2-August-2020 နေ့ခင်းများ

immobile-serie-a-record-lazio-golden-shoe-7-bln5d7t6sewg1t1pxoouva5x7
IMAGE: GOAL

⚽ လာဇီယို ကစားသမား အင်မိုဘိုလ်းကတော့ ၂၀၁၅-၁၆ တုန်းက ဂျူဗီက ဟီဂူအင် တင်ခဲ့တဲ့ စံချိန်တင် ၃၆ ဂိုးကို လိုက်မှီခဲ့သလို စီးရီးအေ ရွှေဖိနပ်ဆု အပြင် ဥရောပ ရွှေဖိနပ်ဆုပါ ရရှိခဲ့တာကြောင့် အင်မတန် ပျော်ရွှင်ကြောင်း သူ့ အိပ်မက် က တစ်ကယ်ဖြစ်လာကြောင်း လာဇီယို အသင်းနဲ့ဆုဖလား ရလိုကြောင်း ပြောလိုက်ပါတယ်။

arsenal-chelsea-lampard-fa-cup-final-reaction-7-1x8nbb8twve5115s33u9jiije9
IMAGE: GOAL

⚽ ချဲလ်ဆီးအသင်းက နည်းပြ လမ်းပတ်ကတော့ သူ့ အသင်း အနေနဲ့ ပထမပိုင်း ကစားတာ ကောင်းမွန်ပြီး ဂိုးစောစော ရခဲ့ပေမယ့် ထိန်းကစားခဲ့ကာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိူင်ခဲ့တာကြောင့် ရှုံးတာကို လက်ခံကြောင်း ပူလီဆစ်၊ ဆီဆာ နဲ့ ပက်ဒရိုတို့ ဒဏ်ရာအတွက် အင်မတန် စိတ်ပျက်ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။

zlatan-ibrahimovic-ac-milan-2019-20-1hhmoixxs8esgz24oxhkcao00
IMAGE: GOAL

⚽ အေစီမီလန် နည်းပြ ကတော့ အီဘရာဟမ်မိုဗစ် က ချန်ပီယံ စိတ်ဓာတ်ရှိသလို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း ပြောကြားလိုက်ပါတယ်။

gattusomessi-2019-20-1o0ln9mmn8kde1flm6hrtu9jp3
IMAGE: GOAL

⚽ နာပိုလီ နည်းပြ ဂတ်တူဆိုကတော့ မက်ဆီကို လူကပ် ကစားဖို့က လက်တွေ့မှာ မဖြစ်နိူင်ကြောင်း အိပ်မက်ထဲမှာသာ ဖြစ်နိူင်ချေရှိကြောင်း ပြောကြားလိုက်ပါတယ်။

Philippe-Coutinho
IMAGE: GOAL

⚽ ဘာစီလိုနာအသင်းက ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်နေတဲ့ ကော်တင်ညို ကို စပါးအသင်းကို ပြောင်းမယ့် အစား အာဆင်နယ် အသင်းကိုသာ ပြောင်းရွှေ့ဖို့အတွက် ဘာဘာတော့ဗ် က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

troy-deeney-watford-2019-20-74n2nkmpn4m1141x1g4ez32q9
IMAGE: GOAL

⚽ စပါးအသင်းက တန်းဆင်းသွားရတဲ့ ဝဒ်ဖိုဒ့် အသင်းက ဒီးနေးကို အငှား နဲ့ ခေါ်ယူဖို့အတွက် စုံစမ်း မေးမြန်းခဲ့ပေမယ့် ဝဒ်ဖိုဒ့်ကတော့ အပြီးသတ်သာ ရောင်းချလိုတယ်လို့ သိရပါတယ်။

paul-pogba-manchester-united-2019-gfzddq48f62f1o6q6z6tyytl6
IMAGE: GOAL

⚽ မန်ယူအသင်းက ပေါ့ဘာက ပြီးခဲ့တဲ့ ၁၂ လမှာ ဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရတာကြောင့် သူက ပရီးမီးယားလိဂ်မှာ ၁ မိနစ် ကစားတိုင်း လစာအများဆုံး ရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူက ၁ မိနစ် ကစားတိုင်း ပေါင် 28,735 ဒါမှမဟုတ် မြန်မာငွေ ၅၁ သိန်း ကျော် နီးပါး ရရှိတာဖြစ်ပါတယ်။

skysports-arsenal-mesut-ozil-5007788
IMAGE: GOAL

⚽ FA ဖလား ရရှိခဲ့တဲ့ အာဆင်နယ် နည်းပြ အာတီတာကတော့ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကျယ်ကျယ်လောင်လောင် သတင်းထွက်နေတဲ့ ဂွမ်ဒိုဇီ နဲ့ အိုဇေလ်း တို့ကလည်း ဒီဖလားရဖို့အတွက် တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်ပေးတဲ့ ကစားသမားတွေ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။

immobile-serie-a-record-lazio-golden-shoe-7-bln5d7t6sewg1t1pxoouva5x7
IMAGE: GOAL


IMAGE: GOAL

⚽ ချဲလ်ဆီးအသင်းက နည်းပြ လမ်းပတ်ကတော့ သူ့  အသင်း အနေနဲ့  ပထမပိုင်း ကစားတာ ကောင်းမွန်ပြီး ဂိုးစောစော ရခဲ့ပေမယ့် ထိန်းကစားခဲ့ကာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့တာကြောင့် ရှုံးတာကို လက်ခံကြောင်း ပူလီဆစ်၊ ဆီဆာ နဲ့  ပက်ဒရိုတို့  ဒဏ်ရာအတွက် အင်မတန် စိတ်ပျက်ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။

IMAGE: GOAL


IMAGE: GOAL

⚽ နာပိုလီ နည်းပြ ဂတ်တူဆိုကတော့ မက်ဆီကို လူကပ် ကစားဖို့ က လက်တွေ့ မှာ မဖြစ်နိုင်ကြောင်း အိပ်မက်ထဲမှာသာ ဖြစ်နိုင်ချေရှိကြောင်း ပြောကြားလိုက်ပါတယ်။

Philippe-Coutinho
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!