26-Mar-2020 ေန႔လည္ခင္းသတင္းမ်ား

[UNICODE]

⚽ ဘာစီလိုနာဂန္ထဝင်ကစားသမားစတိုချီကော့ဗ်က ၁၄ ရက်ကြာစောင့်ကြည့်ခံနေရစဉ်အတွင်း သူ့စား သောက်နေထိုင်တဲ့ပုံစံတွေကို ဖွင့်ဟလိုက်ပါတယ်။စတိုချီကော့ဗ်က’’ကျွန်တော်ဟာ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုအများကြီးစားတယ်။ ရေနွေးသောက်တယ်။ ရေနွေးနဲ့ရေးချိုးပါတယ်’’လို့ဖွင့်ဟလိုက်ပါ တယ်။

⚽ စပါးစ်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ခံစစ်အင်အားကိုအကောင်းဆုံး ဖြည့်တင်း ဖို့အတွက် နော့ဝှစ်ချ် ခံစစ်ကစားသမား ဂျာမယ်လီဝစ်ကိုခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ talkSPORT ကဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ လီဝစ်ဟာ ဒီနှစ်ရာသီအတွင်း အသင်းမှာခြေစွမ်းပြကစားနေနိုင်တဲ့ကစားသမား တစ်ဦးဖြစ်ပါတယ်။

⚽ လာမယ့်ရာသီမှာ ပိုချက်တီနိုအနေနဲ့ အသင်းသစ်မရရှိသေးဘူးဆိုရင် ယခင်စာချုပ်ထဲမှ ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရ စပါးစ်အသင်းဥက္ကဋ္ဌလေဗီအနေနဲ့ ပိုချက်တီနိုကို ပေါင် ၄ သန်းပေးသွားရဖို့ရှိနေပါတယ်။

⚽ အက်စပန်ညောအသင်းရဲ့အာဂျင်တီးနားတိုက်စစ်ကစားသမား ဗာဂစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစပ်ခံထားရပြီဖြစ် ပါတယ်။ ဗာဂစ်အနေနဲ့ လက်ရှိအချိန်မှာ သီခြားနေထိုင်နေတာဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတော့မရရှိ ဘူးလို့ဆိုပါတယ်။

⚽ ယူနိုက်တက်ကစားသမား ဒါလော့က အသင်းနဲ့ပတ်သက်ပြီး အကောင်းဆုံး သတိတရဖြစ်နေတဲ့အရာက ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ပွဲဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒါ လော့က’’ ပီအက်စ်ဂျီအသင်းကိုအနိုင်ကစားခဲ့တဲ့ ညဖြစ်ပါတယ်’’လို့ပြောဆိုခဲ့ပါတယ်။

⚽ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ နေ့ရက်တွေကို ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားနေတယ်လို့ Sky Sports ကဖော်ပြထားပါတယ်။ ဒါပေမယ့် လက် ရှိအတိုင်းထားမလား။ အသစ်ပြင်ဆင်သတ်မှတ်မလားဆိုတာကိုတော့ လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်မရရ သေးဘူးလို့ဆိုပါတယ်။

⚽ ဘာစီလိုနာအသင်းက အရေးပေါ်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဘရိန်းဝိတ်က သူ့အနေနဲ့ ၁၄ ရက်ကြာစောင့်ကြည့် ခံနေရတဲ့ကာလအတွင်းမှာ လေ့ကျင့်မှုတွေကို သာမန်တစ်နေ့တာ လေ့ကျင့်မှုတွေထက်ပိုမိုပြင်းထန်စွာ လုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

⚽ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေနဲ့ လိုအပ်လာလို့ရှိရင် လုပ်ခလျော့ယူပေးရတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ပြောရမှာပါလို့ ဖွင့်ဟလိုက်ပါတယ်။ နူအာ က’’ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဟာ အစောပိုင်းကတည်းက အထူးအခွင့်အရေးရရှိထားတဲ့ သူတွေလို့ပြောရမှာပါ။ ဒါကြောင့်လည်းလိုအပ်လာလို့ရှိရင် လုပ်ခလျော့ယူရတာက ပုံမှန်လုပ်ရိုးလုပ်စဉ်လို့ပြောရမှာပါ’’လို့ပြောဆိုခဲ့ပါတယ်။

[ZAWGYI]

 

⚽ ဘာစီလုိနာဂႏၳ၀င္ကစားသမားစတုိခ်ီေကာ့ဗ္က ၁၄ ရက္ၾကာေစာင့္ၾကည့္ခံေနရစဥ္အတြင္း သူ႔စား ေသာက္ေနထုိင္တဲ့ပုံစံေတြကုိ ဖြင့္ဟလုိက္ပါတယ္။စတုိခ်ီေကာ့ဗ္က’’ကၽြန္ေတာ္ဟာ ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီကုိအမ်ားႀကီးစားတယ္။ ေရေႏြးေသာက္တယ္။ ေရေႏြးနဲ႔ေရးခ်ဳိးပါတယ္’’လုိ႔ဖြင့္ဟလုိက္ပါ တယ္။

⚽ စပါးစ္အသင္းဟာ လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းရဲ႕ခံစစ္အင္အားကိုအေကာင္းဆုံး ျဖည့္တင္း ဖုိ႔အတြက္ ေနာ့၀ွစ္ခ်္ ခံစစ္ကစားသမား ဂ်ာမယ္လီ၀စ္ကိုေခၚယူသြားဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ talkSPORT ကေဖာ္ျပထားပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္သာရွိေသးတဲ့ လီ၀စ္ဟာ ဒီႏွစ္ရာသီအတြင္း အသင္းမွာေျခစြမ္းျပကစားေနႏုိင္တဲ့ကစားသမား တစ္ဦးျဖစ္ပါတယ္။

⚽ လာမယ့္ရာသီမွာ ပုိခ်က္တီႏုိအေနနဲ႔ အသင္းသစ္မရရွိေသးဘူးဆိုရင္ ယခင္စာခ်ဳပ္ထဲမွ ခ်ဳပ္ဆုိထားတဲ့ သေဘာတူညီခ်က္အရ စပါးစ္အသင္းဥကၠ႒ေလဗီအေနနဲ႔ ပုိခ်က္တီႏုိကုိ ေပါင္ ၄ သန္းေပးသြားရဖုိ႔ရွိေနပါတယ္။

⚽ အက္စပန္ေညာအသင္းရဲ႕အာဂ်င္တီးနားတိုက္စစ္ကစားသမား ဗာဂစ္ဟာ ကုိ႐ုိနာဗုိင္းရပ္စ္ကူးစပ္ခံထားရၿပီျဖစ္ ပါတယ္။ ဗာဂစ္အေနနဲ႔ လက္ရွိအခ်ိန္မွာ သီျခားေနထုိင္ေနတာျဖစ္ၿပီး ျပင္းထန္တဲ့ ေရာဂါလကၡဏာေတာ့မရရွိ ဘူးလုိ႔ဆိုပါတယ္။

⚽ ယူႏုိက္တက္ကစားသမား ဒါေလာ့က အသင္းနဲ႔ပတ္သက္ၿပီး အေကာင္းဆုံး သတိတရျဖစ္ေနတဲ့အရာက ၿပီးခဲ့တဲ့ ႏွစ္က ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီအသင္းကုိ အႏုိင္ကစားႏုိင္ခဲ့တဲ့ပြဲျဖစ္တယ္လို႔ ဖြင့္ဟလုိက္ပါတယ္။ ဒါ ေလာ့က’’ ပီအက္စ္ဂ်ီအသင္းကုိအႏုိင္ကစားခဲ့တဲ့ ညျဖစ္ပါတယ္’’လုိ႔ေျပာဆိုခဲ့ပါတယ္။

⚽ ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္(FIFA)ဟာ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ရဲ႕ ေန႔ရက္ေတြကုိ ျပန္လည္ျပင္ဆင္ဖုိ႔ စဥ္းစားေနတယ္လို႔ Sky Sports ကေဖာ္ျပထားပါတယ္။ ဒါေပမယ့္ လက္ ရွိအတုိင္းထားမလား။ အသစ္ျပင္ဆင္သတ္မွတ္မလားဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ဆုံးျဖတ္ခ်က္မရရ ေသးဘူးလို႔ဆိုပါတယ္။

⚽ ဘာစီလိုနာအသင္းက အေရးေပၚေခၚယူထားခဲ့တဲ့ တုိက္စစ္မွဴး ဘရိန္း၀ိတ္က သူ႔အေနနဲ႔ ၁၄ ရက္ၾကာေစာင့္ၾကည့္ ခံေနရတဲ့ကာလအတြင္းမွာ ေလ့က်င့္မႈေတြကုိ သာမန္တစ္ေန႔တာ ေလ့က်င့္မႈေတြထက္ပုိမုိျပင္းထန္စြာ လုပ္ေဆာင္ေနတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

⚽ ဘုိင္ယန္ျမဴးနစ္ ဂုိးသမား ႏူအာက ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦးအေနနဲ႔ လုိအပ္လာလုိ႔ရွိရင္ လုပ္ခေလ်ာ့ယူေပးရတာဟာ ပုံမွန္လုပ္႐ုိးလုပ္စဥ္တစ္ခုလုိ႔ ေျပာရမွာပါလုိ႔ ဖြင့္ဟလုိက္ပါတယ္။ ႏူအာ က’’ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြဟာ အေစာပုိင္းကတည္းက အထူးအခြင့္အေရးရရွိထားတဲ့ သူေတြလုိ႔ေျပာရမွာပါ။ ဒါေၾကာင့္လည္းလုိအပ္လာလုိ႔ရွိရင္ လုပ္ခေလ်ာ့ယူရတာက ပုံမွန္လုပ္႐ုိးလုပ္စဥ္လုိ႔ေျပာရမွာပါ’’လုိ႔ေျပာဆိုခဲ့ပါတယ္။



error: Content is protected !!