ဆန်ချိုအတွက် ကျော်ကြားလှတဲ့ အထင်ကရ ကျောနံပတ် ချန်ထားပေးတဲ့ မန်ယူ

[UNICODE] ဂျေဒန်ဆန်ချို က ဒီရာသီမှာ မန်ယူအသင်းကို ပြောင်းရွှေ့ ဖို့ သတင်းကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တာဖြစ်ပါတယ်။ ဒီ ကစားသမားအတွက် ဒေါ့မွန်က ပေါင် သန်း ၁၀၀ အထက်အလိုရှိနေတာဖြစ်လို မန်ယူအသင်း ကတော့ အဲလောက်များတဲ့ ငွေကို ပေးချေလိုခြင်း မရှိတာကြောင့် အပြောင်းအရွှေ့က မြန်မြန်ဆန်ဆန် ဖြစ်မလာတာဖြစ်ပါတယ်။

0-Getty-Images-1249742153jpg2020-Borussia-Dortmund
IMAGE: GOAL

ဆိုးရှားက တစ်ခြားအသင်းတွေထက် လက်ဦးရယူနိူင်ဖို့အတွက် မန်ယူအသင်းက တာဝန်ရှိသူတွေကို ဆန်ချိုကို မြန်မြန်ခေါ်ယူပေးဖို့အတွက် တိုက်တွန်း ဖိအားပေး တောင်းဆိုထားတယ်လို့လည်းသိရပါတယ်။ မန်ယူအသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ရသွားတဲ့အတွက် ဝင်ငွေ ကောင်းမွန်လာမှာဖြစ်သလို လူအင်အားလည်း ဖြည့်တင်းဖို့ လိုအပ်တာဖြစ်ပါတယ်။

တစ်ကယ်လို့ ဆန်ချိုကသာ မန်ယူအသင်းကို ရောက်ရှိလာခဲ့မယ်ဆို မန်ယူအသင်းက သူ့ကို ကျောနံပတ် ၇ ပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သတင်းတွေက တက်လာပါတယ်။ ဒီ ကျောနံပတ် ၇ ကို မန်ယူ ရဲ့ အထင်ကရ ကစားသမားတွေ ဖြစ်တဲ့ အဲရစ် ကန်တိုနာ၊ ရော်နယ်ဒို ၊ ဘက်ဟမ်း၊ ရောဘ်ဆင်၊ ဂျော့ဘက်စ် တို့ ဝတ်ဆင်ခဲ့ပါတယ်။

0-FA-Barclays-Premiership-Manchester-United-v-Middlesbrough-Old-Trafford
IMAGE: GOAL

ကျောနံပတ် ၇ ကို ဝတ်ရတဲ့ ကစားသမားတွေမှာလည်း ဖိအားတွေ ရှိပါတယ်။ ဗလန်စီယာ က ၂၀၁၂ တုန်းက နံပတ် ၇ ဝတ်ဆင်ခဲ့ပြီး ဖိအား မခံနိူင်လို့ ၂၅ ပြောင်းဝတ်ခဲ့ပါတယ်။ မာရီယာ ကို ပေါင် ၆၈ သန်း နဲ့ ခေါ်ယူခဲ့ပြီး နံပတ် ပေးခဲ့ပေမယ့် သူက ခြေစွမ်း မပြနိူင်ခဲ့ပါဘူး။ နောက်တော့ ဒီပေး ဝတ်ဆင်ခဲ့သလို ၁ ပတ် ပေါင် ၅ သိန်းပေးရတဲ့ အဲလက်စ် ဆန်းချက်စ် လက်ကို ရောက်လာပါတယ်။

ဆန်းချက်စ် က လုံး၀ ခြေစွမ်းပြသနိူင်ခြင်း မရှိသလို အင်တာကို အငှားသွား ကစားခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဆန်းချက်စ် ကိုယ်တိုင် အင်တာကနေ မန်ယူကို ပြန်လာလိုခြင်း မရှိတာကြောင့် နံပတ် ၇ က လာမယ့် နွေမှာ လစ်လပ်နေတော့မှာဖြစ်ပါတယ်။

0-Imago-20200307
IMAGE: GOAL

မန်ယူအသင်း ရဲ့ ကျော်ကြားလှတဲ့ ကျောနံပတ် ၇ ကို ဆန်ချို ဝတ်ဆင်ခွင့် ရမလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ဒေါ့မွန် က မန်ယူအသင်းကို သူတို့ ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ဒီ သြဂုတ် ၁၀ ရက်အတွင်း မြန်မြန် ခေါ်ယူဖို့အတွက် သတိပေးထားတာဖြစ်ပါတယ်။

REF: DAILY MAIL

နောက်ဆုံး မန်ယူသတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။

[ZAWGYI] ေဂ်ဒန္ဆန္ခ်ဳိ က ဒီရာသီမွာ မန္ယူအသင္းကို ေျပာင္းေရႊ ့ ဖို ့ သတင္းက်ယ္က်ယ္ေလာင္ေလာင္ ထြက္ေနခဲ့တာျဖစ္ပါတယ္။ ဒီ ကစားသမားအတြက္ ေဒါ့မြန္က ေပါင္ သန္း ၁၀၀ အထက္အလိုရွိေနတာျဖစ္လို မန္ယူအသင္း ကေတာ့ အဲေလာက္မ်ားတဲ့ ေငြကို ေပးေခ်လိုျခင္း မရွိတာေၾကာင့္ အေျပာင္းအေရႊ ့က ျမန္ျမန္ဆန္ဆန္ ျဖစ္မလာတာျဖစ္ပါတယ္။

0-Getty-Images-1249742153jpg2020-Borussia-Dortmund
IMAGE: GOAL

ဆိုးရွားက တစ္ျခားအသင္းေတြထက္ လက္ဦးရယူႏိူင္ဖို ့အတြက္ မန္ယူအသင္းက တာ၀န္ရွိသူေတြကို ဆန္ခ်ဳိကို ျမန္ျမန္ေခၚယူေပးဖို ့အတြက္ တိုက္တြန္း ဖိအားေပး ေတာင္းဆိုထားတယ္လို ့လည္းသိရပါတယ္။ မန္ယူအသင္းက ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရသြားတဲ့အတြက္ ၀င္ေငြ ေကာင္းမြန္လာမွာျဖစ္သလို လူအင္အားလည္း ျဖည့္တင္းဖို ့ လိုအပ္တာျဖစ္ပါတယ္။

တစ္ကယ္လို ့ ဆန္ခ်ိဳကသာ မန္ယူအသင္းကို ေရာက္ရွိလာခဲ့မယ္ဆို မန္ယူအသင္းက သူ ့ကို ေက်ာနံပတ္ ၇ ေပးဖို ့ အဆင္သင့္ ျဖစ္ေနတယ္လို ့ သတင္းေတြက တက္လာပါတယ္။ ဒီ ေက်ာနံပတ္ ၇ ကို မန္ယူ ရဲ့ အထင္ကရ ကစားသမားေတြ ျဖစ္တဲ့ အဲရစ္ ကန္တိုနာ၊ ေရာ္နယ္ဒို ၊ ဘက္ဟမ္း၊ ေရာဘ္ဆင္၊ ေဂ်ာ့ဘက္စ္ တို ့ ၀တ္ဆင္ခဲ့ပါတယ္။

0-FA-Barclays-Premiership-Manchester-United-v-Middlesbrough-Old-Trafford
IMAGE: GOAL

ေက်ာနံပတ္ ၇ ကို ၀တ္ရတဲ့ ကစားသမားေတြမွာလည္း ဖိအားေတြ ရွိပါတယ္။ ဗလန္စီယာ က ၂၀၁၂ တုန္းက နံပတ္ ၇ ၀တ္ဆင္ခဲ့ျပီး ဖိအား မခံႏိူင္လို ့ ၂၅ ေျပာင္း၀တ္ခဲ့ပါတယ္။ မာရီယာ ကို ေပါင္ ၆၈ သန္း နဲ့ ေခၚယူခဲ့ျပီး နံပတ္ ေပးခဲ့ေပမယ့္ သူက ေျခစြမ္း မျပႏိူင္ခဲ့ပါဘူး။ ေနာက္ေတာ့ ဒီေပး ၀တ္ဆင္ခဲ့သလို ၁ ပတ္ ေပါင္ ၅ သိန္းေပးရတဲ့ အဲလက္စ္ ဆန္းခ်က္စ္ လက္ကို ေရာက္လာပါတယ္။

ဆန္းခ်က္စ္ က လုံး၀ ေျခစြမ္းျပသႏိူင္ျခင္း မရွိသလို အင္တာကို အငွားသြား ကစားခဲ့ရတဲ့ အထိ ျဖစ္ခဲ့ပါတယ္။ ဆန္းခ်က္စ္ ကိုယ္တိုင္ အင္တာကေန မန္ယူကို ျပန္လာလိုျခင္း မရွိတာေၾကာင့္ နံပတ္ ၇ က လာမယ့္ ေႏြမွာ လစ္လပ္ေနေတာ့မွာျဖစ္ပါတယ္။

0-Imago-20200307
IMAGE: GOAL

မန္ယူအသင္း ရဲ ့ ေက်ာ္ၾကားလွတဲ့ ေက်ာနံပတ္ ၇ ကို ဆန္ခ်ုိ ၀တ္ဆင္ခြင့္ ရမလားဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။ ေဒါ့မြန္ က မန္ယူအသင္းကို သူတို ့ ကစားသမားကို ေခၚယူခ်င္တယ္ဆိုရင္ ဒီ ၾသဂုတ္ ၁၀ ရက္အတြင္း ျမန္ျမန္ ေခၚယူဖို ့အတြက္ သတိေပးထားတာျဖစ္ပါတယ္။

REF: DAILY MAIL



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!