ပေါ့ဘာကို ဂျူဗီ ပြန်ခေါ်သွားဖို့ ပြင်ဆင်နေတဲ့ ရိုင်အိုလာ
မန်ယူအသင်းက ထွက်ခွာတော့မယ်လို့အဆက်မပြတ် သတင်းထွက်နေတဲ့ ပေ့ါဘာ က ရီးရဲလ် အသင်းနဲ့ သတင်းထွက်ခဲ့ပါတယ်။ ပေါ့ဘာက ရာသီ ၂ ခုစာ သတင်းထွက်နေပါတယ်။ ရီးရဲလ် ရဲ့နည်းပြ ဇီဒိန်း ကတော့ ပေါ့ဘာကို နှစ်သက်သလို ပေါ့ဘာ ကိုယ်တိုင်ကလည်း ရီးရဲလ်ကို ပြောင်းရွှေ့ကစားချင်တယ်၊ မန်ယူက ထွက်ပြီး စိန်ခေါ်မှု အသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
skysports-mino-raiola-paul-pogba-4776568
IMAGE: GOAL
ရီးရဲလ်က ပေါ့ဘာကို သွေးတိုးစမ်းပြီး ဂျိမ်းရိုထရီဂွက်ဇ် နဲ့ ပေါင် သန်း ၃၀ နဲ့ သွေးတိုးစမ်းခဲ့ပါတယ်။ မန်ယူအသင်းက ချက်ချင်းပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်က ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဆိုးကြောင့် ဘဏ္ဍာရေး အခြေအနေ ထိခိုက်လျက်ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးတော့ ပေါ့ဘာကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။
ရီးရဲလ်ကို ပြောင်းမရတော့ အခုချိန်မှာတော့ ရိုင်အိုလာ ကတော့ ဂျူဗီတပ်စ် ကို ပြန်လည်ခေါ်သွားဖို့ ပြင်ဆင်နေတယ်လို့ Le10Sport က ဖော်ပြလိုက်ပါတယ်။ ပေ့ါဘာက ဒီရာသီမှာ မန်ယူအတွက် ၈ ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ပေါ့ဘာက ပရီးမီးယားလိဂ် ပြန်စရင် ကြံ့ခိုင်မှု အပြည့် နဲ့ ပြန်ကစားနိူင်တော့မှာဖြစ်ပါတယ်။
Paul-Pogba-Mino-Raiola
IMAGE: GOAL
လက်ရှိမှာ မန်ယူအသင်းက ဘယ်ကစားသမားကိုမှ ရောင်းချလိုခြင်း မရှိသေပေမယ့် ရိုင်အိုလာ နဲ့ ပေါ့ဘာ အတင်းအကြပ်တောင်းဆိုရင်တော့ ရောင်းချ၇ဖွယ်ရှိပါတယ်။ နောက်ဆုံး သတင်းအရ မန်ယူက ကိုရိုနာ ကပ်ဆိုးကြောင့် ပေါင် ၁၂၇ သန်း လက်ရှိမှာ အရှုံးပေါ်နေခဲ့ပြီ ဖြစ်ပါတယ်။ ဂျူဗီ က လက်ရှိမှာ ပေါ့ဘာ ကို ခေါ်ယူဖို့အတွက် သူတို့ အသင်းက ကစားသမားတွေ ဖြစ်တဲ့ ရမ်ဆေး နဲ့ ရာဘီယော့ ကို ရောင်းချသွားဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။
mino-raiola-paul-pogba-llxeos0a3rd11okamudb1kzgl
IMAGE: GOAL
နောက်ဆုံးအဆိုအရ မန်ယူနဲ့ အဆက်မပြတ် ထွက်နေတဲ့ ဂျေဒန် ဆန်ချိုကို အခုချိန်မှာ စိတ်ဝင်စားတဲ့ အသင်းထဲ ဘေယန်မြူးနစ် ပါဝင်လာပြီ ဖြစ်ပါတယ်။ ဆန်ချိုကို ဒေါ့မွန်က ရောင်းချလိုခြင်း မရှိပေမယ့် ပေါင် သန်း ၁၀၀ ကျော် ရရင်တော့ ရောင်းချမယ်လို့ဆိုပါတယ်။
REF: MANCHESTER EVENING
နောက်ဆုံး Update မန်ယူသတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
==== ZAWGYI =====
IMAGE: GOAL
Paul-Pogba-Mino-Raiola
IMAGE: GOAL
IMAGE: GOAL
error: Content is protected !!