ဆိုးရှား မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် မည်မျှ ပြီးပြည့်စုံအောင် ပြင်ဆင်ထားပြီလဲ?

မန်ချက်စတာ ယူနိုက်တက်အသင်းသည် သူတို့၏ အသင်းအားဖြည့် ရန် အတွက် ရာသီအပြောင်းအရွေ့ကာလတွင် အင်အားထပ်ဖြည့်ရန် ကြိုးစားသော်လည်း အိုလီ ဂန်နာ ဆိုးရှားသည် ပြီးပြည့်စုံသော အသင်းဖြစ်အောင်ကြိုးစားနေပြီ ဖြစ်သည်။ အချို့သော ပရီးမီးယားလိဂ် မန်နေဂျာများသည် သူတို့တွင် ရှိသော လူအင်အား အနည်းငယ် အားကို တန်ဖိုးထားမြင် တတ်ကြသော်လည်း အများစု မန်နေဂျာများမှာမူ ဘောလုံးကစားသမားတစ်နေရာ ချင်း စီ အတွက် အရံအင်အား နှစ်ဦး စီ ထားရှိသည် ကို နှစ်သက်ကြသည်။

အိုလီ ဂန်နာ ဆိုးရှားသည် မန်ချက်စတာ ယူနိုက်တက် အသင်းအင်အား အတွက် ပြီးခဲ့သော နွေဦးရာသီ က ပြင်ဆင်ခဲ့သော်လည်း ရာသီတစ်ခု လုံးအတွက် မလုံလောက်ခဲ့ပေ။ ယခု အခါတွင် ရေရှည် ကို ကြည့်သော အားဖြင့် ကစားသမား အပြောင်းအရွေ့ကာလ နှစ်ခု အပြီး နော်ဝေးသား သည် တောင့်တင်းသော ယူနိုက်တက် အသင်း နှစ်ခု စာ ရနိုင်တော့မည် နီးကပ် နေပြီ ဟု ပြောခဲ့သည်။

အကယ်၍ ဆိုးရှားသည် တစ်ပတ်လျှင် ၄-၃-၃ ကစားကွက် နှစ်ကြိမ် ကစားခဲ့ပြီး ကစားသမားများ တစ်ပွဲ ပြီး နောက်တစ်ပွဲ ကစားချင် လျှင် သူ၏ လူစာရင်းကို ကြည့်ရှု ရမည် ဖြစ်သည်။

IMAGE: BR

ဂိုးသမား များ

ဂိုးသမား လူစာရင်း ကို လည်း နောက်နှစ် နွေအတွက် စဉ်းစား ရတော့မည် ဖြစ်ပြီး လောလောဆယ် တွင် ဒီး(န်) ဟန်ဒါဆင် သည် ၂၀၂၀/၂၁ ရာသီတွင် ရှိနေသော်လည်း ရေရှည် နံပါတ်တစ် ဂိုးသမားကို စဉ်းစားရမည် ဖြစ်သည်။ ဒေးဗစ်ဒီဂီယာ သည် လောလောဆယ် ဂုဏ်ရှိသော ကစားသမား အဖြစ်ရှိနေခဲ့ပြီး ပွဲပေါင်း ၄၀၀ အထိကစား ခဲ့သည်။ သူ၏ အရံအား အနေဖြင့် ဆာဂျီယို ရိုမီယို သည် ပရီးမီးယားလိဂ် တွင် အကောင်းဆုံး အရံ အနေအထားဖြင့် ရှိနေခဲ့သည်။

အင်အား – ဒီဂီယာ, ရိုမီယို, ဂရန့်

နောက်တန်းများ

ဆိုးရှားသည် ဤရာသီ တွင် နောက်တန်းအား သုံးဦးကစားစေခဲ့ပြီး ယခုအခါတွင် အလယ် နောက်တန်းတွင် အားဖြည့်ရန် စဉ်းစားကောင်း စဉ်းစားမည် ဖြစ်သည်။ နောက်တန်း အတွက် တွင် အေရွန် ဝန်ဘစ်စကာ နှင့် လုရှောသည် ပြောစရာမရှိ ကောင်းမွန်ပြီး ဒီအေဂို ဒါလောဒ့် နှင့် ဘရန်ဒန် ဝီလီယံ သည် လည်း တိုးတက်ကောင်းမွန်ပြည့် ဆက်လက် နောက်တန်းကို အားဖြည့်မည် ဖြစ်သည်။

ဟယ်ရီ မက်ဂွီးရား နှင့် ဗစ်တာ လင်ဒီလော့(ဖ်) သည် အလယ်နောက်တန်းတွင် အတွဲညီညီ ကစားနိုင်ပြီး အဲရစ် ဘေလီမှာမူ ဖေဖေါ်ဝါရီ လ ကရခဲ့သော ဒဏ်ရာ မှ နာလန်ထူခါစဖြစ်နေပြီဖြစ်သည်။ အသက် ၂၂ ရှိပြီ ဖြစ်သော အက်ဇဲလ် တွမ်ဇီဘီ ကို လည်း မျှော်လင့် နိုင်ပါသည်။
အကယ်၍ ဆိုးရှားသည် နောက်တန်း ပထမကစားသမားနေရာတိုင်း အတွက် အရံနှစ်ဦး စီ မထားခဲ့လျှင် သူ၏ နောက်တန်းအရံများဖြစ်သော ဖီးဂျူန်း, ခရစ်စမောလင်း နှင့် မာကို ရိုဂျို တို့သည် သူတို့၏ လမ်းကြောင်းကို သူတို့စဉ်းစား ရတော့မည်ဖြစ်သည်။

အင်အား – ဝန်ဘီစကာ, ဒါလောဒ့်,လင်ဒယ်လော့(ဖ),မက်ဂွေရား,ဘေလီ,တွမ်ဇီဘီ,ရှော, ဝီလီယံ
ထွက်နိုင်မည့်စာရင်း- ဂျူန်း, စမောလင်း, ရိုဂျို

အလယ်တန်း

ယူနိုက်တက် သည် သူတို့၏ အလယ်တန်း အင်အားမြောက်များစွာရှိပြီး ဆိုးရှားသည် ယခု အခါ သူအလယ်တန်းကို မည်သို့ကိုင်တွယ် ရမှာလဲ ဆိုတဲ့ အချိန် ရောက်ပြီ ဖြစ်တယ်။

IMAGE: GOAL

ဂျက်ဆီ လင်း နှင့် အန်ဒရီအေ ပိုင်အီရာ သည် ဤရာသီ တွင် တော်တော်ရုန်းကုန်ခဲ့ရပြီး နောက် ၁၂ လတွင် သူတို့ ထွက် သွားမည် ဆိုလျှင် မအံသြ တော့ပါ။ နီမာန်ဂျာ မက်တစ် နှင့် ဂျူအန် မာတာ သည် ၂၀၂၀ တွင် ပျော်ရွင်စွာ ဖြတ်သန်းခဲ့သော်လည်း ၂၀၂၁ တွင် စာချုပ် သက်တမ်းကုန်တော့မည်ဖြစ်ပြီး သူတို့၏ ကစားသမားဘ၀ အတွက် နားသင့်သော အသက်အရွယ် လည်းဖြစ်လာပြီ ဖြစ်သည်။

သူတို့သည် ယခုအခါတွင် စကော့မက်တိုမီနေ, ဖရက် နှင့် ဘရိုနို ဖာနေဒီ(စ်) တို့နှင့် အတူ အလယ်တန်း အင်အားတွင် ကျန်နေခဲ့ပြီး ပေါ ပေါ့ဘာ သည် နောက်ရာသီ အတွက် ဆက်ရှိနေမည် ဖြစ်သည်။ မက်တစ် နှင့် မာတာ တို့ မတည်ငြိမ် မှု အပေါ် ဆိုးရှားသည် အလယ်တန်းအတွက် အားဖြည့်ရန် စဉ်းစားနေသည်။ မက်တစ်နှင့် မာတာ ထွက်သွားခဲ့သည် ရှိသော် ၂၀၂၁ အတွက် တစ်နေရာ လွတ်နိုင်ပြီး ပေါ ပေါ့ဘာ ထွက်ခဲ့လျှင် နှစ် နေရာစာ လွတ်နိုင်သည်။

အင်အား – မက်တစ်, မက်တိုမင်နေ, ဖရက်, ပေါ့ဘာ, ဖာနန်ဒီ(စ်), မာတာ, အသစ်သော စာချုပ်ချုပ်မည့် လူစာရင်း
ထွက်သွားမည့် လူစာရင်း – လင်းဂတ်, ပဲအီရာ

ရှေ့တန်းတိုက်စစ်များ

ယူနိုင်တက် အသင်း အတွက် တိုက်စစ်မှုး သည် တစ်နေရာစာ လွတ်နေပြီး အကယ်၍ အိုဒီယွန် အီဂါလို သာ သူ၏ အသင်း ရှန်ဟိုင်းရှန်ဟွာ ကို ပြန်သွားခဲ့လျှင် နှစ်နေရာစာ လွတ်နေမှာ ဖြစ်သည် နိုင်ဂျီးရီးယန်းသား လေးသည် အိုးထရက်ဖိုဒ့်အတွက် ခဏတာ ကစားခဲ့ပြီး ၄ ဂိုးသွင်းခဲ့သည်။ ဆိုးရှား အနေနှင့် အသက်ငယ်ရွယ်ပြီး အန်ထော်နီ မာရှယ် နှင့် အတူတူ ကစားနိုင် ရန် ရှာဖွေသင့်ပြီ ဖြစ်သည်။

အင်အား – ရက်ဖိုဒ့်, ဂျိမ်း, ဂရင်းဝုပ်, မာရှယ်, အင်ဂလို/စာချုပ်သစ်, စာချုပ်သစ်

သက်ငယ်သော ကစားသမားများ

ဆိုးရှား သည် သက်ငယ်သော ကစားသမား ကလပ်တွင် ဝင်ရောက် ကစားခြင်းကြောင့် သူ၏ သက်ကြီးပိုင်း ကစားသမားများ ကို ဖြတ်ချ နိုင်ပြီ ဖြစ်တယ်။ တီမောတယ် ဖိုဆု-မန်ဆာ အနေနှင့် သူသည် နောက်ရာသီအတွက် ယူနိုက်တက် နှင့် ထိုက်တန်ကြောင်း ပြသနိုင်ရန် ကြိုးစားနေပြီး တာဟစ်ချောင်း သည် နောက်ရာသီအတွက် ပထမ ၁၁ ယောက် တွင် ပါဝင်သင့် သည်ဟု ယူဆပါတယ်။

အိန်ဂျယ် ဂိုးမီ(စ) သည် ယူနိုက်တက် အတွက် ထိုက်တန်ကြောင်း သေသေချာချာ ကစားပြရမည့် အချိန် သည်ကုန်ဆုံးနေပြီ ဖြစ်တယ်။ သို့သော် အခြားသော ကစား သမားများ ဖြစ်သော ဒိုင်လန် လက်ဗစ် နှင့် ဂျိမ်း(စ) ဂါနာ သည် လည်း နောက် ရာသီ အတွက် ပိုမို ကောင်းမွန် စွာကစား နိုင်မည် ဟု မျှော်မှန်း ရပါ သည်။

REF: MANCHESTER EVENING

နောက်ဆုံး Update မန်ယူသတင်းများကို ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။

=== ZAWGYI —-

မန္ခ်က္စတာ ယူႏိုက္တက္အသင္းသည္ သူတို႔၏ အသင္းအားျဖည့္ ရန္ အတြက္ ရာသီအေျပာင္းအေ႐ြ႕ကာလတြင္ အင္အားထပ္ျဖည့္ရန္ ႀကိဳးစားေသာ္လည္း အိုလီ ဂန္နာ ဆိုးရွားသည္ ၿပီးျပည့္စုံေသာ အသင္းျဖစ္ေအာင္ႀကိဳးစားေနၿပီ ျဖစ္သည္။ အခ်ိဳ႕ေသာ ပရီးမီးယားလိဂ္ မန္ေနဂ်ာမ်ားသည္ သူတို႔တြင္ ရွိေသာ လူအင္အား အနည္းငယ္ အားကို တန္ဖိုးထားျမင္ တတ္ၾကေသာ္လည္း အမ်ားစု မန္ေနဂ်ာမ်ားမွာမူ ေဘာလုံးကစားသမားတစ္ေနရာ ခ်င္း စီ အတြက္ အရံအင္အား ႏွစ္ဦး စီ ထားရွိသည္ ကို ႏွစ္သက္ၾကသည္။

အိုလီ ဂန္နာ ဆိုးရွားသည္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအင္အား အတြက္ ၿပီးခဲ့ေသာ ေႏြဦးရာသီ က ျပင္ဆင္ခဲ့ေသာ္လည္း ရာသီတစ္ခု လုံးအတြက္ မလုံေလာက္ခဲ့ေပ။ ယခု အခါတြင္ ေရရွည္ ကို ၾကည့္ေသာ အားျဖင့္ ကစားသမား အေျပာင္းအေ႐ြ႕ကာလ ႏွစ္ခု အၿပီး ေနာ္၀ေးသား သည္ ေတာင့္တင္းေသာ ယူႏိုက္တက္ အသင္း ႏွစ္ခု စာ ရႏိုင္ေတာ့မည္ နီးကပ္ ေနၿပီ ဟု ေျပာခဲ့သည္။

အကယ္၍ ဆိုးရွားသည္ တစ္ပတ္လွ်င္ ၄-၃-၃ ကစားကြက္ ႏွစ္ႀကိမ္ ကစားခဲ့ၿပီး ကစားသမားမ်ား တစ္ပြဲ ၿပီး ေနာက္တစ္ပြဲ ကစားခ်င္ လွ်င္ သူ၏ လူစာရင္းကို ၾကည့္ရႈ ရမည္ ျဖစ္သည္။

IMAGE: BR

ဂိုးသမား မ်ား

ဂိုးသမား လူစာရင္း ကို လည္း ေနာက္ႏွစ္ ေႏြအတြက္ စဥ္းစား ရေတာ့မည္ ျဖစ္ၿပီး ေလာေလာဆယ္ တြင္ ဒီး(န္) ဟန္ဒါဆင္ သည္ ၂၀၂၀/၂၁ ရာသီတြင္ ရွိေနေသာ္လည္း ေရရွည္ နံပါတ္တစ္ ဂိုးသမားကို စဥ္းစားရမည္ ျဖစ္သည္။ ေဒးဗစ္ဒီဂီယာ သည္ ေလာေလာဆယ္ ဂုဏ္ရွိေသာ ကစားသမား အျဖစ္ရွိေနခဲ့ၿပီး ပြဲေပါင္း ၄၀၀ အထိကစား ခဲ့သည္။ သူ၏ အရံအား အေနျဖင့္ ဆာဂ်ီယို ႐ိုမီယို သည္ ပရီးမီးယားလိဂ္ တြင္ အေကာင္းဆုံး အရံ အေနအထားျဖင့္ ရွိေနခဲ့သည္။

အင္အား – ဒီဂီယာ, ႐ိုမီယို, ဂရန္႔

ေနာက္တန္းမ်ား

ဆိုးရွားသည္ ဤရာသီ တြင္ ေနာက္တန္းအား သုံးဦးကစားေစခဲ့ၿပီး ယခုအခါတြင္ အလယ္ ေနာက္တန္းတြင္ အားျဖည့္ရန္ စဥ္းစားေကာင္း စဥ္းစားမည္ ျဖစ္သည္။ ေနာက္တန္း အတြက္ တြင္ ေအ႐ြန္ ၀န္ဘစ္စကာ ႏွင့္ လုေရွာသည္ ေျပာစရာမရွိ ေကာင္းမြန္ၿပီး ဒီေအဂို ဒါေလာဒ့္ ႏွင့္ ဘရန္ဒန္ ၀ီလီယံ သည္ လည္း တိုးတက္ေကာင္းမြန္ျပည့္ ဆက္လက္ ေနာက္တန္းကို အားျဖည့္မည္ ျဖစ္သည္။

ဟယ္ရီ မက္ဂြီးရား ႏွင့္ ဗစ္တာ လင္ဒီေလာ့(ဖ္) သည္ အလယ္ေနာက္တန္းတြင္ အတြဲညီညီ ကစားႏိုင္ၿပီး အဲရစ္ ေဘလီမွာမူ ေဖေဖၚ၀ါရီ လ ကရခဲ့ေသာ ဒဏ္ရာ မွ နာလန္ထူခါစျဖစ္ေနၿပီျဖစ္သည္။ အသက္ ၂၂ ရွိၿပီ ျဖစ္ေသာ အက္ဇဲလ္ တြမ္ဇီဘီ ကို လည္း ေမွ်ာ္လင့္ ႏိုင္ပါသည္။
အကယ္၍ ဆိုးရွားသည္ ေနာက္တန္း ပထမကစားသမားေနရာတိုင္း အတြက္ အရံႏွစ္ဦး စီ မထားခဲ့လွ်င္ သူ၏ ေနာက္တန္းအရံမ်ားျဖစ္ေသာ ဖီးဂ်ဴန္း, ခရစ္စေမာလင္း ႏွင့္ မာကို ႐ိုဂ်ိဳ တို႔သည္ သူတို႔၏ လမ္းေၾကာင္းကို သူတို႔စဥ္းစား ရေတာ့မည္ျဖစ္သည္။

အင္အား – ၀န္ဘီစကာ, ဒါေလာဒ့္,လင္ဒယ္ေလာ့(ဖ),မက္ေဂြရား,ေဘလီ,တြမ္ဇီဘီ,ေရွာ, ၀ီလီယံ
ထြက္ႏိုင္မည့္စာရင္း- ဂ်ဴန္း, စေမာလင္း, ႐ိုဂ်ိဳ

အလယ္တန္း

ယူႏိုက္တက္ သည္ သူတို႔၏ အလယ္တန္း အင္အားေျမာက္မ်ားစြာရွိၿပီး ဆိုးရွားသည္ ယခု အခါ သူအလယ္တန္းကို မည္သို႔ကိုင္တြယ္ ရမွာလဲ ဆိုတဲ့ အခ်ိန္ ေရာက္ၿပီ ျဖစ္တယ္။

IMAGE: GOAL

ဂ်က္ဆီ လင္း ႏွင့္ အန္ဒရီေအ ပိုင္အီရာ သည္ ဤရာသီ တြင္ ေတာ္ေတာ္႐ုန္းကုန္ခဲ့ရၿပီး ေနာက္ ၁၂ လတြင္ သူတို႔ ထြက္ သြားမည္ ဆိုလွ်င္ မအံၾသ ေတာ့ပါ။ နီမာန္ဂ်ာ မက္တစ္ ႏွင့္ ဂ်ဴအန္ မာတာ သည္ ၂၀၂၀ တြင္ ေပ်ာ္႐ြင္စြာ ျဖတ္သန္းခဲ့ေသာ္လည္း ၂၀၂၁ တြင္ စာခ်ဳပ္ သက္တမ္းကုန္ေတာ့မည္ျဖစ္ၿပီး သူတို႔၏ ကစားသမားဘ၀ အတြက္ နားသင့္ေသာ အသက္အ႐ြယ္ လည္းျဖစ္လာၿပီ ျဖစ္သည္။

သူတို႔သည္ ယခုအခါတြင္ စေကာ့မက္တိုမီေန, ဖရက္ ႏွင့္ ဘ႐ိုႏို ဖာေနဒီ(စ္) တို႔ႏွင့္ အတူ အလယ္တန္း အင္အားတြင္ က်န္ေနခဲ့ၿပီး ေပါ ေပါ့ဘာ သည္ ေနာက္ရာသီ အတြက္ ဆက္ရွိေနမည္ ျဖစ္သည္။ မက္တစ္ ႏွင့္ မာတာ တို႔ မတည္ၿငိမ္ မႈ အေပၚ ဆိုးရွားသည္ အလယ္တန္းအတြက္ အားျဖည့္ရန္ စဥ္းစားေနသည္။ မက္တစ္ႏွင့္ မာတာ ထြက္သြားခဲ့သည္ ရွိေသာ္ ၂၀၂၁ အတြက္ တစ္ေနရာ လြတ္ႏိုင္ၿပီး ေပါ ေပါ့ဘာ ထြက္ခဲ့လွ်င္ ႏွစ္ ေနရာစာ လြတ္ႏိုင္သည္။

အင္အား – မက္တစ္, မက္တိုမင္ေန, ဖရက္, ေပါ့ဘာ, ဖာနန္ဒီ(စ္), မာတာ, အသစ္ေသာ စာခ်ဳပ္ခ်ဳပ္မည့္ လူစာရင္း
ထြက္သြားမည့္ လူစာရင္း – လင္းဂတ္, ပဲအီရာ

ေရွ႕တန္းတိုက္စစ္မ်ား

ယူႏိုင္တက္ အသင္း အတြက္ တိုက္စစ္မႈး သည္ တစ္ေနရာစာ လြတ္ေနၿပီး အကယ္၍ အိုဒီယြန္ အီဂါလို သာ သူ၏ အသင္း ရွန္ဟိုင္းရွန္ဟြာ ကို ျပန္သြားခဲ့လွ်င္ ႏွစ္ေနရာစာ လြတ္ေနမွာ ျဖစ္သည္ ႏိုင္ဂ်ီးရီးယန္းသား ေလးသည္ အိုးထရက္ဖိုဒ့္အတြက္ ခဏတာ ကစားခဲ့ၿပီး ၄ ဂိုးသြင္းခဲ့သည္။ ဆိုးရွား အေနႏွင့္ အသက္ငယ္႐ြယ္ၿပီး အန္ေထာ္နီ မာရွယ္ ႏွင့္ အတူတူ ကစားႏိုင္ ရန္ ရွာေဖြသင့္ၿပီ ျဖစ္သည္။

အင္အား – ရက္ဖိုဒ့္, ဂ်ိမ္း, ဂရင္း၀ုပ္, မာရွယ္, အင္ဂလို/စာခ်ဳပ္သစ္, စာခ်ဳပ္သစ္

သက္ငယ္ေသာ ကစားသမားမ်ား

ဆိုးရွား သည္ သက္ငယ္ေသာ ကစားသမား ကလပ္တြင္ ၀င္ေရာက္ ကစားျခင္းေၾကာင့္ သူ၏ သက္ႀကီးပိုင္း ကစားသမားမ်ား ကို ျဖတ္ခ် ႏိုင္ၿပီ ျဖစ္တယ္။ တီေမာတယ္ ဖိုဆု-မန္ဆာ အေနႏွင့္ သူသည္ ေနာက္ရာသီအတြက္ ယူႏိုက္တက္ ႏွင့္ ထိုက္တန္ေၾကာင္း ျပသႏိုင္ရန္ ႀကိဳးစားေနၿပီး တာဟစ္ေခ်ာင္း သည္ ေနာက္ရာသီအတြက္ ပထမ ၁၁ ေယာက္ တြင္ ပါ၀င္သင့္ သည္ဟု ယူဆပါတယ္။

အိန္ဂ်ယ္ ဂိုးမီ(စ) သည္ ယူႏိုက္တက္ အတြက္ ထိုက္တန္ေၾကာင္း ေသေသခ်ာခ်ာ ကစားျပရမည့္ အခ်ိန္ သည္ကုန္ဆုံးေနၿပီ ျဖစ္တယ္။ သို႔ေသာ္ အျခားေသာ ကစား သမားမ်ား ျဖစ္ေသာ ဒိုင္လန္ လက္ဗစ္ ႏွင့္ ဂ်ိမ္း(စ) ဂါနာ သည္ လည္း ေနာက္ ရာသီ အတြက္ ပိုမို ေကာင္းမြန္ စြာကစား ႏိုင္မည္ ဟု ေမွ်ာ္မွန္း ရပါ သည္။

REF: MANCHESTER EVENING



error: Content is protected !!