26-Mar-2020 ညနေခင်းသတင်းများ

[UNICODE]

IMAGE: BR

⚽ လာလီဂါထိပ်သီးဘာစီလိုနာသင်းဟာ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းအတွက် ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင်သန်း (၉၀) တန် ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေတယ်လို့ Mirror က ဖော်ပြထားပါတယ်။

IMAGE: BR

⚽ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကစားသမားတွေကို လစာလျှော့ချမယ့်အပေါ် စီးရီးဘီကလပ် ကက်တယ်လာရဲ့ ဂိုးသမား ပါလာရီက သူတို့အားလုံးဟာ စီရော်နယ်ဒိုလို ဝင်ငွေကောင်းနေသူတွေ မဟုတ်ဘူးလို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းဟာ အူဘာမီယန်း ထွက်ခွာသွားခဲ့ရင် လိုင်ယွန်တိုက်စစ်မှူး အမ်ဘီလီကို ခေါ်ယူဖို့ အလိုရှိနေတာပါ။ ဒမ်ဘီလီဟာ တစ်ရာသီ (၂၅) ဂိုးသွင်းပေးနိုင်မယ့်သူလို့ အာဆင်နယ်က ယုံကြည်နေတာပါ။

IMAGE: BR

⚽ အယ်လစ်ဆန်ဟာ ဂိုးစည်းထဲမှာဆိုရင် ဘယ်လိုတိုက်စစ်မှူးမျိုးကိုမှ မကြောက်ရွံ့တတ်သူဖြစ်ကြောင်း၊ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်တယ်လို့ လီဗာပူးဂိုးနည်းပြက ချီးကျူးသွားခဲ့ပါတယ်။

IMAGE: BR

⚽ တကယ်လို့ စပါးအနေနဲ့ အောင်မြင်မှုတွေ မရယူနိုင်ခဲ့ပါက ဟယ်ရီကိန်းက အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ “အောင်မြင်မှုတွေ မရရင် လာမယ့် (၁၂) လအတွင်း စပါးကနေ သူထွက်သွားမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်”လို့ အလန်ရှီးယားက ဆိုခဲ့တာပါ။

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ်စပါးအသင်းဟာ ထိပ်သီးအသင်းတွေအပြိုင် စိတ်ဝင်စားနေကြတဲ့ လက်စတာနောက်ခံလူ ဘင်ချဲဝဲလ်ကို ပေါင်သန်း (၅၀) နဲ့ ခေါ်ယူဖို့ အလားအလာ ကောင်းနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။

IMAGE: BR

⚽ ချဲလ်ဆီးနောက်ခံလူ တိုရီမိုက သူ့ဘဝတစ်လျှောက် ပထမဆုံးဝတ်ဆင်ခဲ့တဲ့ဂျာစီမှာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးအွန်နရီရဲ့ဂျာစီဖြစ်ကြောင်း၊ သူတို့မိသားစုတွေဟာ အာဆင်နယ်ပရိသတ်တွေဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

IMAGE: BR

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်လူငယ်ကြယ်ပွင့်ဆန်ချိုအတွက် ကျောနံပါတ် (၇) ပြင်ဆင်ပြီးပြီလို့ Mirror က ဆိုထားပါတယ်။ အသက် (၂၀) နှစ်အရွယ်ကြယ်ပွင့်အတွက် ဒေါ့မွန်က ယူရိုသန်း (၁၄၀) အလိုရှိနေတာပါ။

[ZAWGYI]

 

IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR




error: Content is protected !!