.com

⚽ ဒီရာသီ ချန်ပီယံလိဂ်(၇)ပွဲမှာ ၁၃ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၁၃-၁၄ ဘောလုံးရာသီက ရော်နယ်ဒိုတင်ထားခဲ့တဲ့ တစ်ရာသီအတွင်းချန်ပီယံလိဂ် (၁၇)ဂိုး စံချိန်ကို လိုက်မီဖို့ထက် ကွာတားဖိုင်နယ်မှာ ကစားရမယ့် ဘာစီလိုနာအသင်းနဲ့ပွဲကိုသာ အာရုံစိုက်ထားကြောင်း ဆိုလိုက်ပါတယ်။

IMAGE – Goal.com

⚽ အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် အူဘာမီယန်ကို စာချုပ်သက်တမ်းတိုးပြီးပါက တိုက်စစ်မှူး လာကာဇက်တီကို ပေါင်သန်း(၃၀)နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းထံ ရောင်းချသွားဖွယ် ရှိနေပါတယ်။

IMAGE: BR

⚽ ချယ်ဆီးနည်းပြလမ်းပတ်က ခံစစ်ပိုင်းကို ပြန်လည်ပြုပြင်ဖို့အတွက် မန်စီးတီးကနေ ထွက်ခွာဖို့ရှိတဲ့ အသက်(၂၆)နှစ်အရွယ် ခံစစ်မှူး ဂျွန်စတုန်းစ်ကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

⚽ စပါးနဲ့ဝက်စ်ဟမ်းအသင်းများက စိတ်ဝင်စားလျက်ရှိတဲ့ အသက်(၂၅)နှစ်အရွယ် မာဆေးလ်ကွင်းလယ်လူ မော်ဂန်ဆန်ဆွန်ကို အာဆင်နယ်အသင်းကပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

IMAGE – Goal.com

⚽ လက်စတာနဲ့ လီဗာပူးအသင်းတို့ဟာ အိုလံပီယာကို့စ်အသင်းရဲ့ အသက်(၂၄)နှစ်အရွယ် ဘယ်နောက်ခံလူ ကော့စ်တက်စ် တဆီမီကက်စ်ကို ပေါင်(၁၂)သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

⚽ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားပြီဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ကစားသမား အစ္စမေလာဆားကို ပေါင်သန်း(၄၀)ရရှိမှသာ ရောင်းချသွားမှာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

IMAGE – Goal.com

⚽ ဒေါ့မွန်အသင်းဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့် ဆန်ချိုကို မန်ယူအသင်းက ပေါင်သန်း(၁၀၀)ဖြင့် မနက်ဖြန်ဩဂုတ်လ(၁၀)ရက်နေ့နောက်ဆုံး မကမ်းလှမ်းလာခဲ့ပါက ကစားသမားကို လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားတော့မယ်လို့ သတိပေးလိုက်ပါတယ်။

IMAGE – Goal.com

⚽ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူနေရတဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ လိုင်ယွန်အသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်အထိတိုင် ပြန်လည်သက်သာဖို့ မသေချာသေးကြောင်း သိရပါတယ်။

[ZAWGYI]

IMAGE – Goal.com

⚽ ဒီရာသီ ခ်န္ပီယံလိဂ္(၇)ပြဲမွာ ၁၃ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ၂၀၁၃-၁၄ ေဘာလုံးရာသီက ေရာ္နယ္ဒိုတင္ထားခဲ့တဲ့ တစ္ရာသီအတြင္းခ်န္ပီယံလိဂ္ (၁၇)ဂိုး စံခ်ိန္ကို လိုက္မီဖို႔ထက္ ကြာတားဖိုင္နယ္မွာ ကစားရမယ့္ ဘာစီလိုနာအသင္းနဲ႔ပြဲကိုသာ အာ႐ုံစိုက္ထားေၾကာင္း ဆိုလိုက္ပါတယ္။

IMAGE – Goal.com

⚽ အာဆင္နယ္အသင္းဟာ အသင္းေခါင္းေဆာင္ အူဘာမီယန္ကို စာခ်ဳပ္သက္တမ္းတိုးၿပီးပါက တိုက္စစ္မႉး လာကာဇက္တီကို ေပါင္သန္း(၃၀)နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းထံ ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။

IMAGE: BR

⚽ ခ်ယ္ဆီးနည္းျပလမ္းပတ္က ခံစစ္ပိုင္းကို ျပန္လည္ျပဳျပင္ဖို႔အတြက္ မန္စီးတီးကေန ထြက္ခြာဖို႔ရွိတဲ့ အသက္(၂၆)ႏွစ္အ႐ြယ္ ခံစစ္မႉး ဂြၽန္စတုန္းစ္ကို ေပါင္သန္း(၂၀)နဲ႔ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

⚽ စပါးနဲ႔ဝက္စ္ဟမ္းအသင္းမ်ားက စိတ္ဝင္စားလ်က္ရွိတဲ့ အသက္(၂၅)ႏွစ္အ႐ြယ္ မာေဆးလ္ကြင္းလယ္လူ ေမာ္ဂန္ဆန္ဆြန္ကို အာဆင္နယ္အသင္းကပါ ပစ္မွတ္ထားလာခဲ့ပါတယ္။

IMAGE – Goal.com

⚽ လက္စတာနဲ႔ လီဗာပူးအသင္းတို႔ဟာ အိုလံပီယာကို႔စ္အသင္းရဲ႕ အသက္(၂၄)ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံလူ ေကာ့စ္တက္စ္ တဆီမီကက္စ္ကို ေပါင္(၁၂)သန္းဝန္းက်င္နဲ႔ ေခၚယူဖို႔ ခ်ိန္႐ြယ္ေနပါတယ္။

⚽ ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားၿပီျဖစ္တဲ့ ဝက္ဖို႔ဒ္အသင္းဟာ သူတို႔ရဲ႕ တိုက္စစ္ကစားသမား အစၥေမလာဆားကို ေပါင္သန္း(၄၀)ရရွိမွသာ ေရာင္းခ်သြားမွာျဖစ္ေၾကာင္း အသိေပးလိုက္ပါတယ္။

IMAGE – Goal.com

⚽ ေဒါ့မြန္အသင္းဟာ သူတို႔ရဲ႕လူငယ္ၾကယ္ပြင့္ ဆန္ခ်ိဳကို မန္ယူအသင္းက ေပါင္သန္း(၁၀၀)ျဖင့္ မနက္ျဖန္ဩဂုတ္လ(၁၀)ရက္ေန႔ေနာက္ဆုံး မကမ္းလွမ္းလာခဲ့ပါက ကစားသမားကို လစာတိုးေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားေတာ့မယ္လို႔ သတိေပးလိုက္ပါတယ္။

IMAGE – Goal.com

⚽ ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္ အနားယူေနရတဲ့ မန္စီးတီးတိုက္စစ္မႉး အဂူ႐ိုဟာ လိုင္ယြန္အသင္းနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပြဲစဥ္အထိတိုင္ ျပန္လည္သက္သာဖို႔ မေသခ်ာေသးေၾကာင္း သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!