2-August-2020 ချဲလ်ဆီးသတင်းများ

lampard-5-1200-min
IMAGE: GOAL

[UNICODE] ⚽ ချဲလ်ဆီးအသင်းက နည်းပြ လမ်းပတ်ကတော့ သူ့ အသင်း အနေနဲ့ ပထမပိုင်း ကစားတာ ကောင်းမွန်ပြီး ဂိုးစောစော ရခဲ့ပေမယ့် ထိန်းကစားခဲ့ကာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိူင်ခဲ့တာကြောင့် ရှုံးတာကို လက်ခံကြောင်း ပူလီဆစ်၊ ဆီဆာ နဲ့ ပက်ဒရိုတို့ ဒဏ်ရာအတွက် အင်မတန် စိတ်ပျက်ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။

Getty-Images-1152471057
IMAGE: GOAL

⚽ အာဆင်နယ် နဲ့ ချဲလ်ဆီး ၂ သင်းလုံးမှာ ကစားဖူးတဲ့ ဖာဘရီဂတ်စ် ကတော့ ဒီ ၂ သင်းရဲ့ အဓိက ခြားနားချက်က အာဆင်နယ်အသင်းက ဘောလုံးကို လှလှ ပပ ကစားမှာ ဖြစ်ပေမယ့် ချဲလ်ဆီးကတော့ အနိူင်ရရှိဖို့အတွက် ဘယ်နည်းမဆို ကစားမယ့် အသင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းဆိုပြီး ပြောကြားလိုက်ပါတယ်။

john-terry-chelsea-13e1l7w1kgh8l1dv7llucrekhp
IMAGE: GOAL

⚽ ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ ကတော့ FA ဖလားပွဲကို ကိုင်တွယ်တဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာ ရဲ့ စွမ်းဆောင်ရည်က အင်မတန် စိတ်ပျက်စရာ ကောင်းကြောင်း ကိုဗာချစ် ဒုတိယ အဝါ မရသင့်ကြောင်း ဒုတိယ ဂိုးက ခရစ်တီယန်ဆင် ရဲ့ ဖောင်း တာကြောင့် မပေးသင့်ကြောင်း ဝေဖန် ပြောဆိုခဲ့ပါတယ်။

0-Getty-Images-1206707208
IMAGE: GOAL

⚽ ဘာဘာတောဗ့် ကတော့ ချဲလ်ဆီး အသင်း အနေနဲ့ နောက်ရာသီမှာ တစ်ခြား ကစားသမားတွေကို ခေါ်ယူတာထက်စာရင် အလက်တီကို က ဂိုးသမား အိုဘလက် ကိုသာ အရခေါ်ယူသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ အလက်တီကိုက သူတို့ ကစားသမားအတွက် ယူရို သန်း ၁၂၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

kai-havertz-chelsea-22
IMAGE: GOAL

⚽ Football London အရ ချဲလ်ဆီးအသင်းက သူတို့ ပစ်မှတ်ထားနေတဲ့ ကစားသမားဖြစ်တဲ့ ကိုင်ဗားဗတ်စ် ကို မကြာခင်မှာ ခေါ်ယူတော့မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ လီဗာကူဆင် အနေနဲ့ သူတို့ ယူရိုပါလိဂ် မပြီးမခြင်းတော့ အပြောင်းအရွှေ့ကို ကြေငြာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

skysports-pulisic-chelsea-5055692
IMAGE: GOAL

⚽ ချဲလ်ဆီးအသင်းက အာဆင်နယ်ကို FA ဖလား မှာ ၂-၁ နဲ့ ရှုံးတဲ့ပွဲမှာ အဓိက ကစားသမား ၃ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပူလီဆစ် နဲ့ အက်ဇ်ပီလီကျူတာ တို့က တံခေါက်ကြော ဒဏ်ရာကြောင့် ဘေယန်ပွဲကို လွှဲချော်တော့မှာ ဖြစ်သလို ပက်ဒရိုကလည်း ရိုးမားကို ဒဏ်ရာ နဲ့ ထွက်ခွာတော့မှာပါ။

SPORT-PREVIEW-Red-Card-Lampard
IMAGE: GOAL

⚽ ကိုဗာချစ် က FA ဖလားဖိုင်နယ်မှာ ထုတ်ပယ်ခံ ရတဲ့ ၆ ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ နံပတ် ၅ ယောက် ကစားသမားလည်း ချဲလ်ဆီး ကစားသမား ဗစ်တာ မိုဆက် ဖြစ်ပြီး ၂၀၁၇ တုန်းက အာဆင်နယ် နဲ့ ဗိုလ်လုတဲ့ ပွဲမှာ ထုတ်ခံရတာပါ။

0-Pulisic-Aubameyang-680526
IMAGE: GOAL

⚽ ပူလီဆစ် ကတော့ သူက အူဘာနဲ့ အတူ တွဲ ကစားခဲ့ဖူးကြောင်း သူက တစ်ဖက်နောက်တန်းကို ကောင်းကောင်း ဒုက်ခ ပေးနိူင်တဲ့ ကစားသမား ဖြစ်ကြောင်း ၊ သူ့ ခြေစွမ်းကို နှစ်သက် သဘောကျသလို သူ အတုယူရတဲ့ ကစားသမားလည်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

lampard-5-1200-min
IMAGE: GOAL

[ZAWGYI] ⚽ ချဲလ်ဆီးအသင်းက နည်းပြ လမ်းပတ်ကတော့ သူ့  အသင်း အနေနဲ့  ပထမပိုင်း ကစားတာ ကောင်းမွန်ပြီး ဂိုးစောစော ရခဲ့ပေမယ့် ထိန်းကစားခဲ့ကာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့တာကြောင့် ရှုံးတာကို လက်ခံကြောင်း ပူလီဆစ်၊ ဆီဆာ နဲ့  ပက်ဒရိုတို့  ဒဏ်ရာအတွက် အင်မတန် စိတ်ပျက်ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။

IMAGE: GOAL

⚽ အာဆင်နယ် နဲ့  ချဲလ်ဆီး ၂ သင်းလုံးမှာ ကစားဖူးတဲ့ ဖာဘရီဂတ်စ် ကတော့ ဒီ ၂ သင်းရဲ့  အဓိက ခြားနားချက်က အာဆင်နယ်အသင်းက ဘောလုံးကို လှလှ ပပ ကစားမှာ ဖြစ်ပေမယ့် ချဲလ်ဆီးကတော့ အနိုင်ရရှိဖို့ အတွက် ဘယ်နည်းမဆို ကစားမယ့် အသင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းဆိုပြီး ပြောကြားလိုက်ပါတယ်။

IMAGE: GOAL


IMAGE: GOAL


kai-havertz-chelsea-22
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL

⚽ ပူလီဆစ် ကတော့ သူက အူဘာနဲ့ အတူ တွဲ ကစားခဲ့ဖူးကြောင်း သူက တစ်ဖက်နောက်တန်းကို ကောင်းကောင်း ဒုက်ခ ပေးနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ၊ သူ့  ခြေစွမ်းကို နှစ်သက် သဘောကျသလို သူ အတုယူရတဲ့ ကစားသမားလည်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!