2-August-2020 ပရီးမီးယားလိဂ် သတင်းများ
0-Getty-Images-1247097055
IMAGE: GOAL
[UNICODE] ⚽ မန်ယူအသင်း အသည်းအသန် ပစ်မှတ်ထားနေတဲ့ ဂျေဒန် ဆန်ချို အတွက် ဒေါ့မွန် အားကစားဒါရိုက်တာ ဇော့ ကတော့ “ ဆန်ချိုအတွက် ယူရို သန်း ၁၂၀ လိုချင်ပါတယ်။ ဒီထက်လျှော့တဲ့ ဈေးနဲ့ ရောင်းချမှာ မဟုတ်သလို ဆွေးနွေးညှိနှိုင်းဖို့လည်း အချိန်မရှိပါဘူး။ သူ့ကို ခေါ်ချင်ရင် ဒေါ့မွန် ထရိန်နင်ကို ဆွစ်ဇာလန်မှာစတင်မယ့် သြဂုတ်၁၀ ရက်နေ့ နောက်ဆုံးထားပြီး ခေါ်နိူင်ပါတယ်။ အဲနောက်မှာတော့ သူ့ကို ဘယ်လောက်ပေးပေး မရောင်းတော့ပါဘူး။” ဆိုပြီး ပြောကြားလိုက်ပါတယ်။
aubameyang-decided-leave-arsenal-says-rio-ferdinand-7-rwapfedx27qi11duxjr88y1yb
IMAGE: GOAL
⚽ အူဘာကတော့ သူ့ အနာဂတ် ကို ပြောကြားဖို့ ငြင်းဆန်ပြီးနောက်ပိုင်းမှာ မန်ယူကစားသမားဟောင်းကြီး ရီယို ဖာဒီနန် ကတော့ အူဘာမီယန်း အနေနဲ့ အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
christian-pulisic-cesar-azpilicueta-out-chelsea-bayern-munich-tie-7-1vc7vmj4sya9j1bg529jgyi9j4
IMAGE: GOAL
⚽ အာဆင်နယ် အသင်းကို FA ဗိုလ်လုပွဲမှာ ၂-၁ နဲ့ ရှုံးနိမ့်ပြီးနောက် အသင်းခေါင်းဆောင် အတ်ဇ်ပီလီကျူတာ နဲ့ ပူလီဆစ်တို့ တံခေါက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် ချန်ပီယံလိဂ် ကန်မယ့် ဘေယန်နဲ့ ပွဲကို လွှဲချော်တော့မှာဖြစ်ပါတယ်။
eddie-howe-leaves-bournemouth-premier-league-relegation-7-nvcurgqj6wsb18moszdizlc43
IMAGE: GOAL
⚽ အသက် ၄၂ နှစ် ရှိပြီဖြစ်တဲ့ အက်ဒီ ဟောင်ဝီ ကတော့ ဘုန်းမောက် အသင်း တန်းဆင်းပြီးနောက်ပိုင်းမှာ မန်နေဂျာ ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
mikel-artetapep-guardiola-2019-20-13wg4huayr7fv1rcp7mqbuosgw
IMAGE: GOAL
⚽ အာဆင်နယ် အသင်းကို ကိုင်တွယ်ပြီး ၈ လ အကြာမှာပဲ အသင်းနဲ့အတူ ဆုဖလား ဆွတ်ခူးနိူင်ခဲ့တဲ့ အာတီတာကတော့ သူ့ အနေနဲ့ နည်းပြဘ၀ ကို လက်တွဲ ခေါ်ခဲ့တဲ့ သူ့ လက်ဦးဆရာ ဂွာဒီယိုလာကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။
pierre-emerick-aubameyang-arsenal-2019-20-18579hu6skmt61md13nf3s79fe
IMAGE: GOAL
⚽ ကိုရိုနာ ကပ်ဆိုးကြောင့် FA ဖလားကို ပေးအပ်မယ့် သူ မရှိတာကြောင့် အူဘာမီယန်း အနေနဲ့ သူ့ဟာသူ ဖလားကို သွားကိုင်မြှောက်ခဲ့ရပါတယ်။ ကိုင်မြှောက်ပြီး သိပ်မကြာခင်မှာ ဖလား လွှတ်ကျခဲ့တာကြောင့် ဘောလုံး အသိုင်းအဝိုင်းက ဝိုင်းဝန်း နောက်ပြောင်ခဲ့ပါတယ်။ နောက်ပြောင်တဲ့ အထဲမှာ ဗြိတိသျှ မင်းသား ဝီလျံလည်း ပါဝင်သလို ဖလား လွှတ်မကျအောင် ဥကဌ ကိုယ်တိုင် ပေးသင့်ကြောင်း ဟာသ ဖောက်ခဲ့ပါတယ်။
31459124-0-image-a-54-1596323755231
IMAGE: GOAL
⚽ စပါး နောက်ခံလူ ဆားဂျ် အော်ရီယာ ကို ခေါ်ယူဖို့ အတွက် သူ့ အေးဂျင့် ဖြစ်သူနဲ့ အေစီမီလန် နည်းစနစ် ဒါရိုက်တာ ပါဘလို မယ်ဒီနီ တို့ စတင် စကားပြောနေပြီလို့ သိရပါတယ်။
skysports-kewell-leeds-football-5055075
IMAGE: GOAL
⚽ ဟယ်ရီ ကီးဝဲလ် ကတော့ အိုဟမ်း အသင်း ရဲ့ မန်နေဂျာ ဖြစ်သလာသလို အသင်းကို ၂ နှစ်စာချုပ် သက်တမ်းနဲ့ ကိုင်တွယ်မယ်လို့ သိရပါတယ်။
0-Getty-Images-1247097055
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
⚽ အာဆင်နယ် အသင်းကို ကိုင်တွယ်ပြီး ၈ လ အကြာမှာပဲ အသင်းနဲ့အတူ ဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အာတီတာကတော့ သူ့  အနေနဲ့  နည်းပြဘ၀ ကို လက်တွဲ ခေါ်ခဲ့တဲ့ သူ့  လက်ဦးဆရာ ဂွာဒီယိုလာကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။
IMAGE: GOAL
IMAGE: GOAL
⚽ စပါး နောက်ခံလူ ဆားဂ်ျ အော်ရီယာ ကို ခေါ်ယူဖို့  အတွက် သူ့  အေးဂျင့် ဖြစ်သူနဲ့  အေစီမီလန် နည်းစနစ် ဒါရိုက်တာ ပါဘလို မယ်ဒီနီ တို့  စတင် စကားပြောနေပြီလို့  သိရပါတယ်။
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!