26-Mar-2020 အာဆင္နယ္သတင္းတုိမ်ား

[UNICODE]

IMAGE: BR

⚽ တကယ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲသာ ဇူလိုင်လအထိ ဆက်လက်ကျင်းပမယ်ဆိုပါက အာဆင်နယ်အနေနဲ့ ရီးရဲကနေ အငှားခေါ်ထားတဲ့ ကွင်းလယ်လူစီဘယ်လော့စ်ကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။ အာဆင်နယ်ဟာ ပေါင် (၃၆)သန်းနဲ့လည်း စီဘယ်လော့ကို အပြီးသတ်ဝယ်ဖို့ ကြိုးစားနေပါတယ်။

⚽ ရိုးမားမှာ အငှားနဲ့ ကစားနေတဲ့ မီခီတာရန်က သူ့အနေနဲ့ ရိုးမားအသင်းမှာ ပိုကောင်းလာကြောင်း၊ ရိုးမားနည်းပြဖွန်ဆီကာက အာဆင်နယ်နည်းပြဟောင်း အမ်မရီထက် ဘောလုံးအတွေးအခေါ်ပိုင်းမှာ ပိုမိုကောင်းမွန်သူလို့ ဖွင့်ဟသွားခဲ့ပါတယ်။

⚽  မီခီတာရန်ဟာ အာဆင်နယ်နဲ့အတူ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ချုပ်ဆိုလိုတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အာဆင်နယ်မှာတုန်းကရတဲ့ တစ်ပတ်လုပ်ခ ပေါင် (၁) သိန်း (၈) သောင်းထက် လျော့ပြီး ရယူလိုခြင်း မရှိဘူးလို့ သိရပါတယ်။

⚽  ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲကွင်းလယ်လူ ဂျိမ်းရိုဒရီဂွတ်ဇ်ကို အရခေါ်ယူသွားမယ်လို့ The Sun က ဖော်ပြထားပါတယ်။

IMAGE: BR

⚽  အာဆင်နယ်ဟာ တကယ်လို့ အသင်းခေါင်းဆောင်အူဘာမီယန်းသာ ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် ဆဲလ်တစ်တိုက်စစ်မှူး အက်ဒွါကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ အသက် (၂၂) နှစ်အရွယ်ကြယ်ပွင့်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားပါတယ်။

⚽  အာဆင်နယ်အသင်းဟာ အားနည်းနေတဲ့ နောက်တန်းကို ဖြည့်တင်းဖို့အတွက် ရိုးမားမှာ အငှားနဲ့ ကစားနေတဲ့ ယူနိုက်တက်နောက်ခံလူစမောလင်းကို စောင့်ကြည့်ဆဲဖြစ်တယ်လို့ Mirror က ဆိုထားပါတယ်။ ယူနိုက်တက်ကတော့ စမောလင်းအတွက် ပေါင် (၂၆) သန်း ဈေးသတ်မှတ်ထားခဲ့တာပါ။

⚽  အာဆင်နယ်ဂန္ထဝင်ကစားသမား အီယန်ရိုက်က်စ်ကတော့ သူ့အသင်းဟောင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ပြန်လည်ကြိုးစားသင့်တယ်လို့ အကြံပြုတိုက်တွန်းသွားခဲ့ပါတယ်။

⚽  ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူတော်ရဲရားအနေနဲ့ (၁၀) ပတ်ခန့်အနားယူရမှာဖြစ်ဖို့ အစောပိုင်းက လက်ကျန်ပွဲစဉ်တွေအားလုံးကို လွဲချော်မယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါပေမဲ့ ကိုရိုနာအန္တရာယ်ကြောင့် ပွဲစဉ်တွေ ရပ်နားထားလို့ သူ့အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ အာတီတာက ဆိုခဲ့ပါတယ်။

[ZAWGYI]

IMAGE: BR

⚽ တကယ္လုိ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသာ ဇူလိုင္လအထိ ဆက္လက္က်င္းပမယ္ဆုိပါက အာဆင္နယ္အေနနဲ႔ ရီးရဲကေန အငွားေခၚထားတဲ့ ကြင္းလယ္လူစီဘယ္ေလာ့စ္ကို ဆက္လက္ထိန္းသိမ္းႏိုင္မယ္လို႔ ယံုၾကည္လ်က္ရွိေနပါတယ္။ အာဆင္နယ္ဟာ ေပါင္ (၃၆)သန္းနဲ႔လည္း စီဘယ္ေလာ့ကို အၿပီးသတ္၀ယ္ဖုိ႔ ႀကိဳးစားေနပါတယ္။

⚽ ရိုးမားမွာ အငွားနဲ႔ ကစားေနတဲ့ မီခီတာရန္က သူ႔အေနနဲ႔ ရိုးမားအသင္းမွာ ပိုေကာင္းလာေၾကာင္း၊ ရိုးမားနည္းျပဖြန္ဆီကာက အာဆင္နယ္နည္းျပေဟာင္း အမ္မရီထက္ ေဘာလံုးအေတြးအေခၚပိုင္းမွာ ပိုမိုေကာင္းမြန္သူလို႔ ဖြင့္ဟသြားခဲ့ပါတယ္။

⚽  မီခီတာရန္ဟာ အာဆင္နယ္နဲ႔အတူ စာခ်ဳပ္သက္တမ္း ထပ္မံတိုးျမွင့္ခ်ဳပ္ဆုိလိုတယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ သူ႔အေနနဲ႔ အာဆင္နယ္မွာတုန္းကရတဲ့ တစ္ပတ္လုပ္ခ ေပါင္ (၁) သိန္း (၈) ေသာင္းထက္ ေလ်ာ့ၿပီး ရယူလိုျခင္း မရွိဘူးလုိ႔ သိရပါတယ္။

⚽  ပရီးမီးယားလိဂ္ကလပ္အာဆင္နယ္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲကြင္းလယ္လူ ဂ်ိမ္းရိုဒရီဂြတ္ဇ္ကို အရေခၚယူသြားမယ္လုိ႔ The Sun က ေဖာ္ျပထားပါတယ္။

IMAGE: BR

⚽  အာဆင္နယ္ဟာ တကယ္လုိ႔ အသင္းေခါင္းေဆာင္အူဘာမီယန္းသာ ထြက္ခြာသြားခ့ဲရင္ သူ႔ရဲ႕ေနရာမွာအစားထိုးဖုိ႔အတြက္ ဆဲလ္တစ္တိုက္စစ္မွဴး အက္ဒြါကို စိတ္၀င္စားလ်က္ရွိေနပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ၾကယ္ပြင့္ဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသထားပါတယ္။

⚽  အာဆင္နယ္အသင္းဟာ အားနည္းေနတဲ့ ေနာက္တန္းကို ျဖည့္တင္းဖို႔အတြက္ ရိုးမားမွာ အငွားနဲ႔ ကစားေနတဲ့ ယူႏုိက္တက္ေနာက္ခံလူစေမာလင္းကို ေစာင့္ၾကည့္ဆဲျဖစ္တယ္လို႔ Mirror က ဆုိထားပါတယ္။ ယူႏုိက္တက္ကေတာ့ စေမာလင္းအတြက္ ေပါင္ (၂၆) သန္း ေစ်းသတ္မွတ္ထားခဲ့တာပါ။

⚽  အာဆင္နယ္ဂႏၳ၀င္ကစားသမား အီယန္ရိုက္က္စ္ကေတာ့ သူ႔အသင္းေဟာင္းအေနနဲ႔ ဘာစီလိုနာတုိက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္ကို ျပန္လည္ႀကိဳးစားသင့္တယ္လို႔ အႀကံျပဳတုိက္တြန္းသြားခဲ့ပါတယ္။

⚽  ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူေတာ္ရဲရားအေနနဲ႔ (၁၀) ပတ္ခန္႔အနားယူရမွာျဖစ္ဖို႔ အေစာပိုင္းက လက္က်န္ပြဲစဥ္ေတြအားလံုးကို လြဲေခ်ာ္မယ္လုိ႔ ခန္႔မွန္းထားၾကတာပါ။ ဒါေပမဲ့ ကိုရိုနာအႏၱရာယ္ေၾကာင့္ ပြဲစဥ္ေတြ ရပ္နားထားလို႔ သူ႔အေနနဲ႔ လာမယ့္ပဲြစဥ္ေတြမွာ ပါ၀င္ႏုိင္ဖြယ္ရွိတယ္လို႔ အာတီတာက ဆုိခဲ့ပါတယ္။

 



error: Content is protected !!