7-April-2020 ပရီးမီးယားလိဂ္သတင္းမ်ား

[UNICODE]

လီဗာပူးဂန္ထဝင်ဟောင်းကာရေဂါက ကစားသမားတွေမှာ သူတို့စွမ်းဆောင်ခဲ့သမျှ လုပ်ခလစာရဖို့ ထိုက်တန်ကြောင်း၊ ဒါပေမဲ့ ဒီကာလမှာတော့ သူတို့အနေနဲ့ လစာလျှော့ယူသင့်တယ်လို့ တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့ အမေဖြစ်သူ ကာရီယိုဟာ COVID-19 ကူးစက်ခံရပြီး သေဆုံးသွားခဲ့ပါပြီ။ သူမဟာ ကွယ်လွန်ချိန်မှာ အသက် (၈၂) နှစ် ရှိနေခဲ့တာပါ။ သူမကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့အပါအဝင် မန်ယူနိုက်တက်၊ ရီးရဲနဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်တို့က လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်နောက်ခံလူ ဒန်နီရို့စ်ဟာ လန်ဒန်ဆေးရုံတစ်ရုံကို ပီဇာပေါင်းရာနဲ့ချီပြီး လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ အစောပိုင်းကလည်း ဒန်နီရို့စ်ဟာ COVID-19 အတွက် ပေါင် (၁၉၀၀၀) လှူဒါန်းခဲ့သေးတာပါ။

စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ ဘောလုံးပွဲတွေ ရပ်နားထားတဲ့အချိန်မှာ ကျန်ရှိနေတဲ့ (၄) ပတ်တာ အခြေခံစစ်မှုသွားထမ်းမှာဖြစ်ပြီး အသင်းဆီကို မေလမှာ ပြန်လာမှာဖြစ်တယ်လို့ စပါးက အတည်ပြုသွားခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့နဲ့ ဝက်စ်ဟမ်းနည်းပြမိုယက်စ်တို့ဟာ COVID-19 ကြောင့် အသင်းအခက်အခဲ ကြုံတွေ့နေရချိန်မှာ သူတို့ရဲ့လစာတွေကို လျှော့ယူဖို့ စီစဉ်လျက်ရှိနေပါတယ်။

IMAGE: BR

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်း ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဖာဘီယန်ရုဇ်ကို နာပိုလီက ပေါင် (၅၂) သန်းတန်ကြေး သတ်မှတ်ခဲ့ပါတယ်။ မန်စီးတီးဟာ ဖာဘီယန်ရုဇ်ကို ရီးရဲနဲ့ အပြိုင် ကြိုးပမ်းသွားရမှာပါ။

IMAGE: BR

လီဗာပူးအနေနဲ့ ဝုဖ်တောင်ပံကစားသမား ထရာအိုရေးကို ခေါ်ယူမယ့်အစား မန်စီးတီးတိုက်စစ်ကစားသမားဆာနေးကိုသာ ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီမီးလ်က သုံးသပ်သွားခဲ့ပါတယ်။

[ZAWGYI]

 

လီဗာပူးဂႏၳ၀င္ေဟာင္းကာေရဂါက ကစားသမားေတြမွာ သူတုိ႔စြမ္းေဆာင္ခဲ့သမွ် လုပ္ခလစာရဖုိ႕ ထုိက္တန္ေၾကာင္း၊ ဒါေပမဲ့ ဒီကာလမွာေတာ့ သူတုိ႔အေနနဲ႔ လစာေလွ်ာ့ယူသင့္တယ္လုိ႔ တုိက္တြန္းေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕ အေမျဖစ္သူ ကာရီယိုဟာ COVID-19 ကူးစက္ခံရၿပီး ေသဆံုးသြားခဲ့ပါၿပီ။ သူမဟာ ကြယ္လြန္ခိ်န္မွာ အသက္ (၈၂) ႏွစ္ ရွိေနခဲ့တာပါ။ သူမကြယ္လြန္ခဲ့တာနဲ႔ပတ္သက္ၿပီး ဘာစီလိုနာနဲ႔ ဘုိင္ယန္ျမဴးနစ္တုိ႔အပါအ၀င္ မန္ယူႏိုက္တက္၊ ရီးရဲနဲ႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္တို႔က လူမႈကြန္ရက္မွာ ၀မ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

နယူးကာဆယ္ေနာက္ခံလူ ဒန္နီရို႕စ္ဟာ လန္ဒန္ေဆးရုံတစ္ရုံကို ပီဇာေပါင္းရာနဲ႔ခ်ီၿပီး လွဴဒါန္းမႈ ျပဳလုပ္ခဲ့ပါတယ္။ အေစာပိုင္းကလည္း ဒန္နီရို႕စ္ဟာ COVID-19 အတြက္ ေပါင္ (၁၉၀၀၀) လွဴဒါန္းခဲ့ေသးတာပါ။

စပါးေတာင္ပံကစားသမား ဆြန္ေဟာင္မင္ဟာ ေဘာလံုးပြဲေတြ ရပ္နားထားတဲ့အခ်ိန္မွာ က်န္ရွိေနတဲ့ (၄) ပတ္တာ အေျခခံစစ္မႈသြားထမ္းမွာျဖစ္ၿပီး အသင္းဆီကို ေမလမွာ ျပန္လာမွာျဖစ္တယ္လုိ႔ စပါးက အတည္ျပဳသြားခဲ့ပါတယ္။

လီဗာပူးနည္းျပကေလာ့နဲ႔ ၀က္စ္ဟမ္းနည္းျပမိုယက္စ္တုိ႔ဟာ COVID-19 ေၾကာင့္ အသင္းအခက္အခဲ ႀကံဳေတြ႕ေနရခ်ိန္မွာ သူတုိ႔ရဲ႕လစာေတြကို ေလွ်ာ့ယူဖုိ႔ စီစဥ္လ်က္ရွိေနပါတယ္။

IMAGE: BR

ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္း ပစ္မွတ္ထားေနတဲ့ ကြင္းလယ္လူ ဖာဘီယန္ရုဇ္ကို နာပုိ္လီက ေပါင္ (၅၂) သန္းတန္ေၾကး သတ္မွတ္ခဲ့ပါတယ္။ မန္စီးတီးဟာ ဖာဘီယန္ရုဇ္ကို ရီးရဲနဲ႔ အၿပိဳင္ ႀကိဳးပမ္းသြားရမွာပါ။

IMAGE: BR

လီဗာပူးအေနနဲ႔ ၀ုဖ္ေတာင္ပံကစားသမား ထရာအိုေရးကို ေခၚယူမယ့္အစား မန္စီးတီးတိုက္စစ္ကစားသမားဆာေနးကိုသာ ေခၚယူဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ မန္စီးတီးေနာက္ခံလူေဟာင္း ဒန္နီမီးလ္က သံုးသပ္သြားခဲ့ပါတယ္။



error: Content is protected !!