2-August-2020 ညနေခင်း သတင်းများ

[UNICODE]

Arsenal-transfer-news-Juventus-Guendouzi-Arteta-1317433


⚽ ဂွမ်ဒိုဇီရဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမှုကြောင့် အာဆင်နယ်နည်းပြ အာတီတာက သူ့ကို တစ်ယောက်ထဲ လေ့ကျင့်စေတာဖြစ်ပါတယ်။ ဂွမ်ဒိုဇီက ဝင်ဘလေကို လိုက်ပါ ခဲ့ခြင်း မရှိသလို ဒီကစားသမားကို စိတ်ဝင်စားတဲ့ အသင်းထဲမှာ ဂျူဗီလည်း ပါဝင်လာပြီလို့ သိရပါတယ်။

IMAGE – GOAL.COM

⚽ ချယ်ဆီးအသင်းဟာ ဂိုးသမားကီပါရဲ့ အနာဂတ်မသေချာမှုများကြောင့် ဘန်လေအသင်းရဲ့ အသက်(၂၈)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် နစ်ပုတ်ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

IMAGE – GOAL.COM

⚽ မန်ယူအသင်းဟာ မိုနာကိုအသင်းရဲ့ ဆက်ကျော်သက် နောက်တန်းကစားသမားလေး ဘာဒီယာရှိုင်းကို ခေါ်ယူနိုင်ဖို့အတွက် လေဗာကူဆင် ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့အပြိုင် ကြိုးစားသွားရမှာပါ။

crop-12288168-3

⚽ ဂျူဗင်တပ်စ်အသင်းဟာ ရိုးမားမှာအငှားထွက်ကစားနေတဲ့ မန်ယူနောက်ခံလူ စမောလင်းကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ အသက်(၂၆)နှစ်အရွယ် တောင်ပံကစားသမား ဘာနက်ဒက်ချီကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

IMAGE – GOAL.COM

⚽ ဘာစီလိုနာအသင်းရဲ့ စွယ်စုံရ ကစားသမားတစ်ယောက်ဖြစ်တဲ့ ဆာဂျီရော်ဘတ်တို မန်စီးတီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂွာဒီယိုလာအနေနဲ့ ခံစစ်မှာ အဲရစ်ဂါဆီယာနဲ့ တွဲဖက်ပေးကာ နောက်ဆုံးပေါ် စပိန်ခံစစ်တံတိုင်းတစ်ခု ဖန်တီးလိုနေပါတယ်။

⚽ ခရစ်စတယ်လ်ပဲလေ့စ်အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ဇာဟာရဲ့နေရာမှာ အစားထိုးဖို့အတွက် ဝက်ဖို့ဒ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး အစ္စမေလာဆား ကို မျက်စိကျနေပါတယ်။

IMAGE : BR

⚽ အေစီမီလန်အသင်းရဲ့ အားကစား ဒါရိုက်တာ ပေါ်လိုမာဒီနီက အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ချ်ဟာ လာမယ့်ရာသီမှာလည်း အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ ဆိုလိုက်ပါတယ်။

IMAGE – GOAL.COM

⚽ မန်ယူအသင်းဟာ အံ့အားသင့်ဖွယ်ရာ ကစားသမားခေါ်ယူမှု၂ခုအဖြစ် လက်စတာဂိုးသမား ရှမိုက်ကယ်လ်နဲ့ ချယ်ဆီးတောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းတို့ကို ပစ်မှတ်ထားနေကြောင်း The Sun သတင်းစာမှာ ဖော်ပြသွားခဲ့ပါတယ်။

[ZAWGYI]

Arsenal-transfer-news-Juventus-Guendouzi-Arteta-1317433



IMAGE – GOAL.COM


IMAGE – GOAL.COM


crop-12288168-3


IMAGE – GOAL.COM



IMAGE : BR

⚽ အေစီမီလန်အသင်းရဲ့ အားကစား ဒါရိုက်တာ ပေါ်လိုမာဒီနီက အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ခ်ျဟာ လာမယ့်ရာသီမှာလည်း အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ ဆိုလိုက်ပါတယ်။

IMAGE – GOAL.COM




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!