2-August-2020 အပြောင်းအရွှေ့သတင်းများ
960
IMAGE: GOAL
[UNICODE] ⚽ အင်တာမီလန် ဒါရိုက်တာ မော်ရိုတာ ကတော့ သူ့ကလပ် အနေနဲ့ မက်ဆီ နဲ့ သတင်းထွက်နေတာက အခြေအမြစ် မရှိတဲ့ သတင်းတွေတာ ဖြစ်ကြောင်း၊ ဘာစီလိုနာက မက်ဆီ အတွက် ပြီးပြည့်စုံတဲ့ ကလပ် ဖြစ်သလို မက်ဆီက ဘာစီလိုနာမှာပဲ အနားယူမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
kasper-schmeichel-leicester-city-2019-20-mwo6r0pltwtl1x54jut70h5ru
IMAGE: GOAL
⚽ မန်ယူအသင်းက ဒေးဗစ် ဒီဂီယာ နေရာကို အစားထိုးဖို့အတွက် လက်စတာ အသင်းက ကက်စပါ ရှမိုက်ကယ်ကို အံ့သြသင့်ဖွယ်ရာ စိတ်ဝင်စားလာတယ်ဆိုပြီး The Sun က ဖော်ပြလိုက်ပါတယ်။ လက်စွမ်းကျနေလို့ အပြင်းအထန် ဝေဖန်ခံနေရတဲ့ ဒီဂီယာ နေရာကို အစားဖို့အတွက် လူငယ် ကစားသမား ဒင်း ဟန်ဒါဆင်က အဆင်သင့် မဖြစ်သေးတာကြောင့် ကက်စပါကို ချိန်ရွယ်လာတယ်လို့ ဆိုပါတယ်။
Pierre-Emerick-Aubameyang-Mikel-Arteta-Football365
IMAGE: GOAL
⚽ အာဆင်နယ် အသင်း ကို FA ဖလား ရရှိဖို့ အတွက် ၂ ဂိုးသွင်းပြီး ကူညီပေးခဲ့ပေမယ့် အူဘာမီယန်း ကတော့ သူ့ အနာဂတ်က အာဆင်နယ်မှာ ရှိအုန်းမလား ဆိုတဲ့ မေးခွန်း အပေါ်ကို ဖြေကြားဖို့ ငြင်းဆန်လိုက်ပါတယ်။ အာတီတာကတော့ အူဘာမီယန်းကို အသင်းမှာ ရှိနေဖို့အတွက် အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။
sergi-roberton-barcelona-2019-20-1c6ge4hf48kyq1t7f88hlom5bv
IMAGE: GOAL
⚽ မန်စီးတီး အသင်းက ဘာကာ ကစားသမားဖြစ်တဲ့ ဆာဂျီ ရော်ဘတ်တိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ AS က ဖော်ပြလိုက်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းကတော့ ရော်ဘတ်တိုကို လက်လွှတ်လိုခြင်း မရှိသလို နယ်ဆင် ဆမီဒို ကိုပဲ ရောင်းချချင်နေတာပါတဲ့။
fcb-bvb-1920-close-alaba
IMAGE: GOAL
⚽ ဘေယန်မြူးနစ် အသင်းကတော့ အသင်း နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဒေးဗစ် အလာဘာကို စာချုပ်သက်တမ်းတိုးဖို့ အတွက် မကြာခင်မှာဆွေးနွေးသွားမယ်လို့ သိရပါတယ်။ သူ့ကို ဘေယန်က လက်လွှတ်ချင်တာ မဟုတ်ပဲ အတတ်နိူင်ဆုံး ထိမ်းသိမ်းသွားမယ်လို့ သိရပါတယ်။
hi-res-b4920f95265f8c5413c0e53598f2bd5a-crop-north
IMAGE: GOAL
⚽ ဘာစီလိုနာ အသင်း အနေနဲ့ တစ်ခြား အသင်းက ကစားသမားတွေကို ခေါ်ယူဖို့ထက် အသင်းက ဂိုးသမားဖြစ်တဲ့ စတာဂျင်ကို သာ စာချုပ်သက်တမ်းတိုးဖို့ ပထမဦးစားပေး အနေနဲ့ လုပ်ဆောင်သင့်ကြောင့် ဘိုဂျန် ကာကစ်က ပြောကြားလိုက်ပါတယ်။ စတာဂျင်က ဘာကာ နဲ့ မကြာခင်မှာ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပေမယ့် ခုချိန်ထိ တိုးမရသေးတာဖြစ်ပါတယ်။
skysports-gotti-football-5055653
IMAGE: GOAL
⚽ ဝဒ်ဖိုဒ့် အသင်းက အူဒီးနီးစ် မန်နေဂျာဖြစ်တဲ့ လူကာ ဂေါ့တီကို သူတို့ ကလပ် မန်နေဂျာ အဖြစ် ဆောင်ရွက်ပေးဖို့ စတင် စကားပြောနေတယ်လို့ သိရပါတယ်။
Denzel-Dumfries-AC-Milan-transfer-news-640x381
IMAGE: GOAL
⚽ အေစီမီလန် အသင်းက နယ်သာလန် လက်ရွေးစင် ကစားသမား ဒင်ဇယ် ဒမ်ဖရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတက်လာပါတယ်။ ဒီကစားသမား အတွက် PSV က ယူရို ၁၈ သန်းအထိ အလိုရှိတယ်တဲ့။
နောက်ဆုံး ဘောလုံး သတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
960
IMAGE: GOAL
[ZAWGYI] ⚽ အင်တာမီလန် ဒါရိုက်တာ မော်ရိုတာ ကတော့ သူ့ ကလပ် အနေနဲ့  မက်ဆီ နဲ့  သတင်းထွက်နေတာက အခြေအမြစ် မရှိတဲ့ သတင်းတွေတာ ဖြစ်ကြောင်း၊ ဘာစီလိုနာက မက်ဆီ အတွက် ပြီးပြည့်စုံတဲ့ ကလပ် ဖြစ်သလို မက်ဆီက ဘာစီလိုနာမှာပဲ အနားယူမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!