27-Mar-2020 နေ့လည်ခင်းသတင်းများ

[UNICODE]

IMAGE: BR

⚽  ရီးရဲမက်ဒရစ်ရဲ့ ဘရာဇီးဂန္ထဝင်ကစားသမား ကားလို့စ်က ဟိုးယခင်ကတည်းက နေမာကို ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားစေချင်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ကားလို့စ်က ’’ကျွန်တော်ရဲ့သဘောဆန္ဒအရ ဆိုရင် အဟိုးအရင်ကတည်းက နေမာဟာ ရီးရဲမက်ဒရစ်အသင်း ကိုရောက်နေခဲ့ပြီဖြစ်ပါတယ်’’လို့ဖွင့်ဟုလိုက်ပါတယ်။

IMAGE: BR

⚽  ချဲလ်ဆီးအသင်းမန်နေဂျာလမ်းပတ်အနေနဲ့ အသင်းရဲ့ ဂိုးသမားကီပါနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုမရှိ တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ တုန့်ဆိုင်းမှုတွေရှိနေတဲ့ ဝါဂင့်ဂိုးသမားနူ အာကိုခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဂျာမန်သတင်းစာ Bild ကဖော်ပြထားပါတယ်။

IMAGE: BR

⚽  အင်တာမီလန်အသင်းအနေနဲ့ မန်ယူအငသ်းက အငှားနဲ့ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ကို အမြဲ တမ်းကစားသမား အဖြစ်ခေါ်ယူသွားဖို့ စဉ်းစားထားခြင်းမရှိဘူးလို့ အီတလီသတင်းစာ CalcioMercato.com ကဖော်ပြထားပါတယ်။

IMAGE: BR

⚽  လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံပွားမှုမှာ လျော့ကျသွားခြင်းမရှိသေးပေမယ့် အီတလီစီးရီးအေပွဲ စဉ်တွေကို မေလ ၃ ရက်နေ့မှာ ပြန်လည်ကျင်းပနိုင်လိမ့်ဖို့ ယုံကြည်နေတယ်လို့ အီတလီအားကစားဝန်ကြီး စပါတာဖိုရာကဖွင့်ဟလိုက်ပါတယ်။

⚽  ဒီနှစ်ရာသီကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူးဂျရူးဟာ အင်တာမီလန်အ သင်းကို ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုထားတယ်လို့ The Sun ကဖော်ပြထားပါတယ်။ တိုက်စစ်မှူးဂျရူးအ နေနဲ့ကလည်း သူရဲ့ဆရာဟောင်းဖြစ်တဲ့ ကွန်တီနဲ့အတူ ပြန်လည် ပေါင်းစည်းဖို့ ဆန္ဒရှိနေပေမယ့် နှစ်ရှည်က စားခွင့်ရမှာသာ ပြောင်းရွှေ့ကစားဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။

⚽  ဖီဖာခေါင်ဆောင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးလောကကြီးမှာလည်း အကြပ်အတည်းတွေ နဲ့ ရင်ဆိုင်နေရတာကြောင့် ဘောလုံးသမားတွေအနေနဲ့ လုပ်ခတွေကို ထပ်ဝက်လျော့ယူပေးကြမယ့် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

IMAGE: BR

⚽  ရီးရဲမက်ဒရစ်အသင်း ဂိုးသမားကော့တွိုက်စ်က တွစ်တာကနေ ပရိသတ်တွေမေးမြန်းတဲ့အင်တာဗျူးမှာ တော့ ရီးရဲမက်ဒရစ်အသင်းရဲ့ အမြန်ဆုံးကစားသမားက ဗီနီးဆီးယက်စ်ဖြစ်ပြီး သူ့ရဲ့ကျောနံပါတ် ၁၃ ဟာ သူ့အတွက်တော့ ကံကောင်းစေတဲ့ နံပါတ်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

⚽  မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီဟာ ဒီနှစ်ရာသီပရီးမီးယားလိဂ်မှာတော့ ဘောလုံးပေးပို့မှုပေါင်း ၁၉၉၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးခံစစ်ကစား သမားဗန်ဒိုက်စ်(၂၄၇၈ ကြိမ်) ပြီးရင် ဒုတိယဘောလုံး ပေးပို့မှု အများဆုံးပြုလုပ်နိုင်တဲ့ ကစားသမားလည်းဖြစ်ပါ တယ်။
[ZAWGYI]

IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR




IMAGE: BR





error: Content is protected !!