24-May-2020 အပြောင်းအရွှေ့သတင်းများ

skysports-mario-gotze-goetze-4997033
IMAGE: GOAL

⚽ ဒေါ့မွန် အသင်းကတော့ သူတို့ ကွင်းလယ်ကစားသမားဖြစ်တဲ့ မာရီယို ဂေါ့ဇီ က လာမယ့် ဇွန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူက အသင်းက ထွက်ခွာတော့မယ်လို့ဒေါ့မွန် အသင်းက တရားဝင်ကြေငြာသွားခဲ့ပါတယ်။

arsene-wenger-emirates-stadium-1fxc3m67l0z661s1bjnv44nzpc
IMAGE: GOAL

⚽ အာဆင် ဝင်းဂါးကတော့ သူ့အနေနဲ့ အာဆင်နယ်ကို ပြန်လာမလား ဆိုတဲ့ မေးခွန်း အပေါ်ကို “ကျွန်တော် အာဆင်နယ် အသင်းကို ပြန်လာမလား ဆိုတဲ့ မေးခွန်းကို ကျွန်တော်လည်း ကိုယ်တိုင် မေးဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့် ဘ၀ စာမျက်နှာမှာ အာဆင်နယ် အသင်းကို အတိတ်မှာ ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါကြောင့် ပွဲကြည့်ဖို့တောင် ပြန်သွားဖို့က မသေခြာတော့ပါဘူး။” ဆိုပြီး Bein Sport ကို ပြောလိုက်ပါတယ်။

david-luiz-arsenal-2019-20-1g2exak7cakoc1gg0qsp5c321r
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမား ဖြစ်တဲ့ ဒေးဗစ် လုဇ် ကတော့ သူ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့မယ်ဆိုရင် ဘင်ဖီကာ အသင်းကို ပြန်သွားလိုတယ်တဲ့။

lucas-hernandez-bayern-munich-11t6s1sftw5oozq6tkc385r4q
IMAGE: GOAL

⚽ နယူးကာဆယ် ပစ်မှတ်ထားနေတဲ့ လူကပ်စ် ဟာနန်ဒက်စ် ရဲ့အေးဂျင့်ကတော့ သူ့ ကစားသမားက ဘေယန်က ထွက်ခွာဖို့လုံး၀ အစီအစဉ်မရှိဘူးဆိုပြီး ပြောကြားလိုက်ပါတယ်။ အလက်တီကိုက ယူရို သန်း ၈၀ နဲ့ ပြောင်းလာခဲ့ပေမယ့် ဒဏ်ရာကြောင့် ဘေးထိုင်နေရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

hi-res-656d92ba529c68a4f0e43e1230d3ef98-crop-north
IMAGE: GOAL

⚽ ဟီဂူအင်ကတော့ သူ့အနေနဲ့ အာဂျင်တီးနား အသင်းဖော် လော်တာရို မာတင်နက်စ်ကို မနာလိုဝနိတုခြင်း မရှိသလို မက်ဆီနဲ့လော်တာရို အတွဲကို မြင်ချင်တယ်လို့ဆိုပါတယ်။ ဘာကာက စိတ်ဝင်စားရင် ငြင်းပယ်ရ ခက်ခဲတယ်လို့လည်းဆိုပါတယ်။

kai-havertz-bayer-leverkusen-2019-cyt6bgfr5i4w1aw4rpmg7t17p
IMAGE: GOAL

⚽ ဘေယာလီဗာကူဆင် ရဲ့ ကြယ်ပွင့် ကစားသမားကတော့ လက်ရှိမှာသူ့အနာဂတ် နဲ့ ဆွေးနွေးလိုခြင်း မရှိဘူးဆိုပြီး ငြင်းဆန်သွားပါတယ်။ ဒီကစားသမားကို ဘေယန်၊ လီဗာပူး၊ ဘာကာ နဲ့ ဂျူဗီတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သူ့ကို ယူရို သန်း ၁၀၀ အထက်မရရင် လီဗာကူဆင်က မရောင်းဘူးတဲ့။

NINTCHDBPICT000567434413-e1584363952309
IMAGE: GOAL

⚽ ဂျေဒန်ဆန်ချို ကတော့ မန်ယူကို ချန်ပီယံလိဂ် ကစားခွင့်ရမှာ ပြောင်းမှာ ဖြစ်တာကြောင့် မန်ယူ အခြေအနေ က မြို့ခံ ပြိုင်ဘက် မန်စီးတီး အခြေအနေ ပေါ်မူတည်နေတယ်လို့ဆိုပါတယ်။ မန်စီးတီး က လက်ရှိမှာ ချန်ပီယံလိဂ်က ၂ နှစ် ပယ်ခံထားရပြီး အယူခံဝင်ထားပါတယ်။ မန်စီးတီး အယူခံခွင့် ပယ်ချခံရရင် မန်ယူအသင်းက ချန်ပီယံလိဂ် ဝင်ခွင့်၇မှာပါ။

adama-traore-wolves-2019-20-qoz0zm67kxnd1cdvrwyg3vz3a
IMAGE: GOAL

⚽ ယာဂင် ကလော့ က ဒီလာမယ့်နွေမှာ ဝုဗ် အသင်းက တောင်ပံ ကစားသမား အဒါမာ ထရာအိုရီကို ခေါ်ယူဖို့ ထိပ်ဆုံးက ပစ်မှတ်ထားနေတယ်တဲ့။ ဒီကစားသမား အတွက် ပေါင် သန်း ၆၀ အထက်အလိုရှိတယ်တဲ့။

1181437448-jpg-0
IMAGE: GOAL

⚽ မန်ယူအသင်းက သူတို့ ကစားသမားဖြစ်တဲ့ မားကိုစ့် ရိုဂျို ကို ဒီလာမယ့် နွေမှာ ရောင်းချင်ချင်နေတာဖြစ်ပြီး အာဂျင်တီးနား ကလပ် ၂ ခုဖြစ်တဲ့ Estudiantes နဲ့ ဘိုကာ ဂျူနီယာတို့ ကလပ် ၂ ခုကြားက ပိုက်ဆံ ပိုပေးတဲ့ အသင်ကို ရောင်းချမယ်တဲ့။ လက်ရှိမှာတော့ Estudiantes မှာ ရိုဂျိုက အငှားကစားနေတာဖြစ်ပါတယ်။

=== ZAWGYI ====

skysports-mario-gotze-goetze-4997033
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


1181437448-jpg-0
IMAGE: GOAL




error: Content is protected !!