1-Aug-2020 အာဆင္နယ္သတင္းတုိမ်ား

[UNICODE]

⚽ အာဆင်နယ်ဂိုးသမားဟောင်း အယ်မူနီယာက မာတီနက်ဇ်အနေနဲ့ အာဆင်နယ်ရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရမှာကို သိရှိခဲ့ကြောင်း၊ မာတီနက်ဇ်ဟာ အာဆင်နယ်ကို အလွန်ချစ်မြတ်နိုးသူတစ်ယောက်လို့ ပြောဆိုခဲ့ပါတယ်။

IMAGE: BR

⚽ အာဆင်နယ်နောက်ခံလူဟောင်း ကိုလိုတိုရေးက သူ့အသင်းဟောင်းအနေနဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့က အရေးကြီးဆုံးလုပ်ဆောင်ရမယ့်အရာဖြစ်ကြောင်း၊ အူဘာဟာ ခမ်းနားတဲ့အသင်းခေါင်းဆောင်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

IMAGE: BR

⚽ အာဆင်နယ် အသင်းက ဒီရာသီမှာ အဆိုးဝါးဆုံး အခြေအနေကို ဖြတ်သန်း နေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ပွဲသိမ်းခဲ့သလို ယူရိုပါမှာလည်း ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာကာဇတ် ကတော့ အာဆင်နယ် အသင်း ရဲ့ ဆိုးဝါးမှု ကို FA ဖလား အရယူပြီး အနိူင်နဲ့ ပိုင်းဖြတ်သွားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

⚽ အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း ဝဲလ်ကော့က အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား (၃) ကြိမ် ရယူနိုင်ခဲ့တာက မမေ့နိုင်စရာကောင်းကြောင်း၊ အက်ဖ်အေဖလားဟာ အင်္ဂလန်မှာ ကစားသမားတိုင်းလိုချင်နေတဲ့ ဆုဖလားလို့ ဆိုခဲ့ပါတယ်။

⚽ တကယ်လို့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာ တစ်သင်းသင်းကသာ လိုချင်တယ်ဆိုရင် အူဘာမီယန်းအနေနဲ့ အသင်းပြောင်းရွှေ့သင့်တယ်လို့ ချားလက်နီကိုလက်က တိုက်တွန်းသွားခဲ့ပါတယ်။ “သူ့အသက်အရွယ်နဲ့ ဘာစီလိုနာ၊ ရီးရဲတို့က စိတ်ဝင်စားနေတယ်ဆိုရင် ပြောင်းသင့်ပါတယ်”လို့ နီကိုလက်က ဆိုခဲ့ပါတယ်။

⚽ အက်ဖ်အေဖလားဗိုလ်လုပွဲဟာ အသင်းခေါင်းဆောင် အူဘာမီယန်းရဲ့ နောက်ဆုံးပွဲစဉ်မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြအာတီတာက ထုတ်ဖော်ခဲ့ပါတယ်။ “သူက ကျွန်တော်တို့နဲ့ စာချုပ်ရှိနေသေးတာ မမေ့ပါနဲ့။ သူ့ကို ကျွန်တော်တို့ ကာလရှည်ထိန်းနိုင်အောင် ကြိုးပမ်းသွားမှာပါ”လို့ အာတီတာက ဖွင့်ဟခဲ့ပါတယ်။

⚽ အာဆင်နယ်ကွင်းလယ်လူ အိုဇေ်း်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲလူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ဝင်ဘလေကို လိုက်ပါလိုခြင်းမရှိတော့ဘဲ တူရကီကို သွားရောက်လည်ပတ်ဖို့ တောင်းဆိုထားကြောင်း Goal က ဖော်ပြထားပါတယ်။

⚽ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ (၂) ကြိမ် တိုင်တိုင် တွေ့ဆုံခဲ့ဖူးပြီး အဲဒီနှစ်ကြိမ်စလုံးမှာ အာဆင်နယ်ကပဲ အနိုင်ရခဲ့တာပါ။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၇ ဗိုလ်လုပွဲတို့မှာ ဖြစ်ပါတယ်။

[ZAWGYI]

⚽ အာဆင္နယ္ဂိုးသမားေဟာင္း အယ္မူနီယာက မာတီနက္ဇ္အေနနဲ႔ အာဆင္နယ္ရဲ႕ နံပါတ္တစ္ဂိုးသမားအျဖစ္ ပြဲထြက္ခြင့္ရမွာကို သိရွိခဲ့ေၾကာင္း၊ မာတီနက္ဇ္ဟာ အာဆင္နယ္ကို အလြန္ခ်စ္ျမတ္ႏိုးသူတစ္ေယာက္လုိ႔ ေျပာဆုိခဲ့ပါတယ္။

IMAGE: BR

⚽ အာဆင္နယ္ေနာက္ခံလူေဟာင္း ကိုလိုတုိေရးက သူ႔အသင္းေဟာင္းအေနနဲ႔ တုိက္စစ္မွဴး အူဘာမီယန္းကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔က အေရးႀကီးဆံုးလုပ္ေဆာင္ရမယ့္အရာျဖစ္ေၾကာင္း၊ အူဘာဟာ ခမ္းနားတဲ့အသင္းေခါင္းေဆာင္ျဖစ္တယ္လုိ႔ ဆုိခဲ့ပါတယ္။

IMAGE: BR

⚽ အာဆင္နယ္ အသင္းက ဒီရာသီမွာ အဆိုး၀ါးဆုံး အေျခအေနကို ျဖတ္သန္း ေနတာျဖစ္ျပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၈ နဲ့ ပြဲသိမ္းခဲ့သလို ယူရိုပါမွာလည္း ထြက္ခဲ့ရျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာကာဇတ္ ကေတာ့ အာဆင္နယ္ အသင္း ရဲ့ ဆိုး၀ါးမႈ ကို FA ဖလား အရယူျပီး အႏိူင္နဲ ့ ပိုင္းျဖတ္သြားဖို ့ အသင္းသားေတြကို တိုက္တြန္းလိုက္ပါတယ္။

⚽ အာဆင္နယ္တုိက္စစ္ကစားသမားေဟာင္း ၀ဲလ္ေကာ့က အာဆင္နယ္နဲ႔အတူ အက္ဖ္ေအဖလား (၃) ႀကိမ္ ရယူႏုိင္ခဲ့တာက မေမ့ႏုိင္စရာေကာင္းေၾကာင္း၊ အက္ဖ္ေအဖလားဟာ အဂၤလန္မွာ ကစားသမားတုိင္းလိုခ်င္ေနတဲ့ ဆုဖလားလို႔ ဆုိခဲ့ပါတယ္။

⚽ တကယ္လို႔ ရီးရဲမက္ဒရစ္နဲ႔ ဘာစီလိုနာ တစ္သင္းသင္းကသာ လိုခ်င္တယ္ဆုိရင္ အူဘာမီယန္းအေနနဲ႔ အသင္းေျပာင္းေရႊ႕သင့္တယ္လို႔ ခ်ားလက္နီကိုလက္က တိုက္တြန္းသြားခဲ့ပါတယ္။ “သူ႔အသက္အရြယ္နဲ႔ ဘာစီလိ္ုနာ၊ ရီးရဲတုိ႔က စိတ္၀င္စားေနတယ္ဆုိရင္ ေျပာင္းသင့္ပါတယ္”လုိ႔ နီကိုလက္က ဆုိခဲ့ပါတယ္။

⚽ အက္ဖ္ေအဖလားဗုိလ္လုပြဲဟာ အသင္းေခါင္းေဆာင္ အူဘာမီယန္းရဲ႕ ေနာက္ဆံုးပြဲစဥ္မဟုတ္ဘူးလို႔ အာဆင္နယ္နည္းျပအာတီတာက ထုတ္ေဖာ္ခဲ့ပါတယ္။ “သူက ကၽြန္ေတာ္တုိ႔နဲ႔ စာခ်ဳပ္ရွိေနေသးတာ မေမ့ပါနဲ႔။ သူ႔ကို ကၽြန္ေတာ္တုိ႔ ကာလရွည္ထိန္းႏုိင္ေအာင္ ႀကိဳးပမ္းသြားမွာပါ”လို႔ အာတီတာက ဖြင့္ဟခဲ့ပါတယ္။

⚽ အာဆင္နယ္ကြင္းလယ္လူ အုိေဇး္္ဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲလူစာရင္းကေန ခ်န္လွပ္ခံရၿပီးေနာက္ ၀င္ဘေလကို လိုက္ပါလိုျခင္းမရွိေတာ့ဘဲ တူရကီကို သြားေရာက္လည္ပတ္ဖုိ႔ ေတာင္းဆုိထားေၾကာင္း Goal က ေဖာ္ျပထားပါတယ္။

⚽ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတုိ႔ဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ (၂) ႀကိမ္ တိုင္တုိင္ ေတြ႕ဆံုခဲ့ဖူးၿပီး အဲဒီႏွစ္ႀကိမ္စလံုးမွာ အာဆင္နယ္ကပဲ အႏုိင္ရခဲ့တာပါ။ ၂၀၀၂ ခုႏွစ္နဲ႔ ၂၀၁၇ ဗုိလ္လုပြဲတုိ႔မွာ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!