25-Mar-2020 ညပိုင်းသတင်းတိုများ
[UNICODE]
⚽ အီဘရာဟီမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အေစီမီလန်ကို မပြောင်းရွှေ့မီ လိဒ်အသင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ လိဒ်အသင်းပိုင်ရှင်က ဖွင့်ဟသွားခဲ့ပါတယ်။
⚽ တကယ်လို့ ဘာစီလိုနာနဲ့ ဝါရင့်ဂိုးသမားတာစတီဂျန်တို့ စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးတာအဆင်မပြေပါက ချဲလ်ဆီးက တာစတီဂျန်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တာစတီဂျန်ဟာ ဘာစီလိုနာရဲ့ (၄) ကြိမ်မြောက် ကမ်းလှမ်းမှုကို ငြင်းထားတယ်လို့ သိရပါတယ်။
⚽ ဘာစီလိုနာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ခေါ်ယူရာတွင် လိုအပ်တဲ့ ဘတ်ဂျက်အတွက် ဂရစ်ဇ်မန်းကို ယူရိုသန်း (၁၀၀) ရရင်ပဲ ရောင်းထုတ်သွားတော့မယ်လို့ Marca က ဖော်ပြထားပါတယ်။
⚽ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က သူ့အသင်းဟောင်းအနေနဲ့ တိုက်စစ်မှူးအီဂါလိုကို အပြီးသတ် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။ “(၈) ပွဲမှာ (၄) ဂိုးသွင်းပြီး (၁) ကြိမ် ဖန်တီးပေးထားတဲ့သူကို မခေါ်သင့်ဘူးလား”လို့ ဖာဒီနန်က ဆိုခဲ့တာပါ။
⚽ အီတလီဝါရင့်ဂိုးသမားကြီး ဘူဖွန်က ဂျူဗင်တပ်အသင်းနဲ့အတူ နောက်ထပ်တစ်ရာသီ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် (၄၂) နှစ်အရွယ်ရှိ ဘူဖွန်ဟာ ပြီးခဲ့တဲ့ရာသီကမှ ပီအက်စ်ဂျီကနေ ဂျူဗင်ကို ပြန်ပြောင်းလာခဲ့သူပါ။
⚽ စီးရီးအေထိပ်သီးကလပ်နာပိုလီဟာ စီးရီးအေပြိုင်ဘက်အင်တာမီလန်၊ ပရီးမီးယားလိဂ် အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးမီလစ်အတွက် ယူရိုသန်း (၄၀) တန်ကြေး သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
⚽ ချဲလ်ဆီးက သူ့ကို (၂) နှစ်စာချုပ် တိုးမြှင့်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဝီလီယံက ဖွင့်ဟသွားခဲ့ပါတယ်။ “ကျွန်တော့်ရဲ့စာချုပ် ဇူလိုင်လမှာ ကုန်မှာကို အားလုံးသိပါတယ်။ ချြလ်ဆီးက (၂) နှစ်သက်တမ်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကျွန်တော်က (၃) နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ တောင်းဆိုခဲ့တယ်”လို့ ဝီလီယံက ဆိုခဲ့ပါတယ်။
⚽ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အနည်းငယ်ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူးလာကာဇက်ကို ရောင်းထုတ်ဖို့ပြင်ဆင်နေပြီလို့ The Sun ကဖော်ပြထားပါတယ်။ ဒါပေမဲ့ လာကာဇက်အတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရမှသာ ရောင်းချသွားမှာပါ။
[ZAWGYI]
⚽ အီဘရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့တုန်းက အေစီမီလန်ကို မပြောင်းရွှေ့မီ လိဒ်အသင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ လိဒ်အသင်းပိုင်ရှင်က ဖွင့်ဟသွားခဲ့ပါတယ်။
error: Content is protected !!