27-Mar-2020 ညနေခင်းသတင်းများ

UNICODE]

⚽ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းဟာ တကယ်လို့ လာမယ့်နွေရာသီမှာ ကွင်းလယ်လူပေါ့ဂ်ဘာကို ဆုံးရှုံးခဲ့ရရင် ရီးရဲမက်ဒရစ်ကြယ်ပွင့် ဗယ်လ်ဗာဒီနဲ့ ပြန်လည်အစားထိုးဖို့ စီစဉ်နေပါတယ်။

⚽ လာလီဂါကလပ်ဘာစီလိုနာဟာ ရိန်းနက်ကွင်းလယ်လူကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ မြင့်မားလွန်းနေတာက ပြဿနာဖြစ်နေပါတယ်။ အသက် (၁၇) နှစ်အရွယ်ကြယ်ပွင့်ဟာ ယူရို (၄၂) သန်းတန်ကြေးရှိသူပါ။

⚽ ချဲလ်ဆီးနည်းပြလမ်းပတ်က အသင်းရဲ့စံချိန်တင်ဂိုးသမားကီပါရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဝါရင့်ဂိုးသမားနူအာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Bild က ဖော်ပြထားပါတယ်။

⚽ လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဝုဖ်တိုက်စစ်ကစားသမားဂျီမီနက်ဇ်ကို အပြိုင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ESPN က ဆိုထားပါတယ်။ ဂျီမီနက်ဇ်ရဲ့တန်ကြေးဟာ ပေါင်သန်း (၃၀) ရှိနေတာပါ။

⚽ မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဂျူဗင်တပ်ဝါရင့်နောက်ခံလူဘိုနုချီကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။ ဒါပေမဲ့ ဘိုနုချီကို ဂျူဗင်တပ်အသင်းက လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။

⚽ ရှန်ဟိုင်းရှန်ဟွာအသင်းက အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူးအီဂါလိုမှာ နစ္စတယ်ရွိုင်းလိုမျိုးဖြစ်လာနိုင်တယ်လို့ ယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်က သုံးသပ်သွားခဲ့ပါတယ်။

⚽ တကယ်လို့ ဘာစီလိုနာအနေနဲ့ (၄) နှစ်၊ (၅) နှစ်စတဲ့ ရေရှည်စာချုပ်သက်တမ်းနဲ့ ကမ်းလှမ်းခဲ့ပါက တာစတီဂျန်အနေနဲ့ လက်ခံဖွယ်ရှိနေတယ်လို့ MD က ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ တာစတီဂျန်ဟာ ဘာစီလိုနာနဲ့ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။

⚽ ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့ ကစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူကော်တင်ညိုက ပရီးမီးယားလိဂ်ကို ပြန်ဖို့ ဆန္ဒရှိနေပါတယ်။ ကော်တင်ညိုအနေနဲ့ အင်တာနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။
[ZAWGYI]











error: Content is protected !!