1-Aug-2020 Tea Break သတင္းတုိမ်ား

[UNICODE]

IMAGE: BR

⚽ တကယ်လို့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာ တစ်သင်းသင်းကသာ လိုချင်တယ်ဆိုရင် အူဘာမီယန်းအနေနဲ့ အသင်းပြောင်းရွှေ့သင့်တယ်လို့ ချားလက်နီကိုလက်က တိုက်တွန်းသွားခဲ့ပါတယ်။ “သူ့အသက်အရွယ်နဲ့ ဘာစီလိုနာ၊ ရီးရဲတို့က စိတ်ဝင်စားနေတယ်ဆိုရင် ပြောင်းသင့်ပါတယ်”လို့ နီကိုလက်က ဆိုခဲ့ပါတယ်။

⚽ လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ မန်စီးတီးနောက်ခံလူ ဂါစီယာကို လာမယ့်အပြောင်းရွှေ့ရဲ့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မန်စီးတီးကလည်း သူတို့ရဲ့ကြယ်ပွင့်နောက်ခံလူ ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ ပြင်ဆင်နေတာပါ။

⚽ ဂျူဗင်တပ်နည်းပြဆာရီဟာ စီးရီးအေချန်ပီယံဆုကို အောင်ပွဲခံမယ့် ရိုးမားနဲ့ပွဲစဉ်မှာ အဓိကတိုက်စစ်မှူုး စီရော်နယ်ဒိုကို အနားပေးသွားဖွယ်ရှိနေကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပိုမို အာရုံစိုက်လိုနေတာပါ။

⚽ ဂျူဗင်တပ်ယူ-၂၃ အသင်းနည်းပြဖြစ်လာတဲ့ ပီယာလိုက သူ့အနေနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထံကနေ ကမ်းလှမ်းမှု ရရှိခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ “စီးရီးအေနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကနေ ကမ်းလှမ်းမှုတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြလောက ဂျဗီယူ-၂၃ နဲ့ စတင်တာ အကောင်းဆုံးလို့ ခံစားမိခဲ့တယ်”လို့ ပီယာလိုက ဆိုခဲ့ပါတယ်။

⚽ ချဲလ်ဆီးနည်းပြလမ်းပတ်က သူ့အနေနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဂိုးသမားနေရာအတွက ်ကီပါနဲ့ ကာဘယ်ရိုင်လို ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲဆိုတာ မစဉ်းစားရသေးကြောင်း၊ ကစားသမားတိုင်း ဒီပွဲစဉ်မှာ ဝင်ကစားချင်ကြမှာကို သူ့အနေနဲ့ သိတယ်လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

⚽ အာဂျင်တီးနားဂန္ထဝင် မာစီချီယိုက လီယွန်နယ်မက်ဆီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ “ကျွန်တော်က ဒီစတီဖာနို၊ ပီလီ၊ မာရာဒိုနာနဲ့ ဂျိုဟန်ခရိုက်တို့ကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ မက်ဆီက အကောင်းဆုံးပါ”လု့ိ အသက် (၈၇) နှစ်အရွယ် အာဂျင်တီးနားဂန္ထဝင်က ဆိုခဲ့တာပါ။

IMAGE – Goal.com

⚽ ကိုလံဘီယာနည်းပြဟောင်း မာတူရာနာက ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ရီးရဲအသင်းမှာ ဖြစ်နေတဲ့ ပြဿနာကို အဖြေရှာဖို့လိုအပ်ကြောင်း၊ သူ့အနေနဲ့ အမြဲတမ်း နည်းပြတွေဘက်က ရပ်တည်တယ်လို့ ဆိုခဲ့ပါတယ်။ “ဘာဖြစ်ဖြစ် ကျွန်တော်က နည်းပြတွေဘက်ကပါပဲ။ ဒါပေမဲ့ ကိုလံဘီယာမှာတော့ ဂျိမ်းစ်ကို မရွေးတဲ့ နည်းပြတိုင်းကို ဆိုးတယ်လို့ ထင်တတ်ကြပါတယ်”လို့ မာတူရာနာက ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ဟာ လိုင်လီအသင်းရဲ့ အသက် (၂၂) နှစ်အရွယ် ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီလို့ သိရပါတယ။်

[ZAWGYI]

IMAGE: BR

⚽ တကယ္လို႔ ရီးရဲမက္ဒရစ္နဲ႔ ဘာစီလိုနာ တစ္သင္းသင္းကသာ လိုခ်င္တယ္ဆုိရင္ အူဘာမီယန္းအေနနဲ႔ အသင္းေျပာင္းေရႊ႕သင့္တယ္လို႔ ခ်ားလက္နီကိုလက္က တိုက္တြန္းသြားခဲ့ပါတယ္။ “သူ႔အသက္အရြယ္နဲ႔ ဘာစီလိ္ုနာ၊ ရီးရဲတုိ႔က စိတ္၀င္စားေနတယ္ဆုိရင္ ေျပာင္းသင့္ပါတယ္”လုိ႔ နီကိုလက္က ဆုိခဲ့ပါတယ္။

⚽ လာလီဂါကလပ္ ဘာစီလုိနာအသင္းဟာ မန္စီးတီးေနာက္ခံလူ ဂါစီယာကို လာမယ့္အေျပာင္းေရႊ႕ရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ မန္စီးတီးကလည္း သူတုိ႔ရဲ႕ၾကယ္ပြင့္ေနာက္ခံလူ ကို စာခ်ဳပ္သက္တမ္း တုိးႏုိင္ဖို႔ ျပင္ဆင္ေနတာပါ။

⚽ ဂ်ဴဗင္တပ္နည္းျပဆာရီဟာ စီးရီးေအခ်န္ပီယံဆုကို ေအာင္ပြဲခံမယ့္ ရိုးမားနဲ႔ပြဲစဥ္မွာ အဓိကတုိက္စစ္မွဴဳး စီေရာ္နယ္ဒိုကို အနားေပးသြားဖြယ္ရွိေနေၾကာင္း အရိပ္အျမြက္ဆုိခဲ့ပါတယ္။ သူ႔အေနနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ပိုမို အာရုံစိုက္လိုေနတာပါ။

⚽ ဂ်ဴဗင္တပ္ယူ-၂၃ အသင္းနည္းျပျဖစ္လာတဲ့ ပီယာလိုက သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ကလပ္အသင္းေတြထံကေန ကမ္းလွမ္းမႈ ရရွိခဲ့တယ္လုိ႔ ထုတ္ေဖာ္ခဲ့ပါတယ္။ “စီးရီးေအနဲ႔ ပရီးမီးယားလိဂ္ကလပ္အသင္းတခ်ိဳ႕ကေန ကမ္းလွမး္မႈေတြ ရခဲ့ပါတယ္။ ဒါေပမဲ့ နည္းျပေလာက ဂ်ဗီယူ-၂၃ နဲ႔ စတင္တာ အေကာင္းဆံုးလို႔ ခံစားမိခဲ့တယ္”လုိ႔ ပီယာလိုက ဆုိခ့ဲပါတယ္။

⚽ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က သူ႔အေနနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဂိုးသမားေနရာအတြက ္ကီပါနဲ႔ ကာဘယ္ရိုင္လို ဘယ္သူ႔ကို ပြဲထြက္ခြင့္ေပးရမလဲဆိုတာ မစဥ္းစားရေသးေၾကာင္း၊ ကစားသမားတုိင္း ဒီပြဲစဥ္မွာ ၀င္ကစားခ်င္ၾကမွာကို သူ႔အေနနဲ႔ သိတယ္လို႔ လမး္ပတ္က ဆုိခဲ့ပါတယ္။

⚽ အာဂ်င္တီးနားဂႏၳ၀င္ မာစီခ်ီယိုက လီယြန္နယ္မက္ဆီက ကမာၻ႕အေကာင္းဆံုး ေဘာလံုးသမားျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ “ကၽြန္ေတာ္က ဒီစတီဖာႏုိ၊ ပီလီ၊ မာရာဒိုနာနဲ႔ ဂ်ိဳဟန္ခရိုက္တို႔ကို ျမင္ခဲ့ရပါတယ္။ ဒါေပမဲ့ မက္ဆီက အေကာင္းဆံုးပါ”လု႔ိ အသက္ (၈၇) ႏွစ္အရြယ္ အာဂ်င္တီးနားဂႏၳ၀င္က ဆုိခဲ့တာပါ။

IMAGE – Goal.com

⚽ ကိုလံဘီယာနည္းျပေဟာင္း မာတူရာနာက ဂိ်မ္းရိုဒရီဂြတ္ဇ္အေနနဲ႔ ရီးရဲအသင္းမွာ ျဖစ္ေနတဲ့ ျပႆနာကို အေျဖရွာဖုိ႔လိုအပ္ေၾကာင္း၊ သူ႔အေနနဲ႔ အၿမဲတမ္း နည္းျပေတြဘက္က ရပ္တည္တယ္လို႔ ဆုိခဲ့ပါတယ္။ “ဘာျဖစ္ျဖစ္ ကၽြန္ေတာ္က နည္းျပေတြဘက္ကပါပဲ။ ဒါေပမဲ့ ကိုလံဘီယာမွာေတာ့ ဂ်ိမ္းစ္ကို မေရြးတဲ့ နည္းျပတုိင္းကို ဆုိးတယ္လို႔ ထင္တတ္ၾကပါတယ္”လုိ႔ မာတူရာနာက ဆုိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့ အာဆင္နယ္၊ မန္ခ်က္စတာယူႏုိက္တက္နဲ႔ အဲဗာတန္အသင္းတုိ႔ဟာ လိုင္လီအသင္းရဲ႕ အသက္ (၂၂) ႏွစ္အရြယ္ ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္ကို အၿပိဳင္ေခၚယူဖို႔ ႀကိဳးပမ္းေနၾကၿပီလို႔ သိရပါတယ။္



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!