ဆန်ချိုအတွက် ဒေါ့မွန် နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနေဆဲ ဖြစ်တဲ့ မန်ယူ

[UNICODE] မန်ယူအသင်းက ဒေါ့မွန်က ဆန်ချိုကို ခေါ်ယူဖို့အတွက် ငွေကြေးပေးချေမယ့် ပုံစံကို ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ Sky Sports က ဖော်ပြလိုက်ပါတယ်။ ဒေါ့မွန် က အားကစားဒါရိုက် မိုက်ကယ်ဇော့ က သူ့အတွက် သတ်မှတ်ထားတဲ့ ယူရို သန်း ၁၂၀ ကို လျှော့ပေးမှာ မဟုတ်ပဲ တင်းခံ နေဆဲ ဖြစ်ပါတယ်။

skysports-jadon-sancho-borussia-5014362
IMAGE: GOAL

ဒေါ့မွန် အသင်းက သူတို့အသင်း ဆွစ်ဇာလန် မှာ လေ့ကျင့်ခန်း မဆင်းခင် သြဂုတ် ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မန်ယူကို ခေါ်ယူဖို့အတွက် သတိပေးထားတယ်လို့သိရပါတယ်။ ဒေါ့မွန် က ဒမ်ဘီလီကို ဘာစီလိုနာ ကို ရောင်းချတုန်းကလို ဆန်ချိုကို မန်ယအသင်းထံ ရောင်းချ ချင်နေတာဖြစ်ပါတယ်။

ဒေါ့မွန်က ဒမ်ဘီလီကို သြဂုတ် ၂၀၁၇ မှာ ရောင်းချတုန်းက ယူရို သန်း ၁၄၀ တောင်းခံ ခဲ့ပေမယ့် တစ်ကယ်တန်း တေ့တော့ ဆိုင်ဆိုင် နဲ့ အပြောင်းအရွှေ့ ဖြစ်သွားတာက ယူရို ၁၀၅ သန်း နဲ့ တစ်ခြား အပိုဆုကြေးတွေ ဖြစ်ပါတယ်။ ဆန်ချိုကိုလည်း မန်ယူကို ရောင်းချမယ်ဆိုရင် ကနဦး အနေနဲ့ သူတို့က ယူရို သန်း ၁၀၀ အလို ရှိနေတာဖြစ်ပြီး ကျန်တာကို ဆုငွေ တွေနဲ့ ထပ်ပေးချေစေချင်တာဖြစ်ပါတယ်။

Jadon-Sancho
IMAGE: GOAL

မန်ယူအသင်း အနေနဲ့ အခုလို ကိုရိုနာ ကပ်ဆိုး ကာလမှာ ကစားသမား တစ်ယောက်ထဲ အတွက် ပဲ ယူရို သန်း ၁၂၀ ကို လုံးကနဲ အသုံးပြုလိုခြင်း မရှိပါဘူး။ ဆန်ချို က ဒေါ့မွန် အသင်းအတွက် ဘွန်းဒစ်လီဂါမှာ ပြီးခဲ့တဲ့ ရာသီမှာ ၃၂ ပွဲ ကစားရာမှာ စုစုပေါင်း ၁၇ ဂိုးသွင်းပြီး ၁၇ ဂိုး ဖန်တီးပေးနိူင်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီ သတင်းစာ Bild ကတက်လာတဲ့သတင်းအဆိုအရမန်ယူအသင်းကဒေါ့မွန်တောင်းဆိုတဲ့ယူရိုသန်း၁၂၀ကိုပေးချေဖို့အဆင်သင့်ရှိနေပေမယ့်လည်းလုံးကနဲပေးမှာမဟုတ်ပဲယူရိုသန်း၇၀၊ယူရိုသန်း၃၀နဲ့ယူရိုသန်း၂၀တို့ကို၃ခါခွဲပြီးပေးချေသွားဖို့ဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

jadon-sancho-dortmund-man-utd-graphic-korgxnc2wgy813j69s0bypq10
IMAGE: GOAL

မန်ယူအသင်း နဲ့ ဆန်ချိုတို့ ကြား ပုဂိုလ်ရေးရာ သဘောတူညီချက်က ရရှိသွားပြီ ဖြစ်သလို ဆန်ချိုကိုယ်တိုင်ကလည်း အင်္ဂလန်ကို ပြန်လာချင်နေတာဖြစ်ပါတယ်။ ရိုင်ယန် ဂစ်ကတော့ ဆန်ချိုကို ခေါ်ယူဖို့ မန်ယူကို တိုက်တွန်းထားတာဖြစ်ပါတယ်။

သူက “သူတို့ ၂ ယောက်လုံးက ထူးချွန်တဲ့ ကစားသမားတွေပါ။ ဆန်ချိုက လျင်မြန်ပြီး ဘောလုံးစွမ်းရည် ကောင်းတဲ့ ကစားသမားပါ။ သူက တစ်ဖက် နောက်တန်းကို ကောင်းကောင်း မွှေနှောက်နိူင်တဲ့ ကစားသမားပါ။ မန်ယူသူ့ကို ခေါ်ဖို့ လိုအပ်ပါတယ်။” ဆိုပြီး ပြောလိုက်ပါတယ်။

IMAGE: GOAL

ဇူလိုင်လက ၂၇ ရက်နေ့ကတည်းက အပြောင်းအရွှေ့ ဈေးကွက်က ဖွင့်ခဲ့တာဖြစ်ပြီး ၁၀ ပတ် အကြာ ဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ပိတ်မှာ ဖြစ်ပါတယ်။ မန်ယူအသင်း အနေနဲ့ တစ်ကယ်လို့ ဆန်ချိုကို ခေါ်ယူဖို့ အဆင် မပြေခဲ့ဘူးဆိုရင်တော့ ဘေယန်မြူးနစ် အသင်းက ကင်စလေ ကိုးမင်း ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ လည်း ဆိုပါတယ်။

လက်ရှိမှာ လူငယ် ကစားသမားဖြစ်တဲ့ မေဆင် ဂရင်းဝုဒ်ကလည်း ခြေစွမ်းပြသနိူင်တာကြောင့် မန်ယူအသင်း အနေနဲ့ ဆန်ချိုကို ယူရိုသန်းပေါင်းများစွာ ပေးပြီး ခေါ်မလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

REF: SKY SPORTS

[ZAWGYI] မန္ယူအသင္းက ေဒါ့မြန္က ဆန္ခ်ဳိကို ေခၚယူဖို ့အတြက္ ေငြေၾကးေပးေခ်မယ့္ ပုံစံကုိ ေဆြးေႏြးေနဆဲ ျဖစ္တယ္လို ့ Sky Sports က ေဖာ္ျပလိုက္ပါတယ္။ ေဒါ့မြန္ က အားကစားဒါရိုက္ မိုက္ကယ္ေဇာ့ က သူ ့အတြက္ သတ္မွတ္ထားတဲ့ ယူရို သန္း ၁၂၀ ကို ေလွ်ာ့ေပးမွာ မဟုတ္ပဲ တင္းခံ ေနဆဲ ျဖစ္ပါတယ္။

skysports-jadon-sancho-borussia-5014362
IMAGE: GOAL

ေဒါ့မြန္ အသင္းက သူတို ့အသင္း ဆြစ္ဇာလန္ မွာ ေလ့က်င့္ခန္း မဆင္းခင္ ၾသဂုတ္ ၁၀ ရက္ေန ့ ေနာက္ဆုံးထားျပီး မန္ယူကို ေခၚယူဖို ့အတြက္ သတိေပးထားတယ္လို ့သိရပါတယ္။ ေဒါ့မြန္ က ဒမ္ဘီလီကို ဘာစီလိုနာ ကို ေရာင္းခ်တုန္းကလို ဆန္ခ်ဳိကို မန္ယအသင္းထံ ေရာင္းခ် ခ်င္ေနတာျဖစ္ပါတယ္။

ေဒါ့မြန္က ဒမ္ဘီလီကို ၾသဂုတ္ ၂၀၁၇ မွာ ေရာင္းခ်တုန္းက ယူရို သန္း ၁၄၀ ေတာင္းခံ ခဲ့ေပမယ့္ တစ္ကယ္တန္း ေတ့ေတာ့ ဆိုင္ဆိုင္ နဲ ့ အေျပာင္းအေရႊ ့ ျဖစ္သြားတာက ယူရို ၁၀၅ သန္း နဲ့ တစ္ျခား အပိုဆုေၾကးေတြ ျဖစ္ပါတယ္။ ဆန္ခ်ဳိကိုလည္း မန္ယူကို ေရာင္းခ်မယ္ဆိုရင္ ကနဦး အေနနဲ ့ သူတို ့က ယူရို သန္း ၁၀၀ အလို ရွိေနတာျဖစ္ျပီး က်န္တာကို ဆုေငြ ေတြနဲ ့ ထပ္ေပးေခ်ေစခ်င္တာျဖစ္ပါတယ္။

Jadon-Sancho
IMAGE: GOAL

မန္ယူအသင္း အေနနဲ ့ အခုလို ကိုရုိနာ ကပ္ဆိုး ကာလမွာ ကစားသမား တစ္ေယာက္ထဲ အတြက္ ပဲ ယူရုိ သန္း ၁၂၀ ကို လုံးကနဲ အသုံးျပဳလိုျခင္း မရွိပါဘူး။ ဆန္ခ်ိဳ က ေဒါ့မြန္ အသင္းအတြက္ ဘြန္းဒစ္လီဂါမွာ ျပီးခဲ့တဲ့ ရာသီမွာ ၃၂ ပြဲ ကစားရာမွာ စုစုေပါင္း ၁၇ ဂိုးသြင္းျပီး ၁၇ ဂိုး ဖန္တီးေပးႏိူင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီ သတင္းစာ Bild ကတက္လာတဲ့သတင္းအဆုိအရမန္ယူအသင္းကေဒါ့မြန္ေတာင္းဆိုတဲ့ယူရိုသန္း၁၂၀ကိုေပးေခ်ဖို့အဆင္သင့္ရွိေနေပမယ့္လည္းလုံးကနဲေပးမွာမဟုတ္ပဲယူရိုသန္း၇၀၊ယူရိုသန္း၃၀နဲ့ယူရိုသန္း၂၀တို့ကို၃ခါခြဲျပီးေပးေခ်သြားဖို့ေဆြးေႏြးေနဆဲျဖစ္တယ္လို့သိရပါတယ္။

jadon-sancho-dortmund-man-utd-graphic-korgxnc2wgy813j69s0bypq10
IMAGE: GOAL

မန္ယူအသင္း နဲ့ ဆန္ခ်ဳိတို ့ ၾကား ပုဂိဳလ္ေရးရာ သေဘာတူညီခ်က္က ရရွိသြားျပီ ျဖစ္သလို ဆန္ခ်ဳိကုိယ္တိုင္ကလည္း အဂၤလန္ကို ျပန္လာခ်င္ေနတာျဖစ္ပါတယ္။ ရိုင္ယန္ ဂစ္ကေတာ့ ဆန္ခ်ဳိကို ေခၚယူဖို ့ မန္ယူကို တိုက္တြန္းထားတာျဖစ္ပါတယ္။

သူက “သူတို ့ ၂ ေယာက္လုံးက ထူးခြ်န္တဲ့ ကစားသမားေတြပါ။ ဆန္ခ်ဳိက လ်င္ျမန္ျပီး ေဘာလုံးစြမ္းရည္ ေကာင္းတဲ့ ကစားသမားပါ။ သူက တစ္ဖက္ ေနာက္တန္းကို ေကာင္းေကာင္း ေမႊေႏွာက္ႏိူင္တဲ့ ကစားသမားပါ။ မန္ယူသူ ့ကို ေခၚဖို ့ လိုအပ္ပါတယ္။” ဆိုျပီး ေျပာလိုက္ပါတယ္။

IMAGE: GOAL

ဇူလိုင္လက ၂၇ ရက္ေန ့ကတည္းက အေျပာင္းအေရႊ ့ ေစ်းကြက္က ဖြင့္ခဲ့တာျဖစ္ျပီး ၁၀ ပတ္ အၾကာ ျဖစ္တဲ့ ေအာက္တိုဘာ ၅ ရက္ေန ့မွာ ပိတ္မွာ ျဖစ္ပါတယ္။ မန္ယူအသင္း အေနနဲ ့ တစ္ကယ္လို ့ ဆန္ခ်ဳိကို ေခၚယူဖို ့ အဆင္ မေျပခဲ့ဘူးဆိုရင္ေတာ့ ေဘယန္ျမဴးနစ္ အသင္းက ကင္စေလ ကိုးမင္း ကို အငွားေခၚယူဖို ့ စိတ္၀င္စားေနတယ္လုိ ့ လည္း ဆိုပါတယ္။

လက္ရွိမွာ လူငယ္ ကစားသမားျဖစ္တဲ့ ေမဆင္ ဂရင္း၀ုဒ္ကလည္း ေျခစြမ္းျပသႏိူင္တာေၾကာင့္ မန္ယူအသင္း အေနနဲ ့ ဆန္ခ်ဳိကုိ ယူရိုသန္းေပါင္းမ်ားစြာ ေပးျပီး ေခၚမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

REF: SKY SPORTS



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!