9-August-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

⚽ ဒေါ့မွန်အသင်းဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့် ဆန်ချိုကို မန်ယူအသင်းက ပေါင်သန်း(၁၀၀)ဖြင့် မနက်ဖြန်ဩဂုတ်လ(၁၀)ရက်နေ့နောက်ဆုံး မကမ်းလှမ်းလာခဲ့ပါက ကစားသမားကို လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားတော့မယ်လို့ သတိပေးလိုက်ပါတယ်။

IMAGE – Goal.com

⚽ မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ ဒူးဒဏ်ရာရရှိနေတာကြောင့် ကိုပင်ဟေဂင်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

IMAGE – Goal.com

⚽ ဒီရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ (၂၂)ဂိုးသွင်းထားတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က (၂၃)ဂိုးသွင်းထားတဲ့ အသင်းဖော် တိုက်စစ်မှူး မာရှယ်လ်နဲ့ ရာသီအကုန်မှာ ဘယ်သူဂိုးသွင်းပိုများသလဲ ပြိုင်ဆိုင်နေကြောင်း ဝန်ခံသွားခဲ့ပါတယ်။

IMAGE – Goal.com

⚽ မန်ယူအသင်းအနေနဲ့ ပေါင်(၁၀၈)သန်းတန် ဒေါ့မွန်ကြယ်ပွင့်ဆန်ချိုနဲ့ ပေါင်သန်း(၈၀)တန် ဗီလာကွင်းလယ်လူ ဂရေးလစ်ရှ်တို့ကြား ဗျာများမနေသင့်ဘဲ တစ်ဦးဦးကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ခေါ်ယူသင့်ကြောင်း ဖီးလ်နဗီးလ်က အကြံပေးလိုက်ပါတယ်။

IMAGE – Goal.com

⚽ မန်ယူအသင်းဟာ ရှက်ဖီးလ်မှာ အငှားသွားရောက်ကစားနေတဲ့ လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန်ကို သေချာပေါက် စာချုပ်သက်တမ်းတိုးမှာဖြစ်ပေမယ့် ရှက်ဖီးလ်အသင်းမှာပဲ နောက်တစ်ရာသီ ဆက်လက် အငှားချထားဖွယ် ရှိနေပါတယ်။

IMAGE – Goal.com

⚽ မန်ယူကစားသမားဟောင်း ဖာဒီနန်က ချယ်ဆီးလူငယ်တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းဟာ ဒေါ့မွန်ကြယ်ပွင့်ဆန်ချိုကဲ့သို့ အရည်အသွေးပြည့်ဝသူဖြစ်ပေမယ့် ပြည်ပထွက်ပြီး မစွန့်စားရဲခြင်း ၊ ဒဏ်ရာများနဲ့ ရုန်းကန်နေရခြင်း ၊ ချယ်ဆီးမှာ ပုံမှန်ကစားခွင့်မရခြင်းတို့ကြောင့်သာ မှေးမှိန်နေရကြောင်း သုံးသပ်သွားခဲ့ပါတယ်။

⚽ မန်ယူအသင်းအနေနဲ့ ပုံမှန်သွင်းဂိုးများ ရယူနိုင်ဖို့အတွက် စပါးတိုက်စစ်မှူး ဟာရီကိန်းထက်စာရင် ဒေါ့မွန်ကြယ်ပွင့်ဆန်ချိုကိုသာ ဦးစားပေးခေါ်ယူသင့်ကြောင့် မန်ယူဂန္တဝင် ကစားသမား ပေါလ်စခိုးလ်မှ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

IMAGE – Goal.com

⚽ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချိုဟာ မန်ယူနဲ့ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်တဲ့ အဆင့်သာ ရှိသေးပေမယ့် မန်ယူကစားသမာများ အချင်းချင်း စကားပြောရန် စုဖွဲ့ထားသော WhatsApp ဂရုထဲမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

[ZAWGYI]


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com



IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!