ဆန်ချို ရဲ့ နောက်ဆုံး အခြေအနေနဲ့ ဂါဘရီရဲလ် အေးဂျင့် နဲ့မန်ယူ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့

[UNICODE] ဆိုးရှားတောင်းဆိုတဲ့ လူအင်အား ဖြည့်တင်းပေးဖို့အတွက် မန်ယူအသင်းက တာဝန်ရှိသူတွေက စတင်လှုပ်ရှားနေပြီလို့ သတင်းတွေ ထွက်လာပါတယ်။ ဒီရာသီမှာ ဆန်ချိုကို အသည်းအသန် လိုက်နေပေမယ့် ဒေါ့မွန် အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ က ဆန်ချိုကို ယူရို သန်း ၁၂၀ ရမှ ရောင်းချမှာဖြစ်ကြောင်း သူ့ကို သြဂုတ် ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ခေါ်ယူခိုင်းတာကြောင့် အပြောင်းအရွှေ့က ေ၀ ဝါးလာပါတယ်။

NINTCHDBPICT000591103443
IMAGE: GOAL

မန်ယူအသင်း အနေနဲ့ သြဂုတ်လ ၁၀ ရက် အတွင်းမှာ ခေါ်ယူဖို့ အစီအစဉ် မရှိသလို ယူရို သန်း ၁၂၀ လည်း ပေးချေလိုခြင်း မရှိဘူးလို့ဆိုပါတယ်။ မန်ယူအသင်းက ဆန်ချိုအတွက် ကနဦး ပေါင် သန်း ၆၀ သာ ပေးချေလိုပြီး နောက်ထပ် ပေါင် သန်း ၄၀ ကို နောက်မှ ပေးချေလိုတာဖြစ်ပါတယ်။

ဒါ့အပြင် ဆိုးရှားအသင်းက နောက်နှစ်မှာ ချန်ပီယံလိဂ် ပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို မန်စီးတီး နဲ့ လီဗာပူး အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ စိန်ခေါ်နိူင်ဖို့အတွက် လူအင်အား ဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

0-Getty-Images-1259112530
IMAGE: GOAL

ဆိုးရှားကတော့ အက်ဝုဒ်ဝတ်ကို ပေါင် သန်း ၁၄၀ ကျော်အထိ သုံးစွဲဖို့ တောင်းခံထားတယ်လို့ လည်း သိရပါတယ်။ ဆိုးရှားက လက်ရှိမှာ သူ့ နောက်တန်းကို ကျေနပ်အားရခြင်း မရှိတာကြောင့် နောက်ခံလူ တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။

လိုင်လီ အသင်းက ဂါဘရီရဲလ် ရဲ့ အေးဂျင့် က UK ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ ကစားသမားအတွက် အသင်းသစ်ကို ရှာဖွေနေတာဖြစ်ပါတယ်။ ပြင်သစ် ဂျာနယ်လစ် မိုဟာမက် ဘိုဟဆီ ကတော့ ဂါဘရီရဲလ်ရဲ့ အေးဂျင့် နဲ့ မန်ယူအသင်းက တာဝန်ရှိသူတွေက တွေ့ဆုံခဲ့တယ်ဆိုပြီး ဖော်ပြလိုက်ပါတယ်။

0-Getty-Images-1206119101
IMAGE: GOAL

ဂါဘရီရဲလ်က ကိုရိုနာ မဖြစ်ခင်တုန်းက အဲဗာတန် အသင်းကို ရောက်ရှိလုနီးပါး ဖြစ်ခဲ့တဲ့ ကစားသမားလည်း ဖြစ်သလို ဒီကစားသမားအတွက် လိုင်လီက ပေါင် ၂၇ သန်းအလိုရှိနေတာကြောင့် အဲဗာတန်က ပေးချေလိုခြင်းလည်း မရှိသေးတာဖြစ်ပါတယ်။

ဘာဘာတော့ဗ် ကိုယ်တိုင် မန်ယူအသင်း အနေနဲ့ နောက်ရာသီက ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိူင်ဖို့အတွက် မက်ဂွိုင်းယား နဲ့ တွဲဖက်နိူင်မယ့် နောက်ခံလူ တစ်ယောက် အသင့်ရှိနေဖို့လို အပ်ကြောင်း ခုချိန်မှာ ဝမ်ဘက်ဆီကာ သာလျင် အရံ အနေနဲ့ ရှိကြောင်း ထောက်ပြခဲ့ပါတယ်။

REF: DAILY MIRROR

နောက်ဆုံး မန်ယူသတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။

[ZAWGYI] ဆိုးရှားတောင်းဆိုတဲ့ လူအင်အား ဖြည့်တင်းပေးဖို့ အတွက် မန်ယူအသင်းက တာဝန်ရှိသူတွေက စတင်လှုပ်ရှားနေပြီလို့  သတင်းတွေ ထွက်လာပါတယ်။ ဒီရာသီမှာ ဆန်ချိုကို အသည်းအသန် လိုက်နေပေမယ့် ဒေါ့မွန် အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ က ဆန်ချိုကို ယူရို သန်း ၁၂၀ ရမှ ရောင်းချမှာဖြစ်ကြောင်း သူ့ ကို သြဂုတ် ၁၀ ရက်နေ့  နောက်ဆုံးထားပြီး ခေါ်ယူခိုင်းတာကြောင့် အပြောင်းအရွှေ့က ဝေ ၀ါးလာပါတယ်။

IMAGE: GOAL


ဒါ့အပြင် ဆိုးရှားအသင်းက နောက်နှစ်မှာ ချန်ပီယံလိဂ် ပါ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို မန်စီးတီး နဲ့  လီဗာပူး အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ စိန်ခေါ်နိုင်ဖို့ အတွက် လူအင်အား ဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

IMAGE: GOAL



IMAGE: GOAL


ဘာဘာတော့ဗ် ကိုယ်တိုင် မန်ယူအသင်း အနေနဲ့ နောက်ရာသီက ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် မက်ဂွိုင်းယား နဲ့ တွဲဖက်နိုင်မယ့် နောက်ခံလူ တစ်ယောက် အသင့်ရှိနေဖို့ လို အပ်ကြောင်း ခုချိန်မှာ ၀မ်ဘက်ဆီကာ သာလျင် အရံ အနေနဲ့  ရှိကြောင်း ထောက်ပြခဲ့ပါတယ်။

REF: DAILY MIRROR



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!