26-Mar-2020 နံနက်ခင်းသတင်းများ

[UNICODE]

IMAGE: BR

⚽  ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ကစားသမား ၃ ဦးဖြစ်တဲ့ လမ်းပတ်၊ဂျရတ်နဲ့ ပေါလ်စခိုးလ်တို့ ၃ ဦးမှာ ဂျရတ်ကပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်တယ်လို့ ဝက်စ်ဟမ်းအသင်းကစားသမား ဟောင်းမက်ခ်နိုဘယ်က ပြောဆိုလိုက်ပါယတ်။ မက်နိုဘယ်က”အဲဒီထိပ်တန်းကစားသမား ၃ ဦးလုံးဟာသူတို့ပုံစံနဲ့သူတို့တော့အကောင်း ဆုံး ရှိနေခဲ့ကြပါတယ်။ ဒါပေမယ့်ဂျရတ်ကတော့ ပိုပြီးပြည့်စုံတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်”လို့ပြောခဲ့ပါ တယ်။

IMAGE: BR

⚽ ေ ဒါ့မွန်အသင်းကနေ လာမယ့်အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ရှိနေတဲ့ ဆန်ချိုကို မန်ယူအင်းက အခြား ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊လီဗာပူးအသင်းတို့ထက် လက်ဦးမှုရယူပြီး ထိပ်ဆုံးကနေ အရ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Evening Standard ကရေးသားထားပါတယ်။

IMAGE: BR

⚽  France Football ကထုတ်ပြန်တဲ့ ၂၀၁၉ ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားတွေရဲ့ ထိပ်ဆုံး စာရင်း မှာ မက်ဆီ၊ရော်နယ်ဒို၊နေမာတို့ရပ်တည်နေပေမယ့် ပြင်သစ်လူငယ်ကစားသမားအမ်ဘာပေကတော့ အဆင့် ၁၀ နေရာမှာသာရပ်တည်တာဖြစ်ပါတယ်။ မက်ဆီရဲ့ ဝင်ငွေက ယူရို ၁၃၁သန်း၊ ရော်နယ်ဒိုရဲ့ ဝင်ငွေကယူရို ၁၁၈ သန်း၊နေမာရဲ့ဝင်ငွေက ၉၅ သန်းဖြစ်ပေမယ့် အမ်ဘာပေရဲ့ဝင်ငွေက ယူရို ၂၇ သန်းသာ ရှိပါတယ်။

IMAGE: BR

⚽ ေ ရာ်နယ်ဒိုနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ဟာ ပေါ်တူဂီမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ကုသရာမှာအသုံးပြုဖို့အတွက် ယူရို ၁ သန်း လှူဒါန်းလိုက်တယ်လို့ Daily mail ကဖော်ပြထား ပါတယ်။

IMAGE: BR

⚽  ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ဂိုးသမားနူအာကို တစ်နှစ်စာချုပ်သက်ထပ်မံတိုးမြှင့်ဖို့ကမ်းလှမ်း ထားပေမယ့် နူအာကတော့ တစ်နှစ်ထပ်ပိုတဲ့စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆန္ဒရှိနေတာကြောင့် စာချုပ်သစ်ချုပ်ဆိုရေးဟာ မရေရာတဲ့အခြေအနေတွေကြောင့် သူ့ရဲ့အနာဂတ်တွေဟာ လက်ရှိအ ချိန်မှာ ေ၀ဝါးနေဆဲဖြစ်တယ်လို့ Bild ကဖော်ပြထားပါတယ်။

IMAGE: BR

⚽  စပါးစ်အသင်းခံစစ်ကစားသမား ဗာတွန်ဂန်အနေနဲ့ လာမယ့်အပြောင်းအရွှေ့ဈေးကွက်အတွက် ဆွေးနွေးမှုတွေအားလုံးကို လက်ခံစဉ်းစားသွားဖို့ရှိနေတယ်လို့ သူ့ရဲ့အေးဂျင့် ဖြစ်သူ တွမ်ဒီမိုကပြောဆိုလိုက်ပါတယ်။

IMAGE: BR

⚽  ပရီးမီးယားလိဂ်အနေနဲ့ ဇူလိုင်လအထိ ကစားရမယ်ဆိုပါကလည်း အာဆင်နယ်အသင်းအနေနဲ့ ရီးရဲမက် ဒရစ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဆီဘာလော့ကို ရာသီကုန်ဆုံးတဲ့အထိ ဆက်ပြီးခေါ်ယူထား နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း Evening Standard ကဖော်ပြထားပါတယ်။

IMAGE: BR

⚽  ပီအက်စ်ဂျီအသင်းဟာ ကိုရိုနာဗိုင်းရပ်စကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဘဏ္ဍာရေးပြဿနာကို ဖေရှင်းဖို့အတွက် ဘာစီလိုနာအသင်းတို့လိုပဲ ကစားသမားတွေရဲ့လုပ်ခကိုလျော့ပေးဖို့ စီစဉ်နေတယ်လို့ L’Equipe ကဖော်ပြထားပါတယ်။
[ZAWGYI]

IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR

⚽ေ ရ်ာနယ်ဒိုနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ဟာ ပေါ်တူဂီမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ကုသရာမှာအသုံးပြုဖို့အတွက် ယူရို ၁ သန်း လှူဒါန်းလိုက်တယ်လို့ Daily mail ကဖော်ပြထား ပါတယ်။

IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR




error: Content is protected !!