8-April-2020 နံနက်ခင်း အပြောင်းအရွှေ့  သတင်းများ

IMAGE: BR

⚽ ပေါလ် ပေါ့ဘာက မန်ယူ မှာ မကစားချင်သလို၊ ဂျူဗီလည်း မပြောင်းချင်ပါဘူးတဲ့။ သူက လာမယ့် နွေမှာ ရီးရဲလ်ကို ပြောင်းရွှေ့ချင်တာကြောင့် မန်ယူနဲ့ စာချုပ် မတိုးပဲ ဆန္ဒပြဖို့ စီစဉ်နေသတဲ့။

IMAGE: GOAL

⚽ အေစီမီလန် အသင်းက လာမယ့် နွေမှာ သီယို ဟာနန်ဒက်စ် ကို ရောင်းချဖို့ စိတ်ဝင်စားနေပြီး သူ့ကို PSG မန်ယူ နဲ့ မန်စီးတီးတို့ က စိတ်ဝင်စားနေပါတယ်။

IMAGE: GOAL

⚽ ရီးရဲလ် မက်ဒရစ် ဥက္ကဌ ဖီအိုရမ်တီနို ပီရက်ဇ် ကတော့ ဟားလန်း ခြေစွမ်းကို အကြီးအကျယ် သဘောကျနေပြီး လာမယ့် နွေမှာ ခေါ်ယူချင်နေပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့နှစ်ကမှ ခေါ်ထားတဲ့ လူကာ ဂျိုဗစ်ကို အလိုက်ပေးသွားမယ်တဲ့။

IMAGE: GOAL

⚽ လာဇီယို နဲ့ ရိုးမားတို့က လာမယ့် နွေမှာ ချဲလ်ဆီး အသင်းနဲ့ စာချုပ်ကုန်တော့မယ့် ပက်ဒရို ကို ခေါ်ယူဖို့အတွက် ဇာဗီ နဲ့ အပြိုင် လုရဖွယ်ရှိတယ်တဲ့။ ပက်ဒရိုကို အသင်းဖော်ဟောင်း ဇာဗီက သူ့ ကလပ် ကို ခေါ်ချင်နေတာဖြစ်ပါတယ်။

IMAGE: BR

⚽ မန်ယူ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ် ကတော့ လူငယ်ကစားသမား ဒင်း ဟန်ဒါဆင်ကို ဒေးဗစ် ဒီဂီယာ နေရာမှာ အစားထိုးဖို့ အတွက် အင်မတန်စောသေးတယ်လို့ ဆိုပါတယ်။

IMAGE: GOAL

⚽ အီဘရာဟမ် မိုဗစ်ကတော့ လေ့ကျင့်ခန်းမှာ ဖြစ်စေ၊ ကစားပွဲမှာ ဖြစ်စေ ရှုံးနိမ့်တာကို လုံး၀ သည်းခံတတ်သူ မဟုတ်ကြောင်း၊ အပြည့်အ၀ အားထုတ်ခြင်း မရှိပါက သူက အပြစ်ပေးဖို့ဝန်လေး တတ်သူ မဟုတ်ကြောင်း လုဒ်ရှောက ပြောလိုက်ပါတယ်။

IMAGE: GOAL

⚽ မစ်ဒယ်ဘရော့ တိုက်စစ်မှူး ကလမ် ကဗန်နား ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး နဲ့ လက်စတာတို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

=-=== ZAWGYI ======

IMAGE: BR


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: BR


IMAGE: GOAL


IMAGE: GOAL




error: Content is protected !!