2-August-2020 Tea Break သတင်းများ
Arsenal-1317523
IMAGE: GOAL
[UNICODE] ⚽ အာဆင်နယ် အသင်း နည်းပြ အာတီတာက ပထမဆုံးကိုင်တွယ်တဲ့ နှစ်မှာ အာဆင်နယ် အသင်းနဲ့ ဆုဖလား ရယူနိူင်ခဲ့သလို FA ဖလားကို အာဆင်နယ် နည်းပြ အနေနဲ့ ရော အသင်းခေါင်းဆောင် အနေနဲ့ပါ ရယူနိူင်ခဲ့တဲ့ ပထမဆုံး လူသား ဖြစ်လာခဲ့ပါတယ်။ သူ့ ရှေ့မှာ ပထမဆုံး ကိုင်တွယ်တဲ့ နှစ်မှာ ဖလားရတာက ဂျော့ ဂရေဟမ် ဖြစ်ပြီး 1986-87 မှာ ရရှိခဲ့တာဖြစ်ပါတယ်။
ansu-fati-barcelona-2019-20-17qeilp6yecol1qcu04vekxgv2
IMAGE: GOAL
⚽ ဘာစီလိုနာ ဥကဌ ဂျိုးဆက် ကတော့ သူ့ အသင်းက လူငယ် ကစားသမားဖြစ်တဲ့ အန်ဆု ဖာတီကို ဘယ်ကလပ် အသင်းကမှ တရားဝင် ကမ်းလှမ်းခြင်း မရှိသလို သူ့ ကို စိတ်ဝင်စားတဲ့ ကလပ်တွေကိုလည်း ကစားသမားက ကလပ် အနာဂတ် ဖြစ်သလို လုံး၀ ရောင်းချမှာ မဟုတ်ကြောင်း သတိပေးလိုက်ပါတယ်။
31465430-8584837-image-a-1-1596345524195
IMAGE: GOAL
⚽ ဘေယန်မြူးနစ် ဂိုးသမားဟောင်း အိုလီဗာ ခန်းကတော့ UEFA ရဲ့ ဘဏ္ဍာရေး မျှတမှု စည်းကမ်းက ဒီထက်ပိုပြီးတင်းကြပ်သင့်ကြောင်း မဟုတ်ရင် ကလပ်တွေ အားလုံးထဲကမှ ငွေရေးကြေးရေး တောင့်တင်းတဲ့ ကလပ်ကသာ ဗိုလ်စွဲ နေမှာ ဖြစ်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။
31452858-8583837-image-a-22-1596307097723
IMAGE: GOAL
⚽ ချဲလ်ဆီးအသင်း က အာဆင်နယ် ကို ၂-၁ နဲ့ ရှုံးနိမ့်တဲ့ ပွဲမှာ တီမို ဝါနာက သူ့ ဖုန်းနဲ့ အလုပ်ရှုပ်နေတဲ့ ပုံကို မီဒီယာတွေက အမိအရ ဖမ်းပြီး ဖော်ပြလိုက်ပါတယ်။ အဲတာနဲ့ပတ်သက်ပြီး သူ့ အသင်းဟောင်း လဇ်ပစ်က ဝါနာက ဂျာမနီကို ပြန်လာတော့မှာ ဖြစ်ကြောင်း ဆိုပြီး နောက်ပြောင်ခဲ့ပါတယ်။
1257166895-850x560
IMAGE: GOAL
⚽ ဂွာဒီယိုလာ က ဒီနှစ်မှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ သွားတဲ့ ဆာနေး နေရာကို အစားထိုးဖို့အတွက် ဖာရန်တောရက်စ် ကို ပေါင် ၂၃ သန်း နဲ့ ခေါ်ယူနိူင်တော့မယ် ဆိုပြီး ရေပန်းစားနေပါတယ်။ ဒီကစားသမား က အကောင်းဆုံး ခြေစွမ်းပြနေခဲ့သလို ၆ ဂိုးသွင်းပြီး ၈ ဂိုးဖန်တီးပေးနိူင်ခဲ့ပါတယ်။
31456442-8584095-image-a-8-1596315427968
IMAGE: GOAL
⚽ လီဗာပူး ကစားသမားဟောင်း ဒန်နီ မာဖီကတော့ ဂါရတ်ဘေလ်း အနေနဲ့ ရီးရဲလ်မှာ သူ့ ကစားသမားဘ၀ ကို အချိန်ဖြုန်းမနေသင့်ကြောင်း ဘေလ်းက မန်စီးတီးကို ရင်ဆိုင်မယ့် လူစာရင်းထဲမှာ ပါသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ပြောကြားလိုက်ပါတယ်။
31459612-0-image-a-75-1596325477050
IMAGE: GOAL
⚽ လက်စတာစီးတီးက သူတို့ တိုက်စစ်မှူးဖြစ်တဲ့ ကီလီချီ အင်ဟင်နာချို အတွက် ကမ်းလှမ်းမယ့် သူများကို စောင့်မျှော်လက်ခံ သွားမှာ ဖြစ်ကြောင်း ဒီကစားသမား ကို ရောင်းပြီး ဆဲလ်တစ်က အီဒိုရတ်ကို ခေါ်ယူချင်တာကြောင့်ဖြစ်တယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။
1596146110-151245-1596164915-noticia-normal-recorte1
IMAGE: GOAL
⚽ မန်ယူအသင်းက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မိုနာကို နောက်ခံလူ ဘင်နော့ ဘာဒီယာရှီလီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး TF1 က ဖော်ပြလိုက်ပါတယ်။ ဒီကစားသမား ကို လီဗာကူဆင် နဲ့ ရီးရဲလ်တို့က စောင့်ကြည့်နေတာဖြစ်ပြီး ယူရို သန်း ၃၀ အလိုရှိနေတယ်တဲ့။
နောက်ဆုံး ဘောလုံး သတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
Arsenal-1317523
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
1257166895-850x560
IMAGE: GOAL
⚽ ဂွာဒီယိုလာ က ဒီနှစ်မှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ သွားတဲ့ ဆာနေး နေရာကို အစားထိုးဖို့ အတွက် ဖာရန်တောရက်စ် ကို ပေါင် ၂၃ သန်း နဲ့  ခေါ်ယူနိုင်တော့မယ် ဆိုပြီး ရေပန်းစားနေပါတယ်။ ဒီကစားသမား က အကောင်းဆုံး ခြေစွမ်းပြနေခဲ့သလို ၆ ဂိုးသွင်းပြီး ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!