ချဲလ်ဆီး နဲ့ မန်ယူကြား ရှိတဲ့ ကွာခြားချက်ကို ပြောလိုက်တဲ့ မာတစ်
မာတစ်က ချဲလ်ဆီး အသင်းကနေ မန်ယူ အသင်းကို ၂၀၁၇ တုန်းက နည်းပြ မော်ရင်ညို နဲ့အတူ ပေါင် သန်း ၄၀ ပြောင်းရွှေ့လာတာခဲ့တာပါ။ ဒီ ကစားသမားက ချဲလ်ဆီး အသင်း နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိပြီး အဓိက ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
Getty-Images-1197383055
IMAGE: GOAL
ဒါပေမယ့် သူက မန်ယူအသင်းက အရင်က ခြေစွမ်းပြသဖို့ ရုန်းကန်နေရသလို မန်ယူအသင်းအနဲ့ ဖလားလည်း မရရှိသေးပါဘူး။ မာတစ်က ဒီရာသီမှာ ၁၂ ပွဲ ကစားခွင့်ရပြီး ၁ ဂိုးဖန်တီးပေးနိူင်ခဲ့ပါတယ်။ ဆိုးရှားကတော့ သူ့ကို မာတစ် က လန်ဒန် နဲ့ မန်ချက်စတာ ကလပ်ကြားမှာ ရှိတဲ့ ကွာဟချက်ကို အောက်ပါအတိုင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။
“သူ လန်ဒန်မှာ နေပြီး လမ်းပေါ်မှာ လျှောက်သွားလည်း သူ့ကို ဘယ်သူမှ ဂရုမစိုက်သလို ဘယ်သူမှလည်း အရေးယူပြီး စကားမပြောဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမန်ယူကစားသမား ဖြစ်လာတော့ အဲအရာက လုံး၀ ပြောင်းသွားတယ်လို့ ပြောတာပါ။ သူ မန်ချက်စတာ မြို့မှာ သွားရင် လူတွေက သူ့ကို ဝိုင်းနှုတ်ဆက်ကြတယ်တဲ့။
Getty-Images-1208169212
IMAGE: GOAL
နောက်ပြီး မန်ယူဂျာစီ ဝတ်ပြီး ကစားရတဲ့ အခိုက်အတန့်က ချဲလ်ဆီး ဂျာစီဝတ်ပြီး ကစားရတဲ့ အခိုက်အတန့်ထက်ပိုပြီး ဖိအားများတယ်လို့ဆိုလိုက်ပါတယ်။” အခုချိန်မှာ မန်ယူ အသင်းက ချန်ပီယံလိဂ် ဝင့်ခွင့် အတွက် နီးနီး ကပ်ကပ် ရှိနေပြီဖြစ်ပါတယ်။
နောက်ပြီး မန်ယူကစားသမားတွေက စပြီးလေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။ အားလုံးက ကိုရိုနာ ရောဂါ မရှိဘူးတဲ့။ ဒဏ်ရာကြောင့် ကာရှည်ကြာစွာ အနားယူနေရတဲ့ မားကတ်စ် ရှက်ဖိုဒ့် နဲ့ ပေါလ် ပေါ့ဘာတို့လည်း အသင်းနဲ့ ပြန်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။
REF: METRO
နောက်ဆုံး Update မန်ယူသတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
IMAGE: GOAL
IMAGE: GOAL
REF: METRO
error: Content is protected !!