2-August-2020 မန်ယူသတင်းများ
sport-preview-sancho-7
IMAGE: GOAL
[UNICODE] ⚽ ဒီရာသီမှာ မန်ယူနဲ့ သတင်းအကြီးအကျယ်ထွက်နေတဲ့ ဂျေဒန် ဆန်ချို အတွက် ဒေါ့မွန် အားကစားဒါရိုက်တာ ဇော့ ကတော့ “ ဆန်ချိုအတွက် ယူရို သန်း ၁၂၀ လိုချင်ပါတယ်။ ဒီထက်လျှော့တဲ့ ဈေးနဲ့ ရောင်းချမှာ မဟုတ်သလို ဆွေးနွေးညှိနှိုင်းဖို့လည်း အချိန်မရှိပါဘူး။ သူ့ကို ခေါ်ချင်ရင် ဒေါ့မွန် ထရိန်နင်ကို ဆွစ်ဇာလန်မှာစတင်မယ့် သြဂုတ်၁၀ ရက်နေ့ နောက်ဆုံးထားပြီး ခေါ်နိူင်ပါတယ်။ အဲနောက်မှာတော့ သူ့ကို ဘယ်လောက်ပေးပေး မရောင်းတော့ပါဘူး။” ဆိုပြီး ပြောကြားလိုက်ပါတယ်။
james-rodriguez-real-madrid-18anthztbr6eez97ia40qdrnc
IMAGE: GOAL
⚽ ဆိုးရှားကတော့ ရီးရဲလ်မှာ နေရာမရ ဖြစ်နေတဲ့ ဂျိမ်းရိုထရီဂွက်ဇ် ကို ခေါ်ဖို့ လုံး၀ စိတ်မဝင်စားပေမယ့် သူ့ အေးဂျင့် ဖြစ်တဲ့ ဂျော့မန်ဒက်စ် ကတော့ သူ့ ကစားသမားကို မန်ယူအသင်းကို ရောက်အောင် အသည်းအသန် ကြိုးစားနေတယ် ဆိုပြီး Las 2 Orillas က ဖော်ပြလိုက်ပါတယ်။
raul-1
IMAGE: GOAL
⚽ မန်ယူ နဲ့ ဂျူဗီ တို့နဲ့ သတင်းထွက်နေတဲ့ ရာအူးဂျီမီနက်စ် က ကလပ်မှာ ပျော်ရွှင်တာကြောင့် အသင်းက ထွက်ခွာခွင့်တောင်းမှာ မဟုတ်ကြောင်း ဝုဗ် ကစားသမား စတိဘူးလ် က ယုံကြည်နေတယ်လို့ ပြောလိုက်ပါတယ်။
kasper-schmeichel-leicester-city-2019-20-1abpknfnahp551rdnl16va9jl5
IMAGE: GOAL
⚽ လက်စတာ အသင်းက ကက်စပါ ရှမိုက်ကယ်ကို ခေါ်ယူဖို့အတွက် မန်ယူအသင်း စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ လက်စွမ်းကျနေတဲ့ ဒီဂီယာကို အစားထိုးချင်နေတာဖြစ်ပြီး လူငယ် ကစားသမား ဒင်းဟန်ဒါဆင်က အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆနေတာကြောင့်ပါတဲ့။
116411259-578262932866102-4291377562730323586-n
IMAGE: GOAL
⚽ မန်ယူကစားသမားဟောင်းကြီး ရိုင်ယန် ဂစ်ကတော့ မန်ယူအသင်း အနေနဲ့ ဂျက်ဂရီလစ် နဲ့ ဆန်ချိုကို သူများလက်ထဲ ပါမသွားခင် အမြန်ဆုံး ခေါ်ယူဖို့အတွက် ဆိုးရှားနဲ့ မန်ယူအသင်းကို တိုက်တွန်းလိုက်ပါတယ်။
0-Getty-Images-1225987406
IMAGE: GOAL
⚽ မန်ယူအသင်းက အင်တာမီလန် နောက်ခံလူ မီလန် စကရီနီယာ ကို ခေါ်ယူဖို့အတွက် အသင်းက ကစားသမားတွေ ဖြစ်တဲ့ အဲလက်စ် ဆန်းချက်စ် နဲ့ စမောလင်းတို့ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်ဆိုပြီး မန်ချက်စတာ အီးဗနင်းက ပြောကြားလိုက်ပါတယ်။
Paul-Pogba-Bruno-Fernandes
IMAGE: GOAL
⚽ မန်ယူအသင်းက ပေါ့ဘာက ပြီးခဲ့တဲ့ ၁၂ လမှာ ဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရတာကြောင့် သူက ပရီးမီးယားလိဂ်မှာ ၁ မိနစ် ကစားတိုင်း လစာအများဆုံး ရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူက ၁ မိနစ် ကစားတိုင်း ပေါင် 28,735 ဒါမှမဟုတ် မြန်မာငွေ ၅၁ သိန်း ကျော် နီးပါး ရရှိတာဖြစ်ပါတယ်။
sport-preview-sancho-7
IMAGE: GOAL
IMAGE: GOAL
raul-1
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!