1-Aug-2020 ေန႔လည္ခင္းသတင္းတိုမ်ား

[UNICODE]

⚽ ချန်ပီယံရှစ်ကလပ် ဝီဂန်နောက်ခံလူ ဒန်လေးကို ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဝက်ဖို့ဒ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အက် (၂၈) နှစ်အရွယ်နောက်ခံလူဟာ ဒဏ်ရာတွေနဲ့ရုန်းကန်နေရတာပါ။

⚽ြ ပင်သစ်ကလပ် ရင်းနစ်ဥက္ကဋ္ဌ ဟော်ဗက်က ဥရောပထိပ်တန်းအသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့အဓိကကြယ်ပွင့် ကာမာဗင်ဂါမှာ လာမယ့်အပြောင်းအရွှ့မှာ ရီးရဲ၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတို့ကို ပြောင်းမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

IMAGE: BR

⚽ စီးရီးအေကလပ် အင်တာမီလန်ဟာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီရဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း (၅၀) ကို ပေးချေနိုင်တဲ့အနေအထားမှာရှိကြောင်း Gazzetta dello Sport က ဖော်ပြထားပါတယ်။ မက်ဆီနဲ့ အင်တာတို့ရဲ့ အပြောင်းအရွှေ့မှာ တစ်စတစ်စ ကျယ်ပြန့်လာခဲ့တာပါ။

⚽ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်ကြတဲ့ စပါးကွင်းလယ်လူ အလီ၊ ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်နဲ့ လက်စတာတိုက်စစ်ကစားသမား ဂျိမ်းမက်ဒီဆန်တို့မှာ Ibiza မှာ အပန်းဖြေ အနားယူလျက်ရှိနေပါတယ်။

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ရဲ့ လူငယ်ကစားသမား ဒန်နီဂိုးမက်ဇ်ဟာ လီဗန်တေးအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ် ဒန်နီဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အငှားချခံထားရာမှာ ခြေစွမ်းပြနိုင်ခဲ့တာပါ။

⚽ ပရီးမီးယားလိဂ်ကလပ်မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးနည်းပြကလော့မှာ နည်းပြအဖြစ် သူရင်ဆိုင်ဖူးရသမျှ ပြိုင်ဘက်တွေထဲ အကောင်းဆုံးဖြစ်ကြောင်း၊ လီဗာပူးဟာ အလွန်လျင်မြန်ပြီး ထိန်းချုပ်ရ ခက်ကြောင်း ဆိုခဲ့ပါတယ်။

IMAGE: GOAL

⚽ ရီးရဲဝါရင့်နောက်ခံလူ ဗာရန်းကတော့ သူတို့အနေနဲ့ မန်စီးတီးနဲ့ ပွဲစဉ်အတွက် ယုံကြည်မှု အပြည့်အဝရှိတယ်လို့ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့က ပွဲကြီးတွေမှာ အတွေ့အကြုံများစွာ ရှိထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အောင်ပွဲအတွက်ပါပဲ”လို့ ဗာရန်းက ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားခဲ့တဲ့ အသက ်(၂၀) နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူ ထရန်ကာယိုက ဘာစီလိုနာက ကမ်းလှမ်းလာတဲ့အခါ သူ့အနေနဲ့ ပြောစရာစကား မရှိ ဖြစ်ခဲ့ရကြောင်း၊ သူ့ကိုယ်သူ အလွန်ဂုဏ်ယူမိတယ်လို့ ဆိုခဲ့ပါတယ်။

[ZAWGYI]

⚽ ခ်န္ပီယံရွစ္ကလပ္ ၀ီဂန္ေနာက္ခံလူ ဒန္ေလးကို ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ့ရၿပီျဖစ္တဲ့ ၀က္ဖုိ႔ဒ္က ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ အက္ (၂၈) ႏွစ္အရြယ္ေနာက္ခံလူဟာ ဒဏ္ရာေတြနဲ ႔ရုန္းကန္ေနရတာပါ။

⚽ျ ပင္သစ္ကလပ္ ရင္းနစ္ဥကၠ႒ ေဟာ္ဗက္က ဥေရာပထိပ္တန္းအသင္းႀကီးေတြ စိတ္၀င္စားေနတဲ့ သူတုိ႔ရဲ႕အဓိကၾကယ္ပြင့္ ကာမာဗင္ဂါမွာ လာမယ့္အေျပာင္းအရႊ႕မွာ ရီးရဲ၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီအသင္းတုိ႔ကို ေျပာင္းမွာမဟုတ္ဘူးလို႔ ဆုိခဲ့ပါတယ္။

IMAGE: BR

⚽ စီးရီးေအကလပ္ အင္တာမီလန္ဟာ ဘာစီလုိနာတုိက္စစ္မွဴးမက္ဆီရဲ႕ တစ္ႏွစ္လုပ္ခလစာ ယူရိုသန္း (၅၀) ကို ေပးေခ်ႏုိင္တဲ့အေနအထားမွာရွိေၾကာင္း Gazzetta dello Sport က ေဖာ္ျပထားပါတယ္။ မက္ဆီနဲ႔ အင္တာတို႔ရဲ႕ အေျပာင္းအေရႊ႕မွာ တစ္စတစ္စ က်ယ္ျပန္႔လာခဲ့တာပါ။

⚽ ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္ၾကတဲ့ စပါးကြင္းလယ္လူ အလီ၊ ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္နဲ႔ လက္စတာတုိက္စစ္ကစားသမား ဂ်ိမ္းမက္ဒီဆန္တို႔မွာ Ibiza မွာ အပန္းေျဖ အနားယူလ်က္ရွိေနပါတယ္။

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္ရဲ႕ လူငယ္ကစားသမား ဒန္နီဂိုးမက္ဇ္ဟာ လီဗန္ေတးအသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီ ျဖစ္ပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ ဒန္နီဂိုးမက္ဇ္ဟာ ၿပီးခဲ့တ့ဲရာသီက အငွားခ်ခံထားရာမွာ ေျခစြမ္းျပႏုိင္ခဲ့တာပါ။

⚽ ပရီးမီးယားလိဂ္ကလပ္မန္စီးတီးနည္းျပ ဂြါဒီယိုလာက လီဗာပူးနည္းျပကေလာ့မွာ နည္းျပအျဖစ္ သူရင္ဆုိင္ဖူးရသမွ် ၿပိဳင္ဘက္ေတြထဲ အေကာင္းဆံုးျဖစ္ေၾကာင္း၊ လီဗာပူးဟာ အလြန္လ်င္ျမန္ၿပီး ထိန္းခ်ဳပ္ရ ခက္ေၾကာင္း ဆုိခဲ့ပါတယ္။

IMAGE: GOAL

⚽ ရီးရဲ၀ါရင့္ေနာက္ခံလူ ဗာရန္းကေတာ့ သူတုိ႔အေနနဲ႔ မန္စီးတီးနဲ႔ ပြဲစဥ္အတြက္ ယံုၾကည္မႈ အျပည့္အ၀ရွိတယ္လုိ႔ဆုိခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔က ပြဲႀကီးေတြမွာ အေတြ႕အႀကံဳမ်ားစြာ ရွိထားပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္က ေအာင္ပြဲအတြက္ပါပဲ”လုိ႔ ဗာရန္းက ဆုိခဲ့တာပါ။

ၿပီးခဲ့တဲ့ ဇန္န၀ါရီက ဘာစီလုိနာကို ေျပာင္းေရႊ႕ဖုိ႔ အႀကိဳသေဘာတူညီမႈ ရရွိထားခဲ့တဲ့ အသက ္(၂၀) ႏွစ္အရြယ္ ေပၚတူဂီကြင္းလယ္လူ ထရန္ကာယုိက ဘာစီလုိနာက ကမ္းလွမ္းလာတဲ့အခါ သူ႔အေနနဲ႔ ေျပာစရာစကား မရွိ ျဖစ္ခဲ့ရေၾကာင္း၊ သူ႔ကိုယ္သူ အလြန္ဂုဏ္ယူမိတယ္လုိ႔ ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!