27-Mar-2020 အာဆင္နယ္သတင္းတုိမ်ား

[UNICODE]

⚽  အာဆင်နယ်နည်းပြအာတီတာက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး “လက်ရှိကမ္ဘာပေါ်က လူတိုင်းဟာ စိုးရိမ်စိတ်နဲ့ ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရောဂါဆိုးကြီးကို အကောင်းဆုံး ဖြတ်ကျော်နိုင်ရပါမယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။

⚽  မကြာခင်က ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဟဲလ်က သူ့အနေနဲ့ ဘာစီလိုနာမှာ ကျရှုံးခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ “ဘာစီလိုနာမှာ ကျရှုံးခဲ့တာ ကျွန်တော့်အမှားပါ။ ဂွါဒီယိုလာကြောင့် မဟုတ်ပါဘူး”လို့ ဟဲလ်က ဆိုသွားခဲ့တာပါ။

⚽  လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ဟာ သူတို့အဓိက ပစ်မှတ်ထားနေတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းတို့ကို မခေါ်နိုင်ခဲ့ပါက အူဘာမီယန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း AS က ဖော်ပြထားပါတယ်။

⚽  လီဗာပူးတိုက်စစ်မှူးဟောင်း ဟက်စကီးက အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းမှာ သူ့ရဲ့အသင်းဟောင်း လီဗာပူးနဲ့ လိုက်ဖက်တဲ့သူမျိုးမဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။ “အူဘာမီယန်းရဲ့ဂိုးသွင်းစွမ်းရည်က ကောင်းမွန်လွန်းပြီး ရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်သူပါ။ ဒါပေမဲ့ သူဟာ လီဗာပူးနဲ့ လိုက်ဖက်တဲ့သူလို့တော့ ကျွန်တော်မထင်ပါဘူး”လို့ ဟက်စကီးက ဆိုခဲ့တာပါ။

⚽  ချဲလ်ဆီးလူငယ်ကြယ်ပွင့် တိုမိုရီက သူ့အနေနဲ့ ဘဝမှာ ပထမဆုံးဝတ်ဆင်ခဲ့တဲ့ဂျာစီမှာ အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး အွန်နရီရဲ့ဂျာစီဖြစ်ကြောင်း၊ သူတို့တစ်မိသားစုလုံးမှာ အာဆင်နယ်ပရိသတ်တွေဖြစ်တယ်လို့ ဖွင်ဟသွားခဲ့ပါတယ်။

⚽  အာဆင်နယ်ဂန္ထဝင်ကစားသမား အွန်နရီက ပီပီနဲ့ ပတ်သက်ပြီး အခုလိုပဲ အကြံပေးသွားခဲ့ပါတယ်။ “အသင်းကို ဒီလိုမျိုး အနေအထားနဲ့ရောက်လာရင်တော့ လူတိုင်းရဲ့ ပစ်မှတ်ဖြစ်နေမှာပါပဲ။ သူ့အနေနဲ့ အဲဒီအသံတွေကို နားမထောင်ဘဲ စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ လုပ်ရပါမယ်”လို့ အွန်နရီက ဆိုခဲ့တာပါ။

⚽  အသင်းကနေ ထွက်ခွာမယ်လို့ ရေပန်းစားနေတဲ့ ကွင်းလယ်လူအိုဇေးလ်မှာ အာတီတာနဲ့ လက်တွဲရတာ ပျော်ရွှင်နေကြောင်း၊ သူဟာ အာဆင်နယ်ကို လွန်စွာ ချစ်မြတ်နိုးသူဖြစ်တယ်လို့ နီးစပ်သူတစ်ယောက်က ဖွင့်ဟသွားခဲ့ပါတယ်။

[ZAWGYI]










error: Content is protected !!