7-April-2020 ညေနခင္းသတင္းတိုမ်ား

[UNICODE]

IMAGE: BR

⚽ ဘွန်ဒက်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး သောမတ်မူလာဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုနိုင်ခဲ့ပါပြီ။ မူလာကို စာချုပ်သစ် ချုပ်ဆိုနိုင်လို့ အလွန်ကျေနပ်မိကြောင်း ဘိုင်ယန်စီအီးအိုက ပြောကြားသွားခဲ့ပါတယ်။

IMAGE: BR

⚽ မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆော်ပေါ်လိုဒေသတွင်းက ကလေးငယ်တွေအတွက် အစားအသောက်ခြင်း (၄၀၀) ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

IMAGE: BR

⚽ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ လာမယ့်ရာသီအကုန်မှာ ထွက်ခွာတော့မယ့် မန်စီးတီးအသင်းဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ CdS က ဆိုထားပါတယ်။

IMAGE: BR

⚽ တကယ်လို့ ဒီရာသီကို ဖျက်သိမ်းလိုက်မယ်ဆိုရင် လီဗာပူးအတွက် လုံးဝမတရားဘူးလို့ ယူနိုက်တက်ကစားသမားဟောင်း ဘာဘာဘတော့ဗ်က ပြောဆိုလိုက်ပါတယ်။ “ရိုးရိုးသားသား ပြောရရင် လီဗာပူးက ချန်ပီယံဆုနဲ့ ချွင်းချက်မရှိ ထိုက်တန်ပါတယ်။ ဘယ်အသင်းမှ သူတို့ကို လိုက်မမီနိုင်ပါဘူး”လို့ ဘာဘာတော့ဗ်က ဆိုခဲ့တာပါ။

IMAGE: BR

⚽ အာဆင်နယ်ကစားသမားဟောင်း နီကိုလက်စ် သူ့အသင်းဟောင်းအနေနဲ့ အူုဘာမီယန်းရဲ့အပြောင်းအရွှေ့ကို မပေါ့ဆသင့်ဘူးလို့ သတိပေးသွားခဲ့ပါတယ်။ ” ဘာစီလိုနာနဲ့ ရီးရဲတို့က သူ့ကို စောင့်ကြည့်နေကြပါပြီ။ အူဘာမီယန်းကို ရောင်းမယ်လို့ သတင်းတွေလည်း အများကြီး ထွက်ပေါ်ထားပါတယ်။ အက်ဒိုကွာဟာ အူဘာမီယန်းနေရာအတွက် အဖြေမဟုတ်ပါဘူး”လို့ နီကိုလက်စ်က ပြောဆိုခဲ့တာပါ။

IMAGE: BR

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကို ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူတဲ့နေရာမှာ ဂျိုဗစ်ကို ပြန်လည်အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဖရန့်ဖတ်ကနေ ရီးရဲကို ယူရိုသန်း (၆၀) နဲ့ ရောက်လာခဲ့တာပါ။

IMAGE: BR

⚽ ဘရာဇီးလက်ရွေးစင်ဟော်း ဇီကိုက ပီအက်စ်ဂျီတိုက်စစ်မှူးနေမာအနေနဲ့ မက်ဆီ၊ စီရော်နယ်ဒိုတို့လို ပရော်ဖက်ရှင်နယ်ဆန်ဖို့ လိုအပ်နေသေးကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

IMAGE: BR

⚽ မန်စီးတီးနောက်ခံလူ မန်ဒီက နည်းပြဂွါဒီယိုလာရဲ့အမေ ကွယ်လွန်သွားတဲ့အပေါ် သူ့အနေနဲ့ လွန်စွာ ဝမ်းနည်းမိတယ်လို့ Instagram မှာ ဖွင့်ဟသွားခဲ့ပါတယ်။ “ပတ်နဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုယ်စား ကျွန်တော် အလွန် စိတ်မကောင်းဖြစ်ရပါတယ်။ သူက ကျွန်တော့်ကို အမြဲတမ်း သားတစ်ယောက်လို ဆက်ဆံသူပါ”လို့ မန်ဒီက ဆိုခဲ့တာပါ။

[ZAWGYI]

 

IMAGE: BR

⚽ ဘြန္ဒက္လီဂါထိပ္သီးကလပ္ ဘုိင္ယန္ျမဴးနစ္ တိုက္စစ္မွဴး ေသာမတ္မူလာဟာ အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း တုိးျမွင့္ခ်ဳပ္ဆိုႏုိင္ခဲ့ပါၿပီ။ မူလာကို စာခ်ဳပ္သစ္ ခ်ုပ္ဆိုႏုိင္လုိ႔ အလြန္ေက်နပ္မိေၾကာင္း ဘိုင္ယန္စီအီးအိုက ေျပာၾကားသြားခဲ့ပါတယ္။

IMAGE: BR

⚽ မန္စီးတီးတုိက္စစ္မွဴး ဂါဘရီရယ္ဂ်ီးဆပ္စ္ဟာ သူ႔ရဲ႕ ေမြးရပ္ေျမဖျစ္တဲ့ ေဆာ္ေပၚလိုေဒသတြင္းက ကေလးငယ္ေတြအတြက္ အစားအေသာက္ျခင္း (၄၀၀) ကို လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။

IMAGE: BR

⚽ စီးရီးေအကလပ္ ေအစီမီလန္အသင္းဟာ လာမယ့္ရာသီအကုန္မွာ ထြက္ခြာေတာ့မယ့္ မန္စီးတီးအသင္း၀ါရင့္ကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားကို ေခၚယူႏုိင္ဖို႔အတြက္ ေအးဂ်င့္ျဖစ္သူနဲ႔ ဆက္သြယ္ေဆြးေႏြးခဲ့တယ္လုိ႔ CdS က ဆုိထားပါတယ္။

IMAGE: BR

⚽ တကယ္လုိ႔ ဒီရာသီကို ဖ်က္သိမ္းလိုက္မယ္ဆုိရင္ လီဗာပူးအတြက္ လံုး၀မတရားဘူးလို႔ ယူႏုိက္တက္ကစားသမားေဟာင္း ဘာဘာဘေတာ့ဗ္က ေျပာဆုိလိုက္ပါတယ္။ “ရိုးရိုးသားသား ေျပာရရင္ လီဗာပူးက ခ်န္ပီယံဆုနဲ႔ ခၽြင္းခ်က္မရွိ ထိုက္တန္ပါတယ္။ ဘယ္အသင္းမွ သူတုိ႔ကို လိုက္မမီႏိုင္ပါဘူး”လို႔ ဘာဘာေတာ့ဗ္က ဆုိခဲ့တာပါ။

IMAGE: BR

⚽ အာဆင္နယ္ကစားသမားေဟာင္း နီကိုလက္စ္ သူ႔အသင္းေဟာင္းအေနနဲ႔ အူုဘာမီယန္းရဲ႕အေျပာင္းအေရႊ႕ကို မေပါ့ဆသင့္ဘူးလုိ႔ သတိေပးသြားခဲ့ပါတယ္။ ” ဘာစီလိုနာနဲ႔ ရီးရဲတုိ႔က သူ႔ကို ေစာင့္ၾကည့္ေနၾကပါၿပီ။ အူဘာမီယန္းကို ေရာင္းမယ္လုိ႔ သတင္းေတြလည္း အမ်ားႀကီး ထြက္ေပၚထားပါတယ္။ အက္ဒိုကြာဟာ အူဘာမီယန္းေနရာအတြက္ အေျဖမဟုတ္ပါဘူး”လို႔ နီကိုလက္စ္က ေျပာဆုိခဲ့တာပါ။

IMAGE: BR

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္ကို ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကို ေခၚယူတဲ့ေနရာမွာ ဂ်ိဳဗစ္ကို ျပန္လည္အလိုက္ေပးကမ္းလွမ္းသြားဖုိ႔ စီစဥ္လ်က္ရွိေနပါတယ္။ ဂ်ိဳဗစ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီက ဖရန္႔ဖတ္ကေန ရီးရဲကို ယူရိုသန္း (၆၀) နဲ႔ ေရာက္လာခဲ့တာပါ။

IMAGE: BR

⚽ ဘရာဇီးလက္ေရြးစင္ေဟာ္း ဇီကိုက ပီအက္စ္ဂ်ီတုိက္စစ္မွဴးေနမာအေနနဲ႔ မက္ဆီ၊ စီေရာ္နယ္ဒိုတုိ႔လုိ ပေရာ္ဖက္ရွင္နယ္ဆန္ဖို႔ လိုအပ္ေနေသးေၾကာင္း သံုးသပ္ေျပာၾကားသြားခဲ့ပါတယ္။

IMAGE: BR

⚽ မန္စီးတီးေနာက္ခံလူ မန္ဒီက နည္းျပဂြါဒီယိုလာရဲ႕အေမ ကြယ္လြန္သြားတဲ့အေပၚ သူ႔အေနနဲ႔ လြန္စြာ ၀မ္းနည္းမိတယ္လို႔ Instagram မွာ ဖြင့္ဟသြားခဲ့ပါတယ္။ “ပတ္နဲ႔ သူ႔ရဲ႕ မိသားစု၀င္ေတြကိုယ္စား ကၽြန္ေတာ္ အလြန္ စိတ္မေကာင္းျဖစ္ရပါတယ္။ သူက ကၽြန္ေတာ့္ကို အၿမဲတမ္း သားတစ္ေယာက္လို ဆက္ဆံသူပါ”လို႔ မန္ဒီက ဆုိခဲ့တာပါ။



error: Content is protected !!