25-Mar-2020 ညနေခင်းသတင်းတိုများ

[UNICODE]

IMAGE: BR

⚽ ဘရာဇီးဂန္ထဝင်ကစားသမားကာဖူးက နေမာက နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံးကစားသမားဖြစ်ပြီး နည်းစနစ်ပိုင်းနဲ့ ပတ်သက်ရင် မက်ဆီထက်တောင် သာလွန်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

IMAGE: BR

⚽ ယူနိုက်တက်ကစားသမားဟောင်း နာနီက ဒီဂီယာနဲ့ ပတ်သက်ပြီး “ဒီဂီယာက အရည်အသွးမြင့်မားတဲ့ ထိပ်တန်းအဆင့်ပါ”လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားမာတာက နည်းပြဟောင်း ဗန်ဟားလ်မှာ ကြောက်စရာကောင်းသူတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

IMAGE: BR

⚽ ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်ဟာ ဂျာမနီလက်ရွေးစင်ဆာနေးကို စိတ်ဝင်စားပေမယ့် မန်စီးတီး သတ်မှတ်ထားတဲ့ တန်ကြေး ယူရိုသန်း (၁၀၀) ကို ပေးချေလိုခြင်း မရှိဘူးလို့ BILD က ဖော်ပြထားပါတယ်။

IMAGE: BR

⚽ မက်ဒီဆန်၊ ဆန်ဂျို၊ ဂရီးလစ်ရှ်တို့နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနာဂတ်ဟာ တောက်ပနေတယ်လို့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်က သုံးသပ်သွားခဲ့ပါတယ်။ “မက်ဒီဆန်၊ မစ်ဆန်မောင့်၊ ဆန်ချို၊ ဂရီးလစ်ရှ် သူတို့အားလုံးဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတွေပါ”လို့ ပေါလ်အင့်က ဆိုခဲ့တာပါ။

IMAGE: BR

⚽ ချဲလ်ဆီးဝါရင့်တိုက်စစ်ကစားသမားပတ်ဒရိုက ဘာစီလိုနာမှာ ကျန်ရှိနေတဲ့ သူ့ရဲ့ကလေးတွေကို လွမ်းဆွတ်နေကြောင်း၊ သူတို့ကို မတွေ့ရတာ ခက်ခဲကြောင်း၊ အိမ်မှာပဲနေဖို့ မှာကြားထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

IMAGE: BR

⚽ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဂျာမန်ဘွန်ဒက်လီဂါကလပ်ရှော်လ်ကေးအသင်းရဲ့ အသက် (၁၈) နှစ်အရွယ်နောက်ခံလူ Thiaw ကို အပြိုင်စိတ်ဝင်စားနေတယ်လို့ Mirror က ဖော်ပြထားပါတယ်။

⚽ အာဆင်နယ်ကစားသမားဟောင်းဟဲလ်က ကိုရိုနာဗိုင်းရပ်စ်ကို ဘီလာရုစ်နိုင်ငံမှာ တစ်ယောက်မှ ဂရုမစိုက်ကြဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ပိတ်သိမ်းစေခဲ့တယ်။ ဒါပေမဲ့ ဘီလာရုစ်မှာတော့ တစ်ယောက်မှ ဂရုမစိုက်ကြပါဘူး”လို့ ဟဲလ်က ဆိုခဲ့တာပါ။
[ZAWGYI]

IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR


IMAGE: BR

⚽ ချဲလ်ဆီးဝါရင့်တိုက်စစ်ကစားသမားပတ်ဒရိုက ဘာစီိလိုနာမှာ ကျန်ရှိနေတဲ့ သူ့ရဲ့ကလေးတွေကို လွမ်းဆွတ်နေကြောင်း၊ သူတို့ကို မတွေ့ရတာ ခက်ခဲကြောင်း၊ အိမ်မှာပဲနေဖို့ မှာကြားထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

IMAGE: BR





error: Content is protected !!