26-Mar-2020 ညပိုင္းသတင္းတုိမ်ား

[UNICODE]

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းဟာ ဗလန်စီယာကွင်းလယ်လူဆိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ အသက် (၂၃) နှစ်အရွယ် စပိန်ကွင်းလယ်လူကို အာတီတာက သဘောကျနေတာပါ။

IMAGE: BR

⚽ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းဟာ ယူနိုက်တက်ကို အငှားချထားတဲ့ တိုက်စစ်မှူး အီဂါလိုကို တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းအထိပေးပြီး (၂) နှစ်စာချုပ် ချုပ်ဆိဖို့ ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။

IMAGE: BR

⚽ စီးရီးအေထိပ်သီးကလပ်အင်တာမီလန်အသင်းဟာ နယူးကာဆယ်လူငယ်ကြယ်ပွင့် လောင်းစတပ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဆိုထားပါတယ်။

IMAGE: BR

⚽ စပိန်လာလီဂါထိပ်သီးကလပ် ဘာစီလိုနာကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့လစာလျှော့ချမယ့် အစီအစဉ်ကို လက်မခံဖြစ်ခဲ့ဘူးလို့ AS က ဖော်ပြထားပါတယ်။

IMAGE: BR

⚽ ချဲလ်ဆီးဂန္ထဝင်ပိုယက်စ်က လာမယ့်နွေရာသီမှာ အသင်းကို ရောက်ရှိလာမယ့် ဇီးယက်ချ်ဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်သူဖြစ်ပေမယ့် အထိုင်ချဖို့ အချိန်ယူရမယ်လို့ ဆိုခဲ့ပါတယ်။ “သူဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းမယ့်သူပါ။ ဒါပေမဲ့ အထိုင်ချဖို့တော့ လိုပါတယ်”လို့ ပိုယက်စ်က ဆိုခဲ့တာပါ။

IMAGE: BR

⚽ ဘာစီလိုနာအသင်းဟာ ကာလရှည်ပစ်မှတ်ထားနေတဲ့ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးမာတီနက်ဇ်အတွက် အင်တာမီလန်အသင်း တောင်းဆိုထားတဲ့ ပမာဏထက် လျော့နည်းစွာနဲ့ ပေးချေလိုတယ်လို့ သိရပါတယ်။

⚽ ဘာစီလိုနာနဲ့ မန်စီးတီးတို့ဟာ အလာဘာနဲ့ ဆာနေးကို အလဲအလှယ်ပြုလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အလာဘာကိုယ်တိုင်က စပိန်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိနေတာပါ။

⚽ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲကွင်းလယ်လူ ဂျိမ်းရိုဒရီဂွတ်ဇ်ကို အရခေါ်ယူသွားမယ်လို့ The Sun က ဖော်ပြထားပါတယ်။

[ZAWGYI]

 

IMAGE: BR⚽ ပရီးမီးယားလိဂ္ကလပ္အာဆင္နယ္အသင္းဟာ ဗလန္စီယာကြင္းလယ္လူဆိုလာကို ေခၚယူဖို႔ စိတ္၀င္စားလာတယ္လုိ႔ Sky Sports က ေဖာ္ျပထားပါတယ္။ အသက္ (၂၃) ႏွစ္အရြယ္ စပိန္ကြင္းလယ္လူကို အာတီတာက သေဘာက်ေနတာပါ။

IMAGE: BR

⚽ တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွန္ဟြာအသင္းဟာ ယူႏုိက္တက္ကို အငွားခ်ထားတဲ့ တုိက္စစ္မွဴး အီဂါလိုကို တစ္ပတ္လုပ္ခ ေပါင္ (၄) သိန္းအထိေပးၿပီး (၂) ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိဖို႔ ကမ္းလွမ္းလိုက္ၿပီလုိ႔ သိရပါတယ္။

IMAGE: BR

⚽ စီးရီးေအထိပ္သီးကလပ္အင္တာမီလန္အသင္းဟာ နယူးကာဆယ္လူငယ္ၾကယ္ပြင့္ ေလာင္းစတပ္စ္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ The Sun က ဆုိထားပါတယ္။

IMAGE: BR

⚽ စပိန္လာလီဂါထိပ္သီးကလပ္ ဘာစီလုိနာကစားသမားေတြဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အသင္းရဲ႕လစာေလွ်ာ့ခ်မယ့္ အစီအစဥ္ကို လက္မခံျဖစ္ခဲ့ဘူးလို႔ AS က ေဖာ္ျပထားပါတယ္။

IMAGE: BR

⚽ ခ်ဲလ္ဆီးဂႏၳ၀င္ပိုယက္စ္က လာမယ့္ေႏြရာသီမွာ အသင္းကို ေရာက္ရွိလာမယ့္ ဇီးယက္ခ်္ဟာ ပရိသတ္ေတြကို စိတ္လႈပ္ရွားမႈ ေပးစြမ္းႏုိင္သူျဖစ္ေပမယ့္ အထိုင္ခ်ဖို႔ အခ်ိန္ယူရမယ္လုိ႔ ဆုိခဲ့ပါတယ္။ “သူဟာ ပရိသတ္ေတြကို စိတ္လႈပ္ရွားမႈေတြ ေပးစြမ္းမယ့္သူပါ။ ဒါေပမဲ့ အထုိင္ခ်ဖို႔ေတာ့ လိုပါတယ္”လို႔ ပိုယက္စ္က ဆုိခဲ့တာပါ။

IMAGE: BR

⚽ ဘာစီလုိနာအသင္းဟာ ကာလရွည္ပစ္မွတ္ထားေနတဲ့ အာဂ်င္တီးနားၾကယ္ပြင့္တုိက္စစ္မွဴးမာတီနက္ဇ္အတြက္ အင္တာမီလန္အသင္း ေတာင္းဆုိထားတဲ့ ပမာဏထက္ ေလ်ာ့နည္းစြာနဲ႔ ေပးေခ်လိုတယ္လို႔ သိရပါတယ္။

⚽ ဘာစီလိုနာနဲ႔ မန္စီးတီးတို႔ဟာ အလာဘာနဲ႔ ဆာေနးကို အလဲအလွယ္ျပဳလုပ္ဖို႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ အလာဘာကိုယ္တုိင္က စပိန္ကိုပဲ ေျပာင္းေရႊ႕ဖုိ႔ စိတ္အားထက္သန္လ်က္ ရွိေနတာပါ။

⚽ ပရီးမီးယားလိဂ္ကလပ္အာဆင္နယ္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲကြင္းလယ္လူ ဂ်ိမ္းရိုဒရီဂြတ္ဇ္ကို အရေခၚယူသြားမယ္လုိ႔ The Sun က ေဖာ္ျပထားပါတယ္။



error: Content is protected !!