7-April-2020 နေ့လည်ခင်းအပြောင်းအရွှေ့သတင်းများ

[UNICODE]

IMAGE: BR

⚽ လက်ရှိစီးရီးအေကလပ် အင်တာမီလန်အသင်းမှာ လာမယ့်ရာသီ ဆက်ရှိဖို့သေချာပြီး အနာဂတ်တည်ငြိမ်နေတာဆိုလို့ တိုက်စစ်မှူးလူကာကူတစ်ယောက်ပဲရှိတယ်လို့ Tuttosport က ဖော်ပြထားပါတယ်။

IMAGE: BR

⚽ေ အစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီက ခေါ်ယူခဲ့တဲ့ နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို ပြန်လည်ရောင်းချဖို့ စဉ်းစားနေပြီဖြစ်ပြီး လာမယ့်နွေရာသီမှာ သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာဖြစ်တယ်လို့ Marca က ဖော်ပြထားပါတယ်။

IMAGE: BR

⚽ အင်တာမီလန်အသင်းဟာ မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို မူလ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို (၁၁၁) သန်းအစား ပေါင်သန်း (၈၀) နဲ့ ကစားသမား (၂) ယောက်အလိုက်ပေးဖို့ ပြောင်းလဲတောင်းဆိုသွားဖွယ်ရှိနေပါတယ်။

IMAGE: BR

ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်း ပစ်မှတ်ထားနေခဲ့တဲ့ လိုက်ပဇစ်နောက်ခံလူ အူပါမီကာနိုဟာ အခုအခါ ဂျာမန်ကလပ်ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

IMAGE: BR

⚽ေ ဒါ့မွန်ဝါရင့်တိုက်စစ်ကစားသမားဂေါ့ဇီဟာ စီးရီးအေပြိုင်ဘက်တွေဖြစ်တဲ့ အေစီမီလန်နဲ့ ရိုးမားအသင်းတို့ထံက ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က နှစ်သင်းစလုံးကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပါဘူးတဲ့။

IMAGE: BR

⚽ မန်စီးတီးအပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ လက်စတာနောက်ခံလူဆိုချော့က သူ့အနေနဲ့ လက်ရှိအချိန်မှာ အသင်းပြောင်းဖို့ စိတ်မဝင်စားသေးဘဲ သင်ယူစရာတွေ ကျန်ရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။

IMAGE: BR

⚽ ဥရောပထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ဟာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဟန်ပြင်နေတဲ့ တောင်ပံကစားသမား ဝီလီယံကို ခေါ်ယူဖို့ အလားအလာအကောင်းဆုံးအသင်းတွေဖြစ်နေတယ်လို့ သိရပါတယ်။

IMAGE: BR

⚽ ယူနိုက်တက်နောက်ခံလူ လုရှောခ် ဖာနန်ဒက်စ်ဟာ သူတို့အတွက် အံ့အားသင့်ဖွယ်ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ “ဖာနန်ဒက်စ်ရောက်လာတာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို မြင့်မားလာစေခဲ့တယ်”လို့ လုရှောခ်က ဆိုခဲ့ပါတယ်။

[ZAWGYI]

 

IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR




error: Content is protected !!