ကိုရိုနာ ကပ်ဆိုးကြောင့် ဘဏ္ဍာရေး ပေါင် ၁၂၇ သန်း အရှုံးပေါ်ခဲ့တဲ့ မန်ယူ
မန်ယူအသင်းက အမှုဆောင် အရာရှိ အက်ဒဝုဒ်ဝတ် ကတော့ မန်ယူအသင်း အနေနဲ့ ကိုရိုနာကပ်ဆိုး ကြောင့် ဘဏ္ဍာရေး အခြေအနေ ဆိုးဝါး စွာ ထပ်ရင်ဆိုင်ရဖို့ ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အခုလက်ရှိ အခြေအနေ အရ မန်ယူက ၁၂၇ သန်းအရှုံးပေါ်ခဲ့တယ်လို့ဆိုပါတယ်။ အဲတာကြောင့် လက်ရှိမှာ မန်ယူအသင်းက စုစုပေါင်း ပေါင် ၄၂၉ သန်းအကြွေးတင်ခဲ့ပြီ ဖြစ်ပါတယ်။
960
IMAGE: GOAL
အက်ဝုဒ်ဝတ် ကတော့ “ကိုရိုနာ ကပ်ဆိုးက ကျွန်တော်တို့ ရဲ့ နေ့စဉ်ဓူ၀ လည်ပတ်နေတဲ့ လုပ်ငန်းကို ကြီးမားတဲ့ အနှောက်အယှက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲတွေကနေ ဝင်ငွေတွေ ဆုံးရှုံးတယ် အိုးထရက်ဖိုဒ့်ကိုလည်ပတ်တဲ့ ဧည့်သည်ဆီ က ဝင်ငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။
ကျွန်တော်တို့ ကလပ် က သေခြာတည်ဆောက်ထားတဲ့ ကလပ်ပါ။ ကျွန်တော်တို့ ကမ္ဘာ့ အကောင်းဆုံး အားကစား ကလပ် တစ်ခုထဲက တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ ကလပ်က တစ်ခြား ဘောလုံး ကလပ်တွေလိုပဲ ဘဏ္ဍာရေး အခြေအနေကို ရင်ဆိုင်နေရပါတယ်။
ဒီကပ်ဆိုးက ညတွင်းခြင်း ပြီးသွားမှာ မဟုတ်ပါဘူး။ အနာဂတ်မှာ စိန်ခေါ်မှု အများကြီး ကျန်ရှိပါသေးတယ်။ ဘဏ္ဍာရေး နဲ့ ဘောလုံးစီးပွားရေး အခြေအနေက အရင်လို ပြန်ဖြစ်လာဖို့ တော်တော် အချိန်ယူရအုန်းမှာပါ။
1285226-1
IMAGE: GOAL
အနာဂတ်က မသေခြာမရေရာပေမယ့် ကျွန်တော်တို့ ဆိုးရှားနဲ့အသင်း ကို မကြာခင်မှာ ကွင်းထဲ ပြန်ကစားနိူင်ဖို့ မျှော်လင့်နေပါတယ်။ ဇွန်လမှာ ပရီးမီးယားလိဂ် ပြန်စတင်ဖို့ မျှော်လင့်နေသလို သြဂုတ်လမှာလည်း UEFA Europa League ကိုပြန်ကစားဖို့ စောင့်မျှော်နေပါတယ်။ ပရိတ်သတ်တွေ စောင့်မျှော်နေသလိုပဲ ကျွန်တော်တို့ ကလည်း အကောင်းမြင်နေပါတယ်။
IMAGE: GOAL
မန်ယူ ကလပ်ရဲ့ ၁၄၂ နှစ်အတွင်း အဆိုးဝါးဆုံး အခြေအနေကို ပရိတ်သတ်တွေနဲ့ အကောင်းဆုံး ရင်ဆိုင်သွားမှာပါ။” ဆိုပြီး ပြောကြားလိုက်ပါတယ်။
REF: DAILY MAIL
==== ZAWGYI =====
960
IMAGE: GOAL
1285226-1
IMAGE: GOAL
IMAGE: GOAL
REF: DAILY MAIL
error: Content is protected !!