1-Aug-2020 ညေနခင္းသတင္းတိုမ်ား

[UNICODE]

IMAGE – Goal.com

⚽ စီးရီးအေရပ်ဝန်းမှာတော့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ လုပ်ခလစာဟာ အသင်းဖော်ကစားသမားတွေနဲ့ယှဉ်ရင် ကွာဟချက်ကြီးမားလွန်းနေတာကို တွေ့ရမှာပါ။ စီရော်နယ်ဒိုဟာ ဂျူဗီမှာ တစ်ပတ်လုပ်ခ ပေါင် (၅) သိန်း (၄) သောင်းရရှိနေပြီး ဒုတိယအများဆုံး ဒီလိုက်ချ်ရဲ့လစာဟာ ပေါင် (၁) သိန်း (၃) သောင်းဝန်းကျင်သာရှိပြီး အလွန်ကွာခြားနေတာ တွေ့ရမှာပါ။

⚽ မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ သူ့ကို နည်းပြကောင်းတစ်ယောက်ဖြစ်လာအောင် ရီးရဲက ကူညီလိုက်တာလို့ ပြောဆိုရင် ချန်ပီယံလိဂ်ပွဲမတိုင်ခင် စကားစစ်ထိုးခဲ့ပါတယ်။ “သူတို့ဟာ အလွန်တောင်းတင့်တဲ့အသင်းပါ။ ကျွန်တော့်ကို နည်းပြကောင်းဖြစ်အောင် အများကြီး ကူညီပေးခဲ့တဲ့အသင်းပါ”လို့ ဂွါဒီယိုလာက ဆိုခဲ့တာပါ။

IMAGE: BR

⚽ ချဲလ်ဆီးနည်းပြဟောင်း ဘိုအာ့ရှ်ကတော့ စပါးနည်းပြမော်ရင်ဟိုဟာ ပေါ်တူဂီနည်းပြတွေအတွက်တော့ အကောင်းဆုံးသံတမန်ဖြစ်ခဲ့ကြောင်း၊ ပေါ်တူဂီနည်းပြတွေရဲ့ဈေးကွက်ကို မော်ရင်ဟိုက စတင်ဖောက်ပေးခဲ့တာလို့ ချီးကျူးသွားခဲ့ပါတယ်။ “ဈေးကွက်အတွင်း ကျွန်တော်တို့ရဲ့တံခါးကို မော်ရင်ဟိုက ဖွင့်ပေးခဲ့တာပါ”လို့ ဘိုအာ့ရှ်က ဆိုခဲ့တာပါ။

⚽ လီဗာပူးလူငယ်ကြယ်ပွင့် Elliott က ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ သူ့ရဲ့ Idol ဖြစ်ကြောင်း၊ သူ့အနေနဲ့ ငယ်စဉ်တုန်းက နေမာကို လေးစားအားကျခဲ့ရတာလို့ ဖွင့်ဟသွားခဲ့ပါတယ်။ “နေမာရဲ့ ဆွဲပြေးမှုတွေအတိုင်း ကျွန်တော် အတုယူပြုလုပ်ခဲ့ရတာပါ”လို့ Elliott က ဆိုခဲ့ပါတယ်။

IMAGE – Goal.com

⚽ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ စပါးနောက်ခံလူ ဗာတွန်ဂန်ကို ခေါ်ယူဖို့ အလားအလာကောင်းနေတယ်လို့ Gazzetta dello Sport က ဖော်ပြထားပါတယ်။ ရိုးမားကလည်း ဗာတွန်ဂန်ကို ကြိုးပမ်းနေခဲ့တာပါ။

⚽ ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီပါလီစတာက မက်ဂွဲရားမှာ စတိဗ်ဘရု၊ ရွိုင်ကိန်းတို့လို ခေါင်းဆောင်မျိုး မဟုတ်ပေမယ့် ယူနိုက်တက်တို့ လိုအပ်တဲ့ ကစားသမားဖြစ်ကြောင်း၊ မက်ဂွဲရားရဲ့ ပထမဆုံးရာသီဟာ အောင်မြင်ခဲ့တယ်လု့ိ သုံးသပ်ခဲ့ပါတယ်။

⚽ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ အဓိကပြိုင်ဘက် နာပိုလီတိုက်စစ်မှူး မီလစ်ကို ရရှိဖို့အတွက် ဘာနာဒက်ချီကို အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးသွားမယ်လို့ သိရပါတယ်။ နာပိုလီက မီလစ်ကို ဈေးနည်းနည်းနဲ့ ရောင်းချလိုခြင်း မရှိဖြစ်နေတာပါ။

⚽ ဝက်ဖို့ဒ်အသင်း တန်းဆင်းခဲ့ရပြီးနောက် တောင်ပံကစားသမား ဒယ်လိုဖူဟာ အသင်းပြောင်းဖို့ စီစဉ်နေပြီး သူ့ကို ခေါ်ယူဖို့ အေမီလန်က စိတ်ဝင်စားနေပါတယ်။ ဒယ်လိုဖူဟာ အေစီမီလန်မှာ အငှားနဲ့ ကစားခဲ့ဖူးသူပါ။

[ZAWGYI]

IMAGE – Goal.com

⚽ စီးရီးေအရပ္၀န္းမွာေတာ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုရဲ႕ လုပ္ခလစာဟာ အသင္းေဖာ္ကစားသမားေတြနဲ႔ယွဥ္ရင္ ကြာဟခ်က္ႀကီးမားလြန္းေနတာကို ေတြ႕ရမွာပါ။ စီေရာ္နယ္ဒိုဟာ ဂ်ဴဗီမွာ တစ္ပတ္လုပ္ခ ေပါင္ (၅) သိန္း (၄) ေသာင္းရရွိေနၿပီး ဒုတိယအမ်ားဆံုး ဒီလိုက္ခ်္ရဲ႕လစာဟာ ေပါင္ (၁) သိန္း (၃) ေသာင္း၀န္းက်င္သာရွိၿပီး အလြန္ကြာျခားေနတာ ေတြ႕ရမွာပါ။

⚽ မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ သူ႔ကို နည္းျပေကာင္းတစ္ေယာက္ျဖစ္လာေအာင္ ရီးရဲက ကူညီလိုက္တာလို႔ ေျပာဆုိရင္ ခ်န္ပီယံလိဂ္ပြဲမတုိင္ခင္ စကားစစ္ထုိးခဲ့ပါတယ္။ “သူတုိ႔ဟာ အလြန္ေတာင္းတင့္တဲ့အသင္းပါ။ ကၽြန္ေတာ့္ကို နည္းျပေကာင္းျဖစ္ေအာင္ အမ်ားႀကီး ကူညီေပးခဲ့တဲ့အသင္းပါ”လုိ႔ ဂြါဒီယိုလာက ဆုိခဲ့တာပါ။

IMAGE: BR

⚽ ခ်ဲလ္ဆီးနည္းျပေဟာင္း ဘိုအာ့ရွ္ကေတာ့ စပါးနည္းျပေမာ္ရင္ဟိုဟာ ေပၚတူဂီနည္းျပေတြအတြက္ေတာ့ အေကာင္းဆံုးသံတမန္ျဖစ္ခဲ့ေၾကာင္း၊ ေပၚတူဂီနည္းျပေတြရဲ႕ေစ်းကြက္ကို ေမာ္ရင္ဟိုက စတင္ေဖာက္ေပးခဲ့တာလို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။ “ေစ်းကြက္အတြင္း ကၽြန္ေတာ္တို႔ရဲ႕တံခါးကို ေမာ္ရင္ဟိုက ဖြင့္ေပးခဲ့တာပါ”လုိ႔ ဘိုအာ့ရွ္က ဆုိခဲ့တာပါ။

⚽ လီဗာပူးလူငယ္ၾကယ္ပြင့္ Elliott က ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာဟာ သူ႔ရဲ႕ Idol ျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔ ငယ္စဥ္တုန္းက ေနမာကို ေလးစားအားက်ခဲ့ရတာလို႔ ဖြင့္ဟသြားခဲ့ပါတယ္။ “ေနမာရဲ႕ ဆြဲေျပးမႈေတြအတုိင္း ကၽြန္ေတာ္ အတုယူျပဳလုပ္ခဲ့ရတာပါ”လုိ႔ Elliott က ဆိုခဲ့ပါတယ္။

IMAGE – Goal.com

⚽ စီးရီးေအကလပ္ အင္တာမီလန္အသင္းဟာ စပါးေနာက္ခံလူ ဗာတြန္ဂန္ကို ေခၚယူဖို႔ အလားအလာေကာင္းေနတယ္လိုု႔ Gazzetta dello Sport က ေဖာ္ျပထားပါတယ္။ ရိုးမားကလည္း ဗာတြန္ဂန္ကို ႀကိဳးပမ္းေနခဲ့တာပါ။

⚽ ယူႏုိက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီပါလီစတာက မက္ဂြဲရားမွာ စတိဗ္ဘရု၊ ရိြဳင္ကိန္းတို႔လို ေခါင္းေဆာင္မ်ိဳး မဟုတ္ေပမယ့္ ယူႏုိက္တက္တုိ႔ လိုအပ္တဲ့ ကစားသမားျဖစ္ေၾကာင္း၊ မက္ဂြဲရားရဲ႕ ပထမဆံုးရာသီဟာ ေအာင္ျမင္ခဲ့တယ္လု႔ိ သံုးသပ္ခဲ့ပါတယ္။

⚽ စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္အသင္းဟာ အဓိကၿပိဳင္ဘက္ နာပိုလီတုိက္စစ္မွဴး မီလစ္ကို ရရွိဖုိ႔အတြက္ ဘာနာဒက္ခ်ီကို အေျပာင္းအေရႊ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ အလိုက္ေပးသြားမယ္လုိ႔ သိရပါတယ္။ နာပုိလီက မီလစ္ကို ေစ်းနည္းနည္းနဲ႔ ေရာင္းခ်လိုျခင္း မရွိျဖစ္ေနတာပါ။

⚽ ၀က္ဖို႔ဒ္အသင္း တန္းဆင္းခဲ့ရၿပီးေနာက္ ေတာင္ပံကစားသမား ဒယ္လိုဖူဟာ အသင္းေျပာင္းဖို႔ စီစဥ္ေနၿပီး သူ႔ကို ေခၚယူဖို႔ ေအမီလန္က စိတ္၀င္စားေနပါတယ္။ ဒယ္လိုဖူဟာ ေအစီမီလန္မွာ အငွားနဲ႔ ကစားခဲ့ဖူးသူပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!