9-Aug-2020 အာဆင္နယ္သတင္းတုိမ်ား

[UNICODE]

⚽ အာဆင်နယ်နဲ့ အနာဂတ် မရေရာဖြစ်နေနဲ့ ကွင်းလယ်လူ တော်ရဲရားကို စီးရီးအေကလပ် အေစီမီလန်က စောင့်ကြည့်လျက်ရှိနေပါတယ်။ အာဆင်နယ်မှာ ပွဲကစားခွင့်နည်းပါးနေခြင်းကို တော်ရဲရားက စိတ်ပျက်နေတာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ ဟန်ပြင်နေတာပါ။

IMAGE: BR

⚽ ကွင်းလယ်လူ မစ်လန်နိုင်းလ်နဲ့ပတ်သက်ပြီး နည်းပြအာတီတာနဲ့ အသင်းဘုတ်အဖွဲ့ကြား သဘောထားကွဲလွဲနေပါတယ်။ ဘုတ်အဖွဲ့ဟာ အပြောင်းအရွှေ့ဘတ်ဂျက်ရရှိအောင် မစ်လန်နိုင်းလ်ကို ရောင်းချလိုပေမယ့် အာတီတာကတော့ သူ့ကို အသင်းမှာသာ ဆက်ထိန်းထားချင်နေပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ သူတို့ စိတ်ဝင်စားနေတဲ့ လိုင်လီနောက်ခံလူ ဂါဘရီရယ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးနောက်ထပ် (၂) ရက်စောင့်ရမယ်လို့ သိရပါတယ်။ ဂါဘရီရယ်ဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး လာမယ့် (၂) ရက်အတွင်း ဆုံးဖြတ်သွားမှာပါ။

IMAGE – Goal.com

⚽ အာဆင်နယ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ အသင်းခေါင်းဆောင် အူဘာမီယန်းကပဲ ရရှိသွားခဲ့ပါတယ်။ အူဘာမီယန်းဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၉) ဂိုးအထိ သွင်းယူပေးခဲ့ပြီး အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ကော်တင်ဟိုနဲ့ သူ့ရဲ့ကိုယ်စားလှယ်တို့ဟာ အာဆင်နယ်လေ့ကျင့်ရေးကို လာရောက်ပြီး အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ညှိနှိုင်းဆွေးနွေးခဲ့တာပါ။

⚽ အာဆင်နယ်အနေနဲ့ ကော်တင်ဟိုထက် ဝီလီယံကို ခေါ်တာက အန္တရာယ်ကင်းတယ်လို့ မာတင်ကီအွန်က သုံးသပ်သွားခဲ့ပါတယ်။ ဝီလီယံဟာ လန်ဒန်မြို့မှာပဲ ရှိသူဖြစ်ပြီး ပရီးမီးယာားလိဂ်ကို ကောင်းစွာ သိရှိသူဖြစ်ကြောင်း၊ ကော်တင်ဟိုကတော့ နည်းနည်း အထိုင်မကျဖြစ်လိမ့်မယ်လို့ မာတင်ကီအွန်က အကြံပြုသုံးသပ်သွားခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းဟာ လိုင်ယွန်ကြယ်ပွင့် အော်ယာကို ခေါ်ယူဖို့ စိတ်ဝင်စားဆဲဖြစ်ပြီး မန်စီးတီးနဲ့အပြိုင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အော်ယာကလည်း လိုင်ယွန်ကနေ ထွက်ခွာချင်နေသူပါ။

[ZAWGYI]

⚽ အာဆင္နယ္္နဲ႔ အနာဂတ္ မေရရာျဖစ္ေနနဲ႔ ကြင္းလယ္လူ ေတာ္ရဲရားကို စီးရီးေအကလပ္ ေအစီမီလန္က ေစာင့္ၾကည့္လ်က္ရွိေနပါတယ္။ အာဆင္နယ္မွာ ပြဲကစားခြင့္နည္းပါးေနျခင္းကို ေတာ္ရဲရားက စိတ္ပ်က္ေနတာျဖစ္ၿပီး အသင္းကေန ထြက္ခြာဖို႔ ဟန္ျပင္ေနတာပါ။

IMAGE: BR

⚽ ကြင္းလယ္လူ မစ္လန္ႏုိင္းလ္နဲ႔ပတ္သက္ၿပီး နည္းျပအာတီတာနဲ႔ အသင္းဘုတ္အဖြဲ႕ၾကား သေဘာထားကြဲလြဲေနပါတယ္။ ဘုတ္အဖြဲ႕ဟာ အေျပာင္းအေရႊ႕ဘတ္ဂ်က္ရရွိေအာင္ မစ္လန္ႏိုင္းလ္ကို ေရာင္းခ်လိုေပမယ့္ အာတီတာကေတာ့ သူ႔ကို အသင္းမွာသာ ဆက္ထိန္းထားခ်င္ေနပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းဟာ သူတို႔ စိတ္၀င္စားေနတဲ့ လိုင္လီေနာက္ခံလူ ဂါဘရီရယ္ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီးေနာက္ထပ္ (၂) ရက္ေစာင့္ရမယ္လုိ႔ သိရပါတယ္။ ဂါဘရီရယ္ဟာ သူ႔အနာဂတ္နဲ႔ ပတ္သက္ၿပီး လာမယ့္ (၂) ရက္အတြင္း ဆံုးျဖတ္သြားမွာပါ။

IMAGE – Goal.com

⚽ အာဆင္နယ္ရဲ႕တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုေတာ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းကပဲ ရရွိသြားခဲ့ပါတယ္။ အူဘာမီယန္းဟာ ဒီရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစံု (၂၉) ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အက္ဖ္ေအဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းဟာ ဘာစီလိုနာကြင္းလယ္လူ ေကာ္တင္ဟိုကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလုိ႔ သိရပါတယ္။ ေကာ္တင္ဟိုနဲ႔ သူ႔ရဲ႕ကိုယ္စားလွယ္တုိ႔ဟာ အာဆင္နယ္ေလ့က်င့္ေရးကို လာေရာက္ၿပီး အေျပာင္းအေရႊ႕ကိစၥရပ္ေတြအတြက္ ညွိႏိႈင္းေဆြးေႏြးခဲ့တာပါ။

⚽ အာဆင္နယ္အေနနဲ႔ ေကာ္တင္ဟိုထက္ ၀ီလီယံကို ေခၚတာက အႏၱရာယ္ကင္းတယ္လို႔ မာတင္ကီအြန္က သံုးသပ္သြားခဲ့ပါတယ္။ ၀ီလီယံဟာ လန္ဒန္ၿမိဳ႕မွာပဲ ရွိသူျဖစ္ၿပီး ပရီးမီးယာားလိဂ္ကို ေကာင္းစြာ သိရွိသူျဖစ္ေၾကာင္း၊ ေကာ္တင္ဟိုကေတာ့ နည္းနည္း အထုိင္မက်ျဖစ္လိမ့္မယ္လို႔ မာတင္ကီအြန္က အႀကံျပဳသံုးသပ္သြားခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္အာဆင္နယ္အသင္းဟာ လိုင္ယြန္ၾကယ္ပြင့္ ေအာ္ယာကို ေခၚယူဖုိ႔ စိတ္၀င္စားဆဲျဖစ္ၿပီး မန္စီးတီးနဲ႔အၿပိဳင္ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ေအာ္ယာကလည္း လိုင္ယြန္ကေန ထြက္ခြာခ်င္ေနသူပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!