1-Aug-2020 ခ်ဲလ္ဆီးသတင္းတုိမ်ား

[UNICODE]

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ အသက် (၂၀) နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂယ်လင်ဟာရဲ့ အနာဂတ်ဟာ မသေချာလျက်ရှိနေတယ်လို့ သိရပါတယ်။ ဂယ်လင်ဟာအနေနဲ့ ဆွမ်ဆီးကိုပြောင်းရွှေ့ဖို့ စီစဉ်လျက် ရှိနေတာပါ။

IMAGE – Goal.com

⚽ချဲလ်ဆီးနည်းပြလမ်းပတ်က သူ့အနေနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဂိုးသမားနေရာအတွက ်ကီပါနဲ့ ကာဘယ်ရိုင်လို ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲဆိုတာ မစဉ်းစားရသေးကြောင်း၊ ကစားသမားတိုင်း ဒီပွဲစဉ်မှာ ဝင်ကစားချင်ကြမှာကို သူ့အနေနဲ့ သိတယ်လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

⚽ချဲလ်ဆီးနည်းပြ လမ်းပတ်က သူ့ရဲ့ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးရာသီမှာ အက်ဖ်အေဖလား ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေပြီး အာဆင်နယ်မှာ ကာလတစ်ခုအထိ ကစားဖူးခဲ့တဲ့ ပီတာချက်က သူ့ကိုကူညီပေးနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

⚽အာဆင်နယ်နည်းပြအာတီတာကတော့ သူတို့အနေနဲ့ ချဲလ်ဆီးရဲ့ နိုင်လိုစိတ်ကို အတုယူရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးဟာ အောင်မြင်မှုတွေအတွက် အလွန်အရေးပါတဲ့ ကစားသမားတွေ၊ နည်းပြတွေ ရှိကြောင်း အာတီတာက ချီးကျူးခဲ့ပါတယ်။

⚽ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ကတော့ အဖေဖြစ်သူဟာ သူ့အတွက် အကြီးမားဆုံးဝေဖန်သူဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ “ရာသီမစတင်မီ ကျွန်တော်အနေနဲ့ ဒီရာသီ ဘယ်နှစ်ဂိုးသွင်းနိုင်ဖို့ ပစ်မှတ်ထားသလဲဆိုတာ အဖေနဲ့ တိုင်ပင်လေ့ရှိပါတယ်။ ဒီရာသီမှာ ကျွန်တော်က (၁၀) ဂိုးသွင်းဖို့ ပစ်မှတ်ထားခဲ့ပြီး (၇) ဂိုး ရခဲ့တယ်”လို့ မစ်ဆန်မောင့်က ဆိုခဲ့ပါတယ်။

⚽ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြဟောင်း ဂရန့်ဟာ တကယ်လို့ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်သာ လေဗာကူဆင်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူလိုရင် ရအောင် ခေါ်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

⚽ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက သူ့ရဲ့ဒီရာသီ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မပျော်ရွှင်ကြောင်း၊ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ “ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအရတော့ ဒီရာသီက မပျော်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် သုံးသပ်ပြီး လာမယ့်ံရာသီမှာ အကောင်းဆုံး ရှေ့ဆက်သွားမှာပါ”လို့ ရူဒီဂါက ဆိုခဲ့ပါတယ်။

⚽စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က ချဲလ်ဆီးမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွေ့အကြုံရင့်ကျက်ကြောင်း၊ ကစားပုံကို အဓိက မထားဘဲ ရလဒ်ဆိုးနေရင်တောင် (၁-ဝ) ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

[ZAWGYI]

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းရဲ႕ အသက္ (၂၀) ႏွစ္အရြယ္ လူငယ္ၾကယ္ပြင့္ ဂယ္လင္ဟာရဲ႕ အနာဂတ္ဟာ မေသခ်ာလ်က္ရွိေနတယ္လုိ႔ သိရပါတယ္။ ဂယ္လင္ဟာအေနနဲ႔ ဆြမ္ဆီးကိုေျပာင္းေရႊ႕ဖုိ႔ စီစဥ္လ်က္ ရွိေနတာပါ။

IMAGE – Goal.com

⚽ခ်ဲလ္ဆီးနည္းျပလမ္းပတ္က သူ႔အေနနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဂိုးသမားေနရာအတြက ္ကီပါနဲ႔ ကာဘယ္ရိုင္လို ဘယ္သူ႔ကို ပြဲထြက္ခြင့္ေပးရမလဲဆိုတာ မစဥ္းစားရေသးေၾကာင္း၊ ကစားသမားတုိင္း ဒီပြဲစဥ္မွာ ၀င္ကစားခ်င္ၾကမွာကို သူ႔အေနနဲ႔ သိတယ္လို႔ လမး္ပတ္က ဆုိခဲ့ပါတယ္။

⚽ခ်ဲလ္ဆီးနညး္ျပ လမ္းပတ္က သူ႔ရဲ႕ခ်ဲလ္ဆီးနည္းျပဘ၀ ပထမဆံုးရာသီမွာ အက္ဖ္ေအဖလား ရယူႏုိင္ဖုိ႔ ဆႏၵျပင္းျပေနၿပီး အာဆင္နယ္မွာ ကာလတစ္ခုအထိ ကစားဖူးခဲ့တဲ့ ပီတာခ်က္က သူ႔ကိုကူညီေပးႏုိင္လိမ့္မယ္လို႔ ဆုိခဲ့ပါတယ္။

⚽အာဆင္နယ္နည္းျပအာတီတာကေတာ့ သူတုိ႔အေနနဲ႔ ခ်ဲလ္ဆီးရဲ႕ ႏုိင္လိုစိတ္ကို အတုယူရမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေအာင္ျမင္မႈေတြအတြက္ အလြန္အေရးပါတဲ့ ကစားသမားေတြ၊ နည္းျပေတြ ရွိေၾကာင္း အာတီတာက ခ်ီးက်ဴးခဲ့ပါတယ္။

⚽ခ်ဲလ္ဆီးကြင္းလယ္လူ မစ္ဆန္ေမာင့္ကေတာ့ အေဖျဖစ္သူဟာ သူ႔အတြက္ အႀကီးမားဆံုးေ၀ဖန္သူျဖစ္ေၾကာင္း ဆိုလိုက္ပါတယ္။ “ရာသီမစတင္မီ ကၽြန္ေတာ္အေနနဲ႔ ဒီရာသီ ဘယ္ႏွစ္ဂိုးသြင္းႏုိင္ဖုိ႔ ပစ္မွတ္ထားသလဲဆိုတာ အေဖနဲ႔ တုိင္ပင္ေလ့ရွိပါတယ္။ ဒီရာသီမွာ ကၽြန္ေတာ္က (၁၀) ဂိုးသြင္းဖုိ႔ ပစ္မွတ္ထားခဲ့ၿပီး (၇) ဂိုး ရခဲ့တယ္”လုိ႔ မစ္ဆန္ေမာင့္က ဆုိခဲ့ပါတယ္။

⚽ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးနည္းျပေဟာင္း ဂရန္႔ဟာ တကယ္လုိ႔ ခ်ဲလ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္သာ ေလဗာကူဆင္ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္ကုိ ေခၚယူလိုရင္ ရေအာင္ ေခၚလိမ့္မယ္လုိ႔ သံုးသပ္သြားခဲ့ပါတယ္။

⚽ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါက သူ႔ရဲ႕ဒီရာသီ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး မေပ်ာ္ရႊင္ေၾကာင္း၊ အခက္အခဲမ်ားစြာကို ရင္ဆုိုင္ခဲ့ရတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ “ကၽြန္ေတာ့္ရဲ႕ ပုဂၢိဳလ္ေရးအရေတာ့ ဒီရာသီက မေပ်ာ္ပါဘူး။ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ သံုးသပ္ၿပီး လာမယ္႔ံရာသီမွာ အေကာင္းဆံုး ေရွ႕ဆက္သြားမွာပါ”လို႔ ရူဒီဂါက ဆုိခဲ့ပါတယ္။

⚽စပိန္ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္က ခ်ဲလ္ဆီးမွာ ဆုဖလားေအာင္ျမင္မႈေတြ ရယူႏုိင္ဖုိ႔ အေတြ႕အႀကံဳရင့္က်က္ေၾကာင္း၊ ကစားပံုကို အဓိက မထားဘဲ ရလဒ္ဆုိးေနရင္ေတာင္ (၁-၀) ဂိုးနဲ႔ အႏုိင္ရရွိေအာင္ စြမ္းေဆာင္ႏုိင္ေၾကာင္း ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!