1-Aug-2020 မန္ခ်က္စတာယူႏုိက္တက္သတင္းတိုမ်ား

[UNICODE]

⚽ ဆိုးလ်ရှားဟာ သူ့ရဲ့နည်းပြအရည်အသွေးပိုင်းကို သက်သေပြထားခဲ့ပြီးပြီးလို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ချီးကျူးသွားခဲ့ပါတယ်။ “သူက နည်းပြကောင်းဆိုတာ ဆိုးလ်ရှားက သက်သေပြထားခဲ့ပြီးပါပြီ”လို့ ဘာဘာတော့ဗ်က ဆိုခဲ့ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မာတစ်ကတော့ သူတို့အနေနဲ့ လာမယ့်ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးတို့ကို ဖိအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမှ ဒီရာသီလီဗာပူုးလို ပြိုင်ပွဲမတိုင်ခင် (၇) လိုလောက်မှာ ဗိုလ်စွဲသွားတာမျိုး ခွင့်မပြုတော့ဘူးလို့ ကြုံးဝါးသွားခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် မန်ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ယူ-၂၃ အသင်းက အလားအလာရှိ လူငယ်ကစားသမားကောင်းတွေကို အငှားချထားဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်အငှားချမယ့်အထဲ ဂျိမ်းဂါနာလည်း ပါဝင်နေတာပါ။

⚽ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ပရီးမီးယားလိင်္ဂ်ချန်ပီယံဆု ပြန်လည်စိန်ခေါ်ပေးနိုင်မယ့်သူလို့ ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။ “ဖာနန်ဒက်စ်ကို ခေါ်လိုက်တာက ယူနိုက်တက်အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုပါ။ သူဟာ ယူနိုက်တက်ကို ချန်ပီယံဆုစိန်ခေါ်နိုင်အောင် ကူညီပေးမှာပါ”လို့ ဘာဘာတော့ဗ်က ဆိုခဲ့ပါတယ်။

⚽ေ ဒါ့မွန်အားကစားဒါရိုက်တာ မီချယ်ဇိုက သူတို့အနေနဲ့ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမား ဆန်ချိုကို ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဆန်ချိုသာ အသင်းမှာ ဆက်နေရင် သူ့အနေနဲ့ အလွန်ပျော်ရွှင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

⚽ ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီပါလီစတာက မက်ဂွဲရားမှာ စတိဗ်ဘရု၊ ရွိုင်ကိန်းတို့လို ခေါင်းဆောင်မျိုး မဟုတ်ပေမယ့် ယူနိုက်တက်တို့ လိုအပ်တဲ့ ကစားသမားဖြစ်ကြောင်း၊ မက်ဂွဲရားရဲ့ ပထမဆုံးရာသီဟာ အောင်မြင်ခဲ့တယ်လု့ိ သုံးသပ်ခဲ့ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်အနေနဲ့ ပင်နယ်တီကို နောက်ဆုံးလွဲချော်ခဲ့တာက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ စပို့တင်းနဲ့ လော်ရက်တို့ရဲ့ ပွဲစဉ်မှာဖြစ်ကြောင်း သိရပါတယ်။

IMAGE: BR

⚽ ယူနိုက်တက်ဂန္ထဝင်ဂိုးသမားဟောင်း ရှမိုက်ကယ်က လက်ရှိအချိန်မှာ ဒီဂီယာအနေနဲ့ မမျှမတ ဆက်ဆံခံနေရကြောင်း၊ ဒီဂီယာဟာ နောက်ထပ်နှစ်ပေါင်းများစွာ မန်ယူရဲ့ နံပါတ်တစ်အဖြစ် ရှိနေဦးမှာလို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

[ZAWGYI]

⚽ ဆုိးလ္ရွားဟာ သူ႔ရဲ႕နည္းျပအရည္အေသြးပိုင္းကို သက္ေသျပထားခဲ့ၿပီးၿပီးလို႔ ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ခ်ီးက်ဴးသြားခဲ့ပါတယ္။ “သူက နည္းျပေကာင္းဆိုတာ ဆုိးလ္ရွားက သက္ေသျပထားခဲ့ၿပီးပါၿပီ”လုိ႔ ဘာဘာေတာ့ဗ္က ဆုိခဲ့ပါတယ္။

⚽ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ မာတစ္ကေတာ့ သူတုိ႔အေနနဲ႔ လာမယ့္ရာသီမွာ မန္စီးတီးနဲ႔ လီဗာပူးတို႔ကို ဖိအားေပးႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ေၾကာင္း၊ ပရီးမီးယားလိဂ္မွာ ဘယ္အသင္းကိုမွ ဒီရာသီလီဗာပူုးလို ၿပိဳင္ပြဲမတိုင္ခင္ (၇) လိုေလာက္မွာ ဗုိလ္စဲြသြားတာမ်ိဳး ခြင့္မျပဳေတာ့ဘူးလို႔ ႀကံဳး၀ါးသြားခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ယူႏုိက္တက္ဟာ လာမယ့္ရာသီမွာ ယူ-၂၃ အသင္းက အလားအလာရွိ လူငယ္ကစားသမားေကာင္းေတြကို အငွားခ်ထားဖို႔ ျပင္ဆင္ေနပါတယ္။ ယူႏုိက္တက္အငွားခ်မယ့္အထဲ ဂ်ိမ္းဂါနာလည္း ပါ၀င္ေနတာပါ။

⚽ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ကို ပရီးမီးယားလိဂၤ္ခ်န္ပီယံဆု ျပန္လည္စိန္ေခၚေပးႏုိင္မယ့္သူလို႔ ဘာဘာေတာ့ဗ္က ေျပာဆိုခဲ့ပါတယ္။ “ဖာနန္ဒက္စ္ကို ေခၚလိုက္တာက ယူႏုိက္တက္အတြက္ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈပါ။ သူဟာ ယူႏုိက္တက္ကို ခ်န္ပီယံဆုစိန္ေခၚႏုိင္ေအာင္ ကူညီေပးမွာပါ”လုိ႔ ဘာဘာေတာ့ဗ္က ဆုိခဲ့ပါတယ္။

⚽ေ ဒါ့မြန္အားကစားဒါရိုက္တာ မီခ်ယ္ဇုိက သူတို႔အေနနဲ႔ ယူနုိက္တက္ ပစ္မွတ္ထားေနတဲ့ တိုက္စစ္ကစားသမား ဆန္ခ်ိဳကို ထိန္းသိမ္းသြားႏုိင္မယ္လုိ႔ ယံုၾကည္ေၾကာင္း၊ ဆန္ခ်ိဳသာ အသင္းမွာ ဆက္ေနရင္ သူ႔အေနနဲ႔ အလြန္ေပ်ာ္ရႊင္လိမ့္မယ္လုိ႔ ဆုိခဲ့ပါတယ္။

⚽ ယူႏုိက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီပါလီစတာက မက္ဂြဲရားမွာ စတိဗ္ဘရု၊ ရိြဳင္ကိန္းတို႔လို ေခါင္းေဆာင္မ်ိဳး မဟုတ္ေပမယ့္ ယူႏုိက္တက္တုိ႔ လိုအပ္တဲ့ ကစားသမားျဖစ္ေၾကာင္း၊ မက္ဂြဲရားရဲ႕ ပထမဆံုးရာသီဟာ ေအာင္ျမင္ခဲ့တယ္လု႔ိ သံုးသပ္ခဲ့ပါတယ္။

⚽ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္အေနနဲ႔ ပင္နယ္တီကို ေနာက္ဆံုးလြဲေခ်ာ္ခဲ့တာက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ယွဥ္ၿပိဳင္ခဲ့တဲ့ စပို႔တင္းနဲ႔ ေလာ္ရက္တို႔ရဲ႕ ပြဲစဥ္မွာျဖစ္ေၾကာင္း သိရပါတယ္။

IMAGE: BR

⚽ ယူႏုိက္တက္ဂႏၳ၀င္ဂိုးသမားေဟာင္း ရွမိုက္ကယ္က လက္ရွိအခ်ိန္မွာ ဒီဂီယာအေနနဲ႔ မမွ်မတ ဆက္ဆံခံေနရေၾကာင္း၊ ဒီဂီယာဟာ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ မန္ယူရဲ႕ နံပါတ္တစ္အျဖစ္ ရွိေနဦးမွာလို႔ ကာကြယ္ေျပာဆုိသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!